Thursday, October 11, 2012

ဦးသိန်းစိန် နိုဘယ်ဆု မရနိုင်

Posted by drmyochit Thursday, October 11, 2012, under | No comments




"၂၀၁၂ ခုနှစ်လို နိုဘယ်ဆု အနေအထားမှာတော့... ကျွန်တော့အထင်ပြောရရင် သမ္မတကြီး ဦးသိန်းစိန် ဆုရဖို့ဆိုတာ မဖြစ်နိုင်သလောက်ပဲ... ယခင်တုန်းက အခြေအနေမျိုးဆိုရင်တော့ ဖြစ်နိုင်တယ်..." လို့ ဆိုပါတယ်။

၁၉၉၀ နောက်ပိုင်းမှာ  ငြိမ်းချမ်းရေး နိုဘယ်ဆုကို အမေရိကန်၊ ဥရောပ နှင့် နော်ဝေနိုင်ငံ မှ ခေါင်းဆောင်များ နဲ့ ပညာရှင်များသာ ရရှိလာခဲ့ကြပြီး အာရှ နှင့် အရှေ့အလယ်ပိုင်းမှ ရရှိသူ အလွန်းနည်းပါလာခဲ့သည်။ အာရှ နှင့် အရှေ့အလယ်ပိုင်းမှ ရရှိသူ ရှိလျှင်လည်း အမေရိကန် နှင့် EU ကို သစ္စာမခံသည့် အစိုးများ၏ အတိုက်အခံများသာ ရှိခဲ့သည်။


ယခု ၂၀၁၂ ခုနှစ် အတွက် ဆေးပညာဆိုင်ရာ နိုဘယ်ဆုကို ဗြိတိန် နှင့် ပြင်သစ် မှ ရရှိသည်။


 ရူပဗေဒ ဆိုင်ရာနိုဘယ်ဆုကို ပြင်သစ် နှင့် အမေရိကန်မှ ရရှိသည်။ 


ဓာတုဗေဒ ဆိုင်ရာ နိုဘယ်ဆုကိုလည်း အမေရိကန် နိုင်ငံသား နှစ်ဦးကသာ ရရှိသွားသည်။ 

ကျန်ရှိနေသော ၁၂ ရက်နေ့တွင်ပေးမည့် ငြိမ်းချမ်းရေး နိုဘယ်ဆုနှင့် ၁၅ ရက်နေ့တွင်ပေးမည့် စီးပွားရေးဆိုင်ရာ နိုဘယ်ဆုကိုလည်း အမေရိကန် နှင့် မဟာမိတ်နိုင်ငံများ (သို့မဟုတ်) အီရန်၊ တရုတ်၊ ရုရှား တို့မှ အတိုက်အခံ တို့သာ ရရှိနိုင်ပေသည်။

အထူးသဖြင့် ထင်ကြေးပေးခြင်း ခံရသူများမှာ 
၁။ အမေရိကန်သမ္မတဟောင်း ဘီလ်ကလင်တန်၊
၂။ ဂျာမနီနိုင်ငံ အဓိပတိဟောင်း ဟဲမွတ်ခိုးလ်၊ 
၃။ Wikileak သတင်း Website သို့ပေးပို့ခဲ့သော Bradley Manning 
၎။ အမေရိကန်ပါမောက္ခ ဂျင်းရှပ် လည်း ပါဝင်လျက် ရှိသည်။
 ၅။ ရုရှားအခွင့်အရေးအုပ်စု Memorial တည်ထောင်သူ မစ္စဆဗက်လာနာဂန်းနုရှ်ကီနာ၊ 
၆။ အမှီအခိုကင်းရုရှားမီဒီယာအဖွဲ့ Echo of Moscow အဖွဲ့တည်ထောင်သူ မစ္စတာ အလက်စီဗီနီဒစ်တော့ဗ်
၇။ မွတ်ဆလင် အစွန်းရောက်များကို ဆန့်ကျင်သူ နိုင်ဂျီးရီးယားနိုင်ငံသား နှစ်ဦး 
 ၈။ မြန်မာသမ္မတကြီး ဦးသိန်းစိန် 

တို့ ဖြစ်ကြသည်။

ဦးစားပေး ၁။ ရနိုင်ခြေ အများဆုံး ရှိသူ မှာ လက်တလော မွတ်ဆလင် ပြဿနာများ အတွက် အမေရိကန်ဘက်မှကာကွယ်ရန်အတွက် "မွတ်ဆလင် အစွန်းရောက်များကို ဆန့်ကျင်သူ နိုင်ဂျီးရီးယားနိုင်ငံသား နှစ်ဦး " မှ ရရှိနိုင်သည်။
 
