Thursday, October 11, 2012

အမေရိကန်၊ ဂျပန်နှင့် တရုတ် ငွေထုတ်ကတ်လေးမျိုး ပြည်တွင်း၌ သုံးခွင့်ရပြီ

Posted by drmyochit Thursday, October 11, 2012, under | No comments




နိုင်ငံ တကာသုံး ငွေထုတ် ကတ်လေး မျိုးကို ပြည်တွင်း၌ စတင်အသုံးပြုရန် မြန်မာနိုင်ငံတော် ဗဟိုဘဏ် က အောက်တို ဘာလ ၃ ရက်နေ့၌ ခွင့်ပြု လိုက် ပြီဖြစ်ကြောင်း ပုဂ္ဂလိက ဘဏ်တစ် ခုမှ စုံစမ်း သိရှိရ သည်။ ပြည်တွင်း ၌ သုံးစွဲခွင့်ရသည့် နိုင်ငံတကာ သုံး ငွေထုတ်ကတ် ၄ မျိုးမှာ အမေရိကန်နိုင်ငံထုတ် VISA နှင့် MASTER Card၊ ဂျပန်နိုင်ငံထုတ် JCB Card နှင့် တရုတ်နိုင်ငံထုတ် CUP Card တို့ ဖြစ် သည်။ ငွေပေးချေမှု အဆင့်မြှင့်တင်ရေး အတွက် International Card များဖြစ်သည့် VISA၊ Master၊ CUP နှင့် JCB ကတ်များအား ပြည်တွင်း၌ သုံးစွဲခွင့်ပြုရေးအတွက် MPU အဖွဲ့ဝင် ဘဏ်များနှင့် မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း၊ ပြည်တွင်းအခွန်များ ဦးစီးဌာနနှင့် MIT တို့မှ မြန်မာနိုင်ငံဘဏ်များ အသင်း၌ အစည်းအဝေး ပြုလုပ်ခဲ့ပြီး သဘောတူညီချက်များကို သက်ဆိုင်ရာသို့ တင်ပြထားခဲ့ရာ ဗဟိုဘဏ်မှ အချက် ၄ ချက်ဖြင့် ခွင့်ပြုလိုက်ခြင်းဖြစ်ကြောင်း သိရသည်။ ခွင့်ပြုချက်များအရ နိုင်ငံတကာ ကတ်ဝန်ဆောင်မှုကို မြန်မာနိုင်ငံမှ လက်ခံရယူပြီး ပထမအဆင့် သုံးစွဲမည်ဖြစ်၍ ဘဏ်တစ်ခုချင်းစီနှင့် ATM စက်များတွင် စတင်သုံးစွဲနိုင်ရန် ဆောင်ရွက်ရေး အဆိုပါ ATM စက်များနှင့် ချိတ်ဆက်ရာတွင် လိုအပ် သည့် နည်းပညာနှင့် ဆက်သွယ်ရေးဆိုင်ရာ ကိစ္စရပ်များအတွက် MIT၊ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း တို့နှင့် ညှိနှိုင်းဆောင်ရွက်ရေး၊ ဟိုတယ်များ၊ စားသောက်ဆိုင်များတွင် အဆိုပါ ကတ်များအား POS Terminal ထားရှိ၍ လက်ခံသုံးစွဲရန် အတွက် MPU POS အပြင် MPU, POS နှင့် ကွဲပြားသည့် International POS Terminal ကို ထပ်မံချထား၍ ၎င်းကတ်များအားလုံး စုပေါင်းသုံးစွဲနိုင်သည့် ပုံ စံဖြင့် ဆောင်ရွက်ရန် လိုအပ်သည့် နည်းပညာပိုင်းကို MIT နှင့် ညှိနှိုင်းရန်နှင့် ဆက်သွယ်ရေး လိုင်းများ အတွက် မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းနှင့် ညှိနှိုင်းဆောင်ရွက် သွားရေးအပြင် အဖွဲ့ဝင် ဘဏ်များမှ ၎င်းကတ်များ၏ Acquiring များ ဆောင်ရွက်ရန် အတွက် Settlement ဆိုင်ရာ ကိစ္စရပ် များ ကို မြန်မာနိုင်ငံတော် ဗဟိုဘဏ်သို့ ရှင်းလင်းစွာ ဖော်ပြပေးရန်တို့ကို ဗဟိုဘဏ်က ပုဂ္ဂလိက ဘဏ် များ သို့ ညွှန်ကြားထားကြောင်း သိရသည်။ ထိုသို့ ဆောင်ရွက်ရာတွင် International Gateway အတွက် သီး သန့် Switch ကို MPU တွင် ထားရှိပြီး နိုင်ငံတကာကတ်များ သုံးစွဲမှုကို ဗဟိုဘဏ်မှ ကြီးကြပ် ဆောင်ရွက် သွားမည်ဖြစ်သည်။ ယခုသုံးစွဲခွင့်ပြုသည့် နိုင်ငံတကာသုံး ငွေထုတ်ကတ် ၄ မျိုးကို လာမည့် ဆီးဂိမ်းအမီ အသုံးပြုနိုင်ရေး အတွက်ကိုလည်း ပုဂ္ဂလိက ဘဏ်များက စီစဉ်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ဘဏ် အသိုင်းအဝိုင်း အတွင်းမှ စုံစမ်းသိရှိရသည်။ လက်ရှိတွင် ပြည်တွင်း၌ ပုဂ္ဂလိက ဘဏ် ၁၉ ဘဏ်ရှိပြီး ယင်း ထဲမှ ဘဏ် ၁၇ ဘဏ်သာ ATM အဖွဲ့ဝင်အဖြစ် ပါဝင်ဆောင်ရွက်နေသေးကြောင်း သိရှိရသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်