Thursday, October 11, 2012

ကမ္ဘာ့ဘဏ်နှင့် နိုင်ငံတကာဘဏ္ဍာရေးအဖွဲ့များ မြန်မာသို့ ငွေထုတ်ချေးနိုင်ရန် အမေရိကန် ပိတ်ဆို့မှုရုပ်သိမ်း

Posted by drmyochit Thursday, October 11, 2012, under | No comments




ဝါရှင်တန်၊အောက်တိုဘာ-၁၁

အမေရိကန် သမ္မတ အိုဘားမားသည် ကမ္ဘာ့ဘဏ် ကဲ့သို့ နိုင်ငံတကာ ဘဏ္ဍာရေး အဖွဲ့အစည်း များအား မြန်မာသို့ ငွေ ထုတ်ချေး မှုကို အမေရိကန်က ပိတ်ဆို့ အရေးယူ ထားမှုအား ရုပ်သိမ်း လိုက်ကြောင်း သိရ သည်။

အမေရိကန် အစိုးရသည် ယခုအခါ စစ်အုပ်ချုပ်ရေး လက်အောက်၌ ဆယ်စုနှစ် များစွာ ရှိခဲ့သော မြန်မာ အပေါ် ဒဏ်ခတ် ပိတ်ဆို့ အရေးယူ ထားမှုများ အားလုံးကို ထင်ထင် ရှားရှားပင် ရုပ်သိမ်းပြီး သလောက် ဖြစ်နေပြီ ဖြစ်သည်။ ပြီးခဲ့သည့် လကုန်ပိုင်း ကလည်း အမေရိကန် ကွန်ဂရက်သည် အာရှ ဖွံ့ဖြိုးရေးဘဏ်၊ ကမ္ဘာ့ဘဏ်နှင့် နိုင်ငံတကာ ငွေကြေး ရန်ပုံငွေ အဖွဲ့ အပါအ၀င် ကမ္ဘာ့ ဘဏ္ဍာရေး အဖွဲ့ အစည်း များအား မြန်မာသို့ ငွေထုတ် ချေးပိုင်ခွင့် ပိတ်ပင် ထားခြင်းကို သမ္မတ အိုဘားမားမှ အဆုံးသတ် စေနိုင်မည့် ဥပဒေကြမ်း တစ်ရပ်ကို အတည်ပြု ခဲ့ပြီး ဖြစ်သည်။


ကမ္ဘာ့ ဘဏ်သည် ယခုအခါ အာရှ ဖွံ့ဖြိုးရေး ဘဏ်နှင့် တွဲ၍ မြန်မာ အပေါ် တင်ရှိနေသော ကြွေးကျန် ဒေါ်လာ သန်း ၉၀၀ ခန့်ကို ဖယ်ရှားရန် ပူးတွဲ လုပ်ဆောင် နေပြီး ကြွေးမြီ လျှော်ပစ်ခြင်း ကိစ္စ အပြီးသတ် ပါက ယခု အမေရိကန်၏ ဘဏ္ဍာရေး ဖြေလျော့မှု နှင့်အတူ ၂၀၁၃ နှစ်ဆန်း ပိုင်းတွင် မြန်မာသို့ ချေးငွေများ ပြန်ထုတ် ပေးနိုင်ရန် ပြင်ဆင် နေကြောင်း ပြောကြား ထားသည်။

မြန်မာသို့ အာရှ ဖွံ့ဖြိုးရေး ဘဏ်နှင့် ကမ္ဘာ့ဘဏ် တို့၏ နောက်ဆုံး ထုတ်ချေး ခဲ့သော ကြွေးမြီ များမှာ ၁၉၈၀ နှောင်းပိုင်း ကာလများက ဖြစ်သည်။

ကိုးကား-AP

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်