Thursday, October 11, 2012

နယူးယောက်ခ် ဆိပ်ကမ်းရှိ သင်္ဘောများ ထွက်ခွာမှုကို အင်္ဂလိပ် ရေလက်ကြားမှ ထောက်လှမ်းနိုင် သည့် ရေငုပ် သင်္ဘောကြီး

Posted by drmyochit Thursday, October 11, 2012, under | No comments



BAE ကုမ္ပဏီက ဗြိတိန် တော်ဝင် ရေတပ်အတွက် တည်ဆောက်ခဲ့သည့်HMS Ambush နျူကလီးယား စွမ်း အင်သုံး ရေငုပ်သင်္ဘော တစ်စင်းကို စက်တင်ဘာ ၁၄ ရက်က ရေချခဲ့ကြောင်း သိရသည်။ ယင်းရေငုပ် သင်္ဘောသည် အဆင့်မြင့် နည်းပညာသုံး ရေငုပ်သင်္ဘော တစ်စင်း ဖြစ်ပြီး စတာလင်ပေါင် ၁ ဘီလီယံနီးပါး တန်ဖိုး ရှိကြောင်း သိရသည်။ ယင်းရေငုပ် သင်္ဘောတွင် မိုင်၁၂ဝဝ အထိ ပစ်ခတ်နိုင်သည့် Tomahawk
ခရုဇ် ဒုံးကျည် ၃၈ စင်းသယ်ဆောင် နိုင်ကြောင်း သိရသည်။ ထို့အပြင် ယင်းရေငုပ် သင်္ဘောတွင် Laptop ကွန်ပျူတာ အလုံး ၂ဝဝဝ စွမ်းအား ထည့်သွင်းထားသည့် ဆိုနာစနစ် ပါရှိသည့် အတွက် မိုင် ၃ဝဝဝအကွာမှ သင်္ဘောတစ်စင်း၏အသံကို ကြားနိုင်ကြောင်း သိရသည်။ထို့ကြောင့် ၄င်းရေငုပ် သင်္ဘောသည် အင်္ဂ လိပ် ရေလက်ကြား မှ နေ၍ နယူးယောက်ခ် ဆိပ်ကမ်းရှိ သင်္ဘောများ ထွက်ခွာမှု အသံကို ထောက် လှမ်းနိုင်မည် ဖြစ်ကြောင်း သိရသည်။ အဆိုပါ ရေငုပ် သင်္ဘောတွင် တပ်ဆင်ထားသည့် နျူကလီးယား စွမ်းအင်ဖြင့် နှစ်ပေါင်း ၂၅ နှစ်ကြာ မရပ်မနား ခရီးသွား နိုင်ကြောင်း သိရသည်။ တစ်နာရီလျှင် ရေမိုင် ၂ဝ ကျော်နှုန်းဖြင့် မောင်းနှင်နိုင်ပြီး တစ်နေ့လျှင် ခရီးမိုင် ၅ဝဝ ခန့် သွားလာနိုင်ကြောင်း သိရသည်။ ထို့အပြင် ကမ္ဘာကြီး၏ မည်သည့် နေရာကိုမဆို နှစ်ပတ်အတွင်း သွားရောက် တပ်ဖြန့် နိုင်ကြောင်း သိရ သည်။ ၄င်းရေငုပ် သင်္ဘောတွင် တပ်ဖွဲ့ဝင် ၁ဝ၃ ဦး လိုက်ပါနိုင်ပြီး သွားလာရာတွင် ဆူညံမှု နည်းသည့် အတွက် ရန်သူ့ကမ်းခြေ တစ်လျှောက်တွင် အထူး တပ်ဖွဲ့များကို သွားရောက်ချ ပေးနိုင်ကြောင်း သိရသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်