Thursday, October 11, 2012

ကချင်နှင့် ရခိုင်ပြည်နယ် နယ်စပ်ဂိတ်ပေါက်များမှ ခြောက်လအတွင်း အမေရိကန်ဒေါ်လာ ၁ ဒသမ ၆ ဘီလျံအထိ မြင့်တက်

Posted by drmyochit Thursday, October 11, 2012, under | No comments


မြန်မာနိုင်ငံ၏ နယ်စပ်ကုန်သွယ်မှုမှာ မှောင်ခိုတင်သွင်းမှုများ များပြားနေသေးခြင်း၊ ကချင်နှင့် ရခိုင်ပြည် နယ်များရှိ နယ်စပ်ဂိတ်ပေါက်များမှ ကုန်သွယ်မှုအပြည့်အ၀မပြုနိုင်သေးသည့် အခြေအနေများရှိသော် လည်းနယ်စပ်ကုန်သွယ်မှုပမာဏမှာ ခြောက်လအတွင်း အမေရိကန်ဒေါ်လာ ၁ ဒသမ ၆ ဘီလျံကျော် အထိ မြင့်တက်ခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနမှ ထုတ်ပြန်ချက်များ အရသိရ သည်။

ယခင်ဘဏ္ဍာနှစ်ကခြောက်လအတွင်း နယ်စပ်ကုန်သွယ်မှုပမာဏမှာ အမေရိကန်ဒေါ်လာ ၁ ဒသမ ၄ ဘီလျံကျော်သာရှိသော်လည်း ယခုနှစ်၌ခြောက်လအတွင်း ၁ ဒသမ ၆ ဘီလျံကျော် ပမာဏအထိ ကုန်သွယ်နိုင်၍ ယခင်နှစ်ကထက် အမေရိကန်ဒေါ်လာသန်း ၂၀၀ ကျော်ဖိုး ပိုမိုကုန်သွယ်နိုင်ကြောင်း သိရ သည်။

ယခုနှစ်တွင် ကချင်ပြည်နယ် အခြေအနေများကြောင့် ကန်ပိုက်တီးနှင့် လွယ်ဂျယ်နယ်စပ် ကုန်သွယ်ရေး စခန်းများမှ ကုန်သွယ်နိုင်မှုမှာ များစွာကျဆင်းခဲ့ကြောင်း၊ ရခိုင်ပြည်နယ်ရှိ အခြေအနေ များကြောင့် လည်း မောင်တောနှင့် စစ်တွေနယ်စပ်ကုန်သွယ်ရေးစခန်းများမှ ကုန်သွယ်နိုင်မှုမှာ ယခင်နှစ် ကခြောက်လ အတွင်း ကုန်သွယ်နိုင်မှုနှင့်နှိုင်းယှဉ်ပါက ကျဆင်းခဲ့ ရကြောင်းသိရသည်။ ၂၀၁၁-၂၀၁၂ ခုနှစ်အတွင်း ကခြောက်လအတွင်း ရခိုင်ပြည်နယ်နှင့် ကချင်ပြည်နယ်ရှိ နယ်စပ်ကုန်သွယ်ရေးစခန်းလေးခုမှ ကုန်သွယ်မှု ပမာဏမှာ အမေရိ ကန်ဒေါ်လာ ၁၁၇ သန်းကျော်အထိရှိသော်လည်း ယခုနှစ်တွင်မူ ၂၈ သန်း ကျော်သာ ရှိသေးကြောင်း ထုတ်ပြန်ထားသည်။

ယခုဘဏ္ဍာရေးနှစ်တွင် နယ်စပ်ကုန်သွယ်မှုအနေဖြင့် ကုန်သွယ်မှုအပြည့်အ၀မပြုနိုင်သည့် နယ်စပ် များနှင့် မှောင်ခိုများရှိနေဆဲဖြစ်သော်လည်း တရားဝင်ကုန်သွယ်မှုပမာဏမှာမူ ယခင်နှစ်ကထက်ပင် အမေရိကန်ဒေါ်လာ သန်း ၂၀၀ ကျော်ပမာဏအထိ ပိုမိုကုန်သွယ်နိုင်ခဲ့ကြောင်းလည်း သိရသည်။

မှောင်ခိုကုန်သွယ်မှုလျော့ကျမည်ဆိုပါက ယခုနှစ် နယ်စပ်ကုန်သွယ်မူပမာဏမှာ ယခင်နှစ်ကထက် များစွာ မြင့်တက်ပြီး အမေရိကန်ဒေါ်လာ လေးဘီလျံနီးပါး အထိပင် ပိုမိုမြင့်တက်လာနိုင်ကြောင်း သိရ သည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်