Thursday, October 11, 2012

Miss International 2012 ပြိုင်ပွဲဝင် နန်းခင်ဇေယျာ လူမှုကွန်ရက်တွင် အားပေးမှု အထူး ရရှိ နေ

Posted by drmyochit Thursday, October 11, 2012, under | 1 comment




အိုကီနာဝါ အောက်တိုဘာ ၁၀ ရက်
ဂျပန်နိုင်ငံ အိုကီ နာဝါတွင် ကျင်းပ နေသော Miss International 2012 ပြိုင်ပွဲ ဝင်နေသူ နန်းခင်ဇေယျာ မှာလူ မှု ကွန်ရက်မှ အားပေးမှု အထူးရရှိ နေသည်။
နိုင်ငံပေါင်း ၆၉ နိုင်ငံမှ အလှမယ် ၆၉ဦး ဝင်ရောက် ယှဉ်ပြိုင်လျက် ရှိရာ အောက်တိုဘာ ၂၁ ရက်တွင် နောက်ဆုံး အဆင့် ရွေးချယ် မည် ဖြစ်သည်။ ယင်းပြိုင်ပွဲတွင် ရုပ်ရည် ချောမော မှုသာ မက ဗဟုသုတ အရည် အချင်းပါ ပြည့်ဝ ရမည့်အပြင် ပရိသတ် များ၏ မဲပေးရွေး ချယ်မှုလည်း အရေးပါ သဖြင့် Miss International 2012 ပြိုင်ပွဲ၏ တရားဝင်ဆု တစ်ဆုဖြစ်သောMiss Internet ဆုအတွက် နန်းခင် ဇေယျာ အား အွန်လိုင်းမှ မဲပေး ရွေးချယ် ခြင်းကို www. flicker.com/photos/64086169@ n03/sets/ 72157631640709082 တွင် မဲပေး ရွေးချယ် နိုင်ကြောင်း နန်းခင် ဇေယျာက သူမ၏ ဖေ့စ်ဘွတ် စာ မျက်နှာမှ တစ်ဆင့် ပြောကြားထားသည်။

အဆိုပါ ပြိုင်ပွဲ စည်းမျဉ်းအရ အမှတ်ပေး ရွေးချယ်ရာတွင် ရေကူးဝတ်စုံ ဝတ်ဆင် ယှဉ်ပြိုင်မှု အတွက် ၄၅ မှတ်၊ ညနေခင်း ဝတ်စုံဝတ်ဆင် ယှဉ်ပြိုင်မှု အတွက် ၄၅မှတ်နှင့်  နောက်ဆုံး အဆင့် ယှဉ်ပြိုင် ရာတွင် ပြုလုပ်သည့် အမေးအဖြေ ကဏ္ဍ အတွက် ၁ဝ မှတ် သတ်မှတ် ထား ကြောင်း သိရသည်။
Miss International 2012 ပြိုင်ပွဲ အတွက် အလွတ်သဘော အနေဖြင့် အင်တာနက်မှ တစ်ဆင့် မဲပေး ရွေးချယ်သည့် အစီအစဉ်ကို ဖိလစ်ပိုင် နိုင်ငံ အခြေစိုက် ဝက်ဘ်ဆိုက် www.pageantology.net မှ ဆန္ဒမဲ အရ မြန်မာ နိုင်ငံမှ နန်းခင် ဇေယျာက အောက်တိုဘာ ၆ ရက် ကနဦး ရလဒ်တွင် မဲ ၈ဝဝဝ ကျော်ဖြင့် အများဆုံး ရရှိထားသည်။ ဂွါတီ မာလာမှ အလှ မယ်က မဲ ၁ဝဝဝ ကျော်ဖြင့် ဒုတိယ လိုက်နေ သည်။
သို့သော် အဆိုပါ မဲအရေ အတွက်မှာ Miss International 2012 ပြိုင်ပွဲ မှ ပေးအပ်မည့် ဆုများအတွက် အကျုံး မဝင်ကြောင်း သိရသည်။ Miss International 2012 ပြိုင်ပွဲ၌ တရားဝင်ပေး အပ်မည့် Miss Internet ဆုအတွက် အင်တာနက်မှ ဆန္ဒ မဲပေးခြင်း ကို အောက်တိုဘာ ၈ ရက်မှ အောက်တိုဘာ ၁၉ ရက် အတွင်း ပေးရမည် ဖြစ်ကြောင်း သိရသည်။
Miss Internet ဆုအတွက် ဆန္ဒမဲ ပေးမှုကို Miss International ဝက်ဘ် ဆိုက် www.miss international. Org ၏ Flicker စာမျက်နှာမှ တစ်ဆင့် မဲပေးနိုင် ကြောင်းလည်း သိရသည်။
ယမန်နှစ်ကပြုလုပ်ခဲ့သော Miss International ပြိုင်ပွဲတွင် အီကွေဒေါ အလှမယ် Maria Fernanda Cornejo က ဆုရ ရှိခဲ့ပြီး ပြိုင်ပွဲ တစ်လျှောက် ဗင်နီဇွဲလား နိုင်ငံမှ ဆုအများဆုံး ရရှိ ထားကြောင်း သိရသည်။ Miss International ဆုရရှိ သူမှာ ငြိမ်းချမ်းရေး သံတမန် အနေဖြင့် ဆောင်ရွက်ခွင့် ရရှိမည် ဖြစ်သည်။
နန်းခင် ဇေယျာမှာ မြန်မာနိုင်ငံ ကိုယ်စားပြုပြီး နှစ်ပေါင်း ၅ဝ ကျော်ကြာ ပထမဆုံး အကြိမ် ပြန်လည် ဝင်ရောက် ယှဉ်ပြိုင်ခြင်း ဖြစ်၍ လူမှုကွန်ရက် ဝက်ဘ် ဆိုက်များနှင့် အင်တာနက် စာမျက်နှာ များကြောင့် ရက်ပိုင်း အတွင်း နာမည်ကျော် သွားခြင်း ဖြစ်ကြောင်း သိရ သည်။  ။

From: မြ၀တီ

1 comments:

http://go-there-myanmar.com/download/GOthere-Myanmar-

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်