Thursday, October 11, 2012

မြန်မာ့သီးနှံပြပွဲ စင်ကာပူတွင် ကျင်းပမည်

Posted by drmyochit Thursday, October 11, 2012, under | No comments



From : ခေတ်လူငယ်

မြန်မာ့သီးနှံထွက်ကုန် ပြပွဲကို စင်ကာပူနိုင်ငံတွင် နိုဝင်ဘာ ၁၇ ရက်နေ့မှ ၁၈ ရက်နေ့အထိ ကျင်းပသွား မည် ဖြစ်ပြီး အဆိုပါ ပြပွဲတွင် မြန်မာနိုင်ငံထွက် သစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက် များအား ပြသ သွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံ စိုက်ပျိုး ထုတ်လုပ် ရောင်းချသူများ အသင်းမှ တာဝန်ရှိသူက ပြောသည်။ “ဒီပွဲကို တောင်သူတွေအနေနဲ့ သူတို့ စိုက်ပျိုးတဲ့ သီးနှံတွေ ကို ပြည် ပဈေးကွက်ဝင်ပြီး ဈေးကောင်းလည်းရအောင် ရည်ရွယ်ပြီးလုပ်ဖို့ စီစဉ်ခဲ့တာပါ။ ပြပွဲမှာ လတ်ဆတ်တဲ့ ထွက်ကုန်တွေကိုပဲ ဦးစားပေးပြီးပြသဖို့ စီစဉ်ထားပါတယ်။ ဒါပေမယ့် တောင်သူတွေဘက်က တန်ဖိုးမြှင့် ထွက်ကုန် အနေနဲ့ ပြချင်တယ် ဆိုရင်လည်း စီစဉ်ပေးသွားပါမယ်” ဟု ဒေါ်လဲ့လဲဦးက ပြောသည်။ အဆိုပါ ပြပွဲကို ပြည်ပသို့ သီးနှံများ တင်ပို့ရောင်းချလျက်ရှိသော မာလာမြိုင်ကုမ္ပဏီမှ ဦးဆောင်ကျင်း ပမည်ဖြစ်ပြီး ဝင်ရောက်ပြသလိုသော တောင်သူများအနေဖြင့် ကုမ္ပဏီသို့ ဆက်သွယ်စုံစမ်းနိုင်ကြောင်း ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ “အခုထိတော့ ဆက်သွယ်လာတဲ့ တောင်သူတွေ မရှိသေးဘူး။ တကယ်လို့ သူတို့က ဝင်ရောက်ပြသချင်တယ် ဆိုရင်လည်း ဘယ်သီးနှံမဆို ပြနိုင်ပါတယ်။ နောက်ပြီး တစ်ခါ တည်း သူတို့ရဲ့ တင်ပို့ရောင်းချမယ့် သီးနှံရဲ့ ဈေးနှုန်းကိုလည်း မြန်မာငွေနဲ့ ဘယ်လောက် အနေ အထား ထိ လိုချင်တယ် ဆိုတာလည်း တစ်ခါတည်း ပြောခဲ့ရပါမယ်” ဟု ၎င်းက ပြောကြားခဲ့ကြောင်း ၂၀၁၂ ခုနှစ် အောက်တိုဘာ ၅ ရက်နေ့ထုတ် မြန်မာတိုင်း(မ်) ဂျာနယ်တွင် ဖော်ပြထားပါသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်