Thursday, October 11, 2012

(အရေးကြီးသတင်းပေးချက်) ၂၀၁၂ ခုနှစ်အတွင်း ဘင်္ဂလားပင်လယ်အော်မှာ ပထမဆုံး မုန်တိုင်း စဖြစ်တော့မည် ဟုသိရ"

Posted by drmyochit Thursday, October 11, 2012, under | No comments




ဓာတ်ပုံ- ထိုင်းမိုးလေ၀သဌာန

ဘင်္ဂလား ပင်လယ်အော်တွင် ယခုနှစ် ပထမဆုံးဖြစ်ပေါ်နေသော မုန်တိုင်းငယ်သည် အစောဆုံး အနေဖြင့် အောက်တိုဘာလ ၁၀ ရက် ညပိုင်းနှင့် အနောက်ကျဆုံး အောက်တိုဘာလ ၁၁ ရက် နံနက် တို့တွင် ရခိုင် ပြည်နယ် မြောက်ပိုင်းနှင့် ဘင်္ဂလားဒေ့ရှ်နယ်စပ်အနီး ဖြတ်ကျော်နိုင်ကြောင်း မိုးလေ၀သ ပညာရှင် ဒေါက်တာ ထွန်းလွင်က ခန့်မှန်းပြောကြားလိုက်သည်။


"မုန်တိုင်းငယ် ကမ်းခြေကို ဖြတ်ကျော်လာစဉ်အတွင်း လေတိုက်ခတ်မှုဟာ တစ်နာရီ မိုင် ၄၀ မှ ၅၀ အထိ သာ တိုက်ခတ်နိုင်တဲ့အတွက် မုန်တိုင်းဒီရေတက်ခြင်း မရှိပေမယ့်လည်း ပင်လယ်ပြင်တွင်မူ မကြာခဏ မိုးသက် လေပြင်းများ ကျရောက်နိုင်ပြီး ရေပြင်မြေပြင် လေဟာ တစ်နာရီ ၄၅ မိုင်အထိ တိုက်ခတ်နိုင်ပါက လှိုင်းကြီး နိုင်ပြီး လှိုင်းအမြင့် ရှစ်ပေမှ ဆယ်ပေခန့်အထိ ရှိနိုင်တယ်" ဟု ဦးထွန်းလွင်က ခန့်မှန်းသည်။

"ရေကြီးနိုင်တဲ့ အခြေအနေကတော့ ရခိုင်မြောက်ရယ် ချင်းမြောက်တို့ မကွေးတို့ သတိထားရမယ်။ အနား ရောက်မှ ဘာဖြစ် သွားမလဲမသိဘူး" ဟု ဦးထွန်းလွင်က ဆက်လက်ပြောသည်။

ပြီးခဲ့သည့်နှစ် အောက်တိုဘာလကလည်း ရခိုင်ပြည်နယ်မြောက်ပိုင်းနှင့် မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ် စပ်အနီး မှ မုန်တိုင်း ဖြတ်ကျော်ခဲ့ပြီး ကုန်းတွင်းဖြတ်ကျော်နေစဉ်အတွင်း မုန်တိုင်းအတွင်းရှိ ဆဲလ်တစ်ခုကွဲကာ တိမ် တိုက် ကြီး အောက်ဖက်ဆင်း လာခဲ့သဖြင့် မြန်မာနိုင်ငံ၏ မိုးနည်းဒေသဖြစ်သော ပခုက္ကူနှင့်ဆိပ်ဖြူ စသော ဒေသတို့ တွင် လျှပ်တစ်ပြက် ရေကြီးခဲ့သဖြင့် ဒေသခံများ သေဆုံးခဲ့သည်။


0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်