Thursday, October 11, 2012

အစိုးရသတင်းစာ အလွတ်သတင်းထောက် စတင်ခေါ်ယူ

Posted by drmyochit Thursday, October 11, 2012, under | No comments







သတင်းတွေ ခုထက် ပိုပြီး စုံစုံလင်လင် ဖော်ပြနိုင်ဖို့ဆိုပြီး နိုင်ငံပိုင် မြန်မာ့ အလင်း သတင်းစာဟာ ပထမဦး ဆုံးအကြိမ် အဖြစ် အလွတ် သတင်း ထောက်တွေ ခေါ်ယူနေကြောင်း ဒီနေ့ ထုတ် သတင်းစာတွေမှာ ဖော်ပြ ထားပါတယ်။



အလွတ်သတင်းထောက် လျှောက်လိုသူတွေဟာ ကိုယ့်ရဲ့ ကိုယ်ရေးအချက်အလက်၊ လိပ်စာ၊ သတင်းလုပ် ငန်း အေတွ့ အကြုံ့ နဲ့ အတူ နေပြည်တော်နဲ့ ရန်ကုန် သတင်းစာတိုက်တွေ ကို ပေးပို့ လျှောက် ထားနိုင်ကြောင်း ဖော်ပြထားပါတယ်။

ပေးပို့ တဲ့ သတင်းတွေအနက် သတင်း ၅ ပုဒ် ဖော်ပြခံရပြီးရင် အလွတ်သတင်းထောက်အဖြစ် အသိ အမှတ် ပြုခန့်ထားမှာ ဖြစ်ကြောင်းလည်း ဖော်ပြထားပါတယ်။

လတ်တလော ပြည်တွင်းထုတ် ပုဂ္ဂလိက ဂျာနယ်အများစုဟာ သတင်းစာ ထုတ်ဝေဖို့  ရည်ရွယ်ချက်နဲ့ သတင်း ထောက်နဲ့  အယ်ဒီတာ အများအပြား ခေါ်ယူနေကြရာမှာ အစိုးရသတင်းစာကလည်း အလွတ်သတင်းထောက် ခေါ်ယူ လာတာ ဖြစ်ပါတယ်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်