ကွန်မြူနစ် ခေါင်းဆောင် ဗိုလ်မှူးချုပ်ဟောင်း ဦးကျော်ဇော အသက် ၉၃နှစ် သည် ယနေ့နံနက် ၃နာရီ ၃၀ မိနစ်ခန့်တွင် တရုတ်ယူနန်ပြည်နယ် ၊ ကူမင်းဆေးရုံ၌ ကွယ်လွန်သွားခဲ့ကြောင်းသိရသည်။
ဦးကျော်ဇော သည် ၁၉၇၆ခုနှစ် ဇူလိုင်လ ၁၈ ရက်နေ့တွင် ရန်ကုန်မြို့မှ တရုတ်နိုင်ငံသို့ လျို့ဝှက် ထွက် ခွာသွားပြီး ၁၉၇၆ ခုနှစ် သြဂုတ်လ ၁၀ ရက်တွင် ဗမာပြည် ကွန်မြူနစ် ပါတီနှင့် ပူးပေါင်းခဲ့ပါသည်။ ၁၉၇၆ ခုနှစ်တွင် ဗမာပြည်ကွန်မြူနစ်ပါတီ ဗဟိုဌာနချုပ်၌ စစ်အကြံပေးနှင့် စစ်ကော်မရှင် အဖွဲ့ဝင်အဖြစ် တာဝန် ယူခဲ့ပြီးဗမာပြည် ကွန်မြူနစစ်ပါတီ ဗဟိုစစ်ဦးစီးဌာန ဗဟိုစစ်ကော်မရှင်တွင် ဥက္ကဋ္ဌ တာဝန်ကို ထမ်းဆောင် ခဲ့သည်။
Time in Rangoon


0 comments:
Post a Comment