Thursday, October 11, 2012

ဖြေရှင်းပေးပါ KIA

Posted by drmyochit Thursday, October 11, 2012, under | No comments


ငါတို့ ကချင်လူမျိုးတွေဟာ မိဘ အဆက်ဆက် ကိုယ့်အားကိုယ်ကိုး နေလာခဲ့ကြတာ စစ်ပွဲကြောင့် ကိုယ့်ရပ် ရွာစွန့်ပြီး ဒုက္ခသည် စခန်းတွေမှာ နေပြီး သူများတွေ ပေးတာ ကျွေးတာ လှူတာ ကို စောင့်ရင်း နဲ့ နေ လာ ရတာ စိတ်ညစ်လာပြီ .... ။ 




တခြားနေရာတွေကတိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ အပစ်ရပ်ပြီး ဒေသခံတွေ တည်ငြိမ် အေးချမ်းမှု အရသာကို ပျော်ရွှင် ခံစားနေချိန်မှာ ကချင်ပြည်နယ် မှာတော့ KIA ရဲ့ ကြီးမားတဲ့ နိုင်ငံရေး စကားလှိုင်း လုံး တွေကြောင့် ခုချိန်မှာ ပစ်ခတ် နေကြတော့ ငါတို့ ဒုက္ခသည်တွေ ရွာကို မပြန်နိုင် ကြသေးဘူး ... ။ 



ကိုယ့်ရပ်ရွာကို ပြန်ချင်ပေမဲ့ ခက်နေတာက KIA မယုံရတာက KIA ဖြစ်နေတယ်။ တောင်ယာ ၊ စိုက်ခင်း ၊ လူသွားလမ်း ၊ ကားလမ်း နေရာတိုင်းမှာ မိုင်းထောင် ၊ ဆက်ကြေး ငွေတောင်း ၊ စပါးတောင်း ၊ လူငယ်တွေ ကို အဓမ္မ ဖမ်းဆီး ၊ ကချင် လူထု ကောင်းစားရေး အတွက် အကြောင်းပြပြီး လက်နက်ကိုင် တိုက်ပွဲတွေ မှာ ရှေ့ကထားလို့ ကချင်လူငယ်တွေ သေကြေ ၊ ပျက်စီး ၊ ဒဏ်ရာရ ၊ ဒုက္ခိတ တွေဖြစ်ကုန်ပြီ ။ အမျိုးသမီး ငယ်တွေကိုလဲ အဓမ္မ ခေါ်ဆောင် KIA ခေါင်းဆောင်တွေရဲ့ ကာမကျေးကျွန် တွေဖြစ် ၊ KIA ရဲဘော်တွေရဲ့ အုပ်စုလိုက် အဓမ္မကျင့် စော်ကားမှု တွေကြောင့် အပျိုရည် ပျက်ခံရတဲ့ ကချင် မိန်းကလေးတွေ အသက်နဲ့ အရှက်လဲခဲ့တဲ့ ကချင် မိန်းကလေးတွေ မရေတွက်နိုင် တော့ဘူး။ ခေတ်ပြောင်းသွားပြီ အစိုးရ စစ်တပ် မဟုတ်တာလုပ် ၊ အနိုင်ကျင့်ရင် ဘယ်မှာ ဖြစ်ဖြစ် တိုင်လို့ရတယ်။ မင်းတို့ KIA တွေရဲ့ ဥပဒေမဲ့ လုပ်ရပ်တွေကိုတော့ ဘယ်မှာ တိုင်ရမှာလဲ .... ? ၊ အဓမ္မ ကျင့်တာတွေ အတွက် ဂွမ်မော် ကိုတိုင်တော့လဲ " ရှေ့တန်းမှာ ဖြစ်တတ်ပါတယ် ၊ စုံစမ်းပေးမယ် ... " ပြောတယ် ။ ခုချိန်ထိ ဘယ်သူ့ကို အရေးယူ ပေးသလဲ ၊ လူ့ အခွင့် အရေး အဖွဲ့တွေလာပြီး စုံစမ်းပေးစေချင် ပါတယ် ...။

ကျန်းမာသန်စွမ်းတဲ့ သား ၊ သမီးတွေ မရှိတော့တဲ့ ငါတို့လို လူကြီးတွေနဲ့ သားသည် အမေတွေ ကတော့ ဒုက္ခ သည် စခန်းမှာ တစ်နေ့ တစ်နေ့ ဘယ်သူလာပေး ၊ လာကျွေး ၊ လာထောက်ပံ့ မှာလဲ ဆိုတဲ့ ညံ့ဖျင်းတဲ့ စိတ်ဓာတ်တွေ နဲ့ မျှော်လင့်အသက်ရှင် နေရတဲ့ ဘ၀ကို မုန်းတီးလာပြီ ။ 



 အဖဘုရားသခင် ဖန်ဆင်း ကောင်းချီးပေးထားတဲ့ ကြီးမြတ်လှတဲ့ လူသားတစ်ယောက်ရဲ့ ဂုဏ်သိက္ခာတွေ ကင်းမဲ့ရာ ဒုက္ခသည် ဘ၀ကနေ အိမ်ပြန်ချင်ပြီ ၊ ကြာလာရင် ငါတို့ ကချင်တွေ သူများပေးတာကို မျှော်လင့် စားသောက် အသက်ရှင် နေရတဲ့ စိတ်ဓာတ် ပျက်ပြားတဲ့ လူမျိုးတွေ ဖြစ်ကုန် တော့မှာ အသေအချာ ပါပဲ။

ငါတို့ ကချင်လူမျိုးတွေ ဒုက္ခသည် နွံနစ်ပြီး စိတ်ဓာတ် ပျက်ပြားအောင် လုပ်တဲ့ သမိုင်းတရားခံကတော့-

စစ်ပွဲများ ဖန်တီးရှင် KIA ခေါင်းဆောင် ဂမ်ရှောင် ဆိုတာ ငါတို့ ယုံကြည်တယ်
ဂမ်ရှောင်ရေ ....
ငါတို့ ဒုက္ခတွေကို ဘယ်လို ဖြေရှင်းပေးမှာလဲ ..... ?
အပစ်အခတ် ဘယ်တော့ ရပ်မှာလဲ ..... ? 


ကချင်လူထုရဲ့ အဓိက တရားခံ ဂမ်ရှောင်

အမျိုးချစ်တဲ့ ကချင်Smart

ပြည်ချစ်သား

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်