Thursday, October 11, 2012

ရွှေဘိုမြို့နယ် အုန်းပေါက်ကျေးရွာအနီးတွင် အမျိုးသမီးအလောင်း တွေ့ရှိ

Posted by drmyochit Thursday, October 11, 2012, under | No comments

ရွှေဘိုမြို့နယ် အုန်းပေါက် ကျေးရွာ အနီးတွင် အောက်တို ဘာလ ၇ ရက်နေ့ နံနက် ၈ နာရီ ၀န်းကျင် အချိန် ခန့် တွင် အမျိုး သမီး အလောင်း တစ်လောင်းကို တွေ့ရှိ ခဲ့ရကြောင်း သတင်း ရရှိသည်။



ရွှေဘိုမြို့ အဝေးပြေး ကားဂိတ် သို့ မောင်းနှင်နေသည့် ကားတစ်စီးကို တွေ့ရစဉ်။( ဓာတ်ပုံ - စည်သူလွင်)



အုန်းပေါက်ကျေးရွာ အရှေ့ဘက် လယ်ကွင်း များရှိရာ ရွှေဘို၊ ကျောက်မြောင်း ကားလမ်းမ၏ ဘေး ဘက် ရှိ စေတီ တစ်ခု အနီးရှိ ချုံတစ် ခုတွင် အလောင်း အားတွေ့ရှိခဲ့ ရခြင်းဖြစ်ကာ ရွှေဘိုဆေးရုံ သို့ပို့ဆောင် စစ်ဆေး မှုများ ပြုလုပ် နေကြောင်း သိရသည်။


''နံနက်ပိုင်း ခရီးသွား တစ်ယောက်က အပေါ့ သွားရင်းနဲ့ ချုံထဲမှာ အလောင်း ကိုတွေ့ လို့ကျေးရွာ အုပ်ချုပ်ရေး မှူးကို အကြောင်းကြားတာ အဲဒီကမှ သက်ဆိုင်ရာသို့ အဆင့်ဆင့်သတင်းပို့ ဆောင်ရွက်ရတာပါ။ အလောင်း က ပြင်ပ ဒဏ်ရာ တစ်စုံတစ်ရာမတွေ့ရဘူး၊၊ အမျိုးသမီးဆို တာပဲသိရတယ်။ အနီးတစ်ဝိုက်ရွာတွေ မှာ လည်း လူပျောက် တာမျိုး ပြောသံမကြားပါဘူး''ဟု ကျောက်မြောင်းရဲစခန်းမှ တာဝန်ရှိသူ တစ်ဦး က ပြော ကြားသည်။


အလောင်းအား ရွှေဘိုပြည်သူ့ ဆးရုံသို့ အောက်တိုဘာလ ၇ ရက် နံနက်၁၁နာရီဝန်းကျင်တွင် ပို့ဆောင် ခဲ့ ပြီး ပြင်ပဒဏ်ရာ တစ်စုံတစ်ရာ မတွေ့ရှိရဘဲ လွန်ခဲ့သည့်ရက် အနည်းငယ် က သေဆုံးနေခြင်းဖြစ်နိုင် 
ကြောင်းနှင့် စစ်ဆေး ဆောင်ရွက်ဆဲဖြစ်ကြောင်း သတင်းရရှိပါသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်