Thursday, October 11, 2012

ကချင်ပြည်နယ်၌ ရွှေလုပ်ငန်းရှင်များ အကြွေးတင်၊ ကျောက်လုပ်ငန်းရှင်များ လိုင်စင်မရ ဖြစ်နေ

Posted by drmyochit Thursday, October 11, 2012, under | No comments


ကချင်ပြည်နယ်တွင်း စစ်ပွဲများကြောင့် စီးပွားရေး လုပ်ငန်းရှင်ကြီး များမှာ လုပ်ငန်းရပ် ဆိုင်းခံရ သဖြင့် စီးပွားရေး ထိခိုက်မှုများစွာရှိနေကာ အစိုးရထံ အခွန်အကြွေးများတင်ရှိနေကြောင်း သိရ သည်။


ပြီးခဲ့သည့် နှစ်မှ စတင်ဖြစ်ပွားခဲ့သည့် မြန်မာနိုင်ငံမြောက်ပိုင်း ပြည်တွင်းစစ်အရှိန်ကြောင့် ရွှေလုပ်ငန်း လုပ် ကွက်များနှင့် ရပ်နားထားရသည်မှာ ၂ နှစ် နီးပါးရှိလာပြီဖြစ်ကာ စီးပွားရေး လုပ်ငန်းရှင်များ ထိခိုက် နစ်နာ မှုများ စွာရှိနေခြင်းဖြစ်သည်။ ကချင်ပြည်နယ်၏ ရွှေလုပ်ငန်းလုပ်ကွက်များကို ၀ိုင်းမော်မြို့နယ် - နာမ်ဆမ် ယာန်၊ ချီဖွေ ကားလမ်းမှ တစ်လျှောက်၊ ၅၉ မိုင် မှ မေခမြစ်ကမ်း နှစ်ဘက် တစ်လျှောက်၊ မချမ်းဘော့မ် မြို့ နယ်၊ ဗန်မော်မြို့နယ်ရွှေဂူမြို့၊မိုးညှင်းမြို့နယ်- အင်းတော်ကြီးကျေးရွာ များနှင့် ရွှေလုပ်ကွက် အများဆုံး တည်ရှိ သည့် တနိုင်း မြို့နယ်များတွင် စက်ယန္တယားများဖြင့်ရွှေတူးဖော်ကြခြင်း ဖြစ်သည်။


`ရွှေ လုပ်ကွက် မလုပ်နိုင်တာ (၂) နှစ် နီးပါးရှိနေပြီ။ စစ်ဖြစ်လာလို့ပေါ့။ ဒီဇယ်နဲ့ ဆန်က သယ်လို့ မရတော့ ဘူး။ စစ်ဖြစ်လာတော့ ဘာမှ လုပ်လို့မရတော့ဘူး။ ကြာလာတော့ စာချုပ်ချုပ်ထားတယ်ဆိုတော့ အခွန်က တက်လာတယ်။´ ဟု မချမ်းဘော့မ်မြို့နယ်ရှိ ရွှေတူးဖော်သည့် အမေ့ကျေးဇူး ကုမ္ပဏီလုပ်ငန်းရှင် ဦးလအောင်က ပြောသည်။

အစိုးရမှ တရားဝင် ရွှေလုပ်ကွက် ရရှိထားသည့် လုပ်ငန်းရှင်များသည် လုပ်ကွက်တစ်ခုအတွက် တစ်နှစ် လျှင်အခွန် ရွှေစင် ၂၄ ကျပ်သား ကို သတ္တုတွင်းဝန်ကြီးဌာနသို့ အခွန် ပေးဆောင် ရခြင်း ဖြစ်သည်။ လုပ်ကွက် တစ်ခုတွင် ဧက (၂၀) ရှိသည်။

လက်တလောတွင် ကချင်ပြည်နယ်ရှိ ရွှေလုပ်ကွက် အများစု ရပ်စဲထားရပြီး ကချင်လွတ်မြောက် ရေးအဖွဲ့ (ကေအိုင်အို) လက်အောက်ရှိ ရွှေလုပ်ကွက်အချို့သာ လုပ်ငန်းလည်ပတ်နိုင်သည်။

"ကုန်ကျစရိတ်က များနေတယ်။ စစ်ဖြစ်လာလို့ အစိုးရကို အကြွေးတောင် တင်နေတယ်။ ဘာမှ မ လုပ်နိုင်သေးဘူး။ စစ်ဖြစ်တော့ လုပ်ငန်းမစနိုင်ဘူးဖြစ်လို့ အစိုးရ ကြေငြာတဲ့ အကြွေး စာရင်းမှာ တောင် ပါလာတယ်။" ဟုရွှေလုပ်ငန်းရှင်များအသင်း ဒါရိုက်တာ ဒေါ်ဂျာဆိုင်းခေါန်က ပြောသည်။

ဒေါ်ဂျာဆိုင်းခေါန်ပိုင် ကုမ္ပဏီမှလည်း လုပ်ကွက် (၂)ခုကို အစိုးရထံအပ်နှံပြီး လုပ်ကွက် (၁) ခုကို လုပ်ငန်း မစနိုင် ဘဲ ရပ်နားထားရခြင်းဖြစ်သည်။

အောက်တိုဘာလ လလယ်ကျင်းပမည့် သတ္တုကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး အငြိမ်းစားတွေ့ဆုံရေး တွင် လည်း ရွှေလုပ်ငန်းများနှင့် ပတ်သက်ပြီး ဒါရိုက်တာ ဒေါ်ဂျာဆိုင်းခေါန်မှ ယခုကဲ့ဆိုသည်။

အကယ်၍ သွားတက်မယ်ဆိုရင် သဘာဝရင်းမြစ်နဲ့ ပတ်သက်ပြီး အကန့်အသတ်နဲ့ ထုတ်ယူ ဖို့ ပြော ချင် တယ်။ လက်ဝါးကြီး အုပ်ပြီးတော့ လုပ်ချင်တာ မလုပ်ဖို့။ ခုထုတ်ပဲ ထုတ်ယူနေရင် နောင်လာမယ့် လူအ တွက် လည်း ဘာမှကျန်မှာမဟုတ်ဘူး။ ´ ဟု သူမ ဆွေးနွေး တင်ပြမည့် အချက်များကိုပြောသည်။

ထို့အပြင် ကျောက်မြတ်ရတနာကုန်သည်များအသင်း (မြစ်ကြီးနား) မှလည်း မြန်မာနိုင်ငံ ကျောက်မျက် ရတနာလုပ်ငန်းရှင်များအသင်းချုပ်မှ ချပေးသည့် အသင်းဝင်လက်မှတ်ဖြင့် မြစ်ကြီးနားမြို့ သတ္တုတွင်း ၀န်ကြီးဌာန ကျောက်စိမ်းတူဖော်ရေးလုပ်ငန်းရုံးက လုပ်ကိုင်ခွင့် လိုင်စင်အား ထုတ်မပေးသည့် ကိစ္စနှင့် ပတ်သက်၍ တင်ပြဆွေးနွေးမည်ဖြစ်ကြောင်း ၎င်း အသင်းမှ ဒု-အတွင်းရေးမှူးက ဦးသောင်းကြည် က ပြော သည်။

`လိုင်စင်အခုထိ ထုတ်မပေးသေးဘူး အဲ့တော့ အသင်းသားတွေရဲ့ ဆန္ဒက ဘာဖြစ်လည်း ဆိုတော့ ရန်ကုန် ကျတော့ လုပ်ပေးတယ်၊ နေပြည်တော်ကျတော့ လုပ်ပေးတယ် ၊ မန္တလေး၊ စစ်ကိုင်း၊ မိုးကုတ် ကျတော့ လုပ်ပေး တယ်၊ ငါတို့ကချင်ပြည်နယ် ကကျတော့ ဘာလို့လုပ် မပေးလည်းဆိုတဲ့မေးခွန်းလေးတွေ မဖြေ တက်ဘူး ဖြစ်နေတယ်။´ ဟု ဦးသောင်းကြည်က ဆိုသည်။

ဖားကန့်မြို့နယ်တွင်း စစ်ပွဲများ ဖြစ်ပွားလာခဲ့ပြီးနောက် အစိုးရမှ ကျောက်စိမ်းတူးဖော်ရေး ကုမ္ပဏီများကို လုပ်ကွက် ရပ်ဆိုင်းထားသည်မှာ (၄)လ ကြာပြီဖြစ်သည်။ ယခုတိုင် ဖားကန့်မြို့နယ် တွင် စစ်ပွဲများ ဆက်တိုက်ဖြစ် ပွားနေသဖြင့် ဒေသခံများနှင့် စီးပွားရေးလုပ်ငန်းရှင်များ လုပ်ငန်းလည်ပတ်နိုင်ရန် အခက်အ ခဲဖြစ်ပေါ်နေသည်။

ကချင်ပြည်နယ် ဥပေဒေရေးဆွဲရေးဋ္ဌာနမှ အတွင်းရေးမှူး ဦးချန်နန်ခင်က ကချင်ပြည်နယ် အတွက် ကျောက် လုပ်ငန်း လိုင်စင်ချထားပေးမှုနှင့် ပတ်သက်၍ ယခုကဲ့သို့ဆိုသည်။

“လက်ရှိကျောက်နဲ့ ပတ်သက်ပြီး ဥပဒေမထွက်လာသေးဘူး၊လိုင်စင်ကဘယ်လိုပေးလို့ရဦးမှာလဲ” ဟု အတွင်းရေးမှူး ဦးချန်နန်ခင်က ဆိုသည်။

လက်ရှိတွင် ကျောက်လုပ်ငန်းလိုင်စင်မရှိသဖြင့် ဖားကန့်မှ မြစ်ကြီးနားအထိပင် ကျောက်စိမ်း တရားဝင် သယ်ယူ ခွင့်မရှိကြောင်း ကိုလည်း လုပ်ငန်းရှင်များထံက သိရသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်