ဦးစားပေး ၂။ ဒေါ်အောင်ဆန်းစုကြည် ကဲ့သို့ပင် ရုရှား အတိုက်အခံ များဖြစ်သည့်မစ္စဆဗက်လာနာဂန်းနုရှ်ကီနာ နှင့်  မစ္စတာ အလက်စီဗီနီဒစ်တော့ဗ် တို့ မှ ရရှိလိမ့်မည် ဖြစ်သည်။

ဦးစားပေး ၃။ အမေရိကန်သမ္မတဟောင်း ဘီလ်ကလင်တန် ၊ အမေရိကန်ပါမောက္ခ ဂျင်းရှပ် နှင့် ဂျာမနီနိုင်ငံ အဓိပတိဟောင်း ဟဲမွတ်ခိုးလ် တို့ ရရှိလိမ့်မည်ဖြစ်သည်။

ဦးသိန်းစိန် နှင့် Bradley Manning  တို့ ကတော့ အလွန်ဖြစ်နိုင်ချေ နည်းသည်။ 

၂၀၁၀ ခု နှစ် ငြိမ်းချမ်းရေးနိုဘယ်ဆုကို ဘာမှမလုပ်ပဲ ထောင်ထဲမှာ ရောက်နေတဲ့ တရုတ်အစိုးရ အတိုက်အခံ Liu Xiaobo မှ ရရှိခဲ့သည်။ 

၂၀၀၉ ခုနှစ် ငြိမ်းချမ်းရေး နိုဘယ်ဆုကို အာဖစ်ဂန် နှင့် အီရတ် ကို စစ်တိုက်ခဲ့သည့် အမေရိကန် သမ္မတ Barack H. Obama မှ ရရှိခဲ့သည်။

၁၉၉၁ ခု နှစ်ငြိမ်းချမ်းရေး နိုဘယ်ဆုကို ပြည်တွင်းမှာလည်း ငြိမ်းချမ်းရေး မလုပ်၊ ပြည်ပနိုင်ငံခြင်း တိုက်ခိုက်မှုကိုလည်း ရပ်တန့်အောင် ဘာမှမလုပ်ပဲ ထောင်ထဲမှာ ထိုင်နေပြီး ဒေါ်အောင်ဆန်းစုကြည်က ရရှိခဲ့သည်။

တတိယ ကမ္ဘာစစ်ဖြစ်မည့်အခြေအနေကို ထိန်းသိမ်းနိုင်ခဲ့သည့် ကုလသမ္မဂ အတွင်းရေးမှူးချုပ် နှစ်ကြိမ်ဆက်တိုက် တာဝန်ယူခဲ့သူ ဦးသန့် မှာ ငြိမ်းချမ်းရေး နိုဘယ်ဆု မရရှိခဲ့ပေ။

အမေရိကန် အစိုးရ အတိုက်အခံ သူရဲကောင်းများ၊ EU အဖွဲ့ဝင်နိုင်ငံများက အတိုက်အခံ များ အဖို့ ငြိမ်းချမ်းရေးနိုဘယ်ဆုကို တသက်လုံး မှန်း၍ မရနိုင်ပေ။ သမ္မတဖြစ်လျှင်တော့ စစ်တိုက်လျှင်တောင် ငြိမ်းချမ်းရေးနိုဘယ်ဆု ရရှိသည်မှာ အိုဘားမားက သက်သေဖြစ်သည်။

NDF ပါတီ ခေါင်းဆောင် ဦးခင်မောင်ဆွေကတော့ 


“စာရင်းပါတယ်ဆိုရင်တော့ တွန်းအားတော့ ဖြစ်တာပေါ့ဗျာ။ ဘာဖြစ်လို့လည်းဆိုတော့ Peace Process ကလည်း မပြီးသေးဘူးကို။ တချို့ကလည်း အဲ့ဒီ့အပေါ်မှာ အာရုံသိပ်မကျကြဘူး။ အောင်မြင်လိမ့်မယ်မထင်သလို၊ တချို့ကလည်း အောင်မြင်မယ်ထင်တယ်ပေါ့ဗျာ။ ပြည်တွင်းမှာလည်း အဲ့လို အုပ်စု နှစ်စု သုံးစုလောက် ကွဲပြားနေတဲ့အခြေအနေ ရှိနေတော့ သမ္မတရဲ့ ဒီငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ ပတ်သက်ပြီးတော့ တိုင်းရင်းသားတွေအမြင်၊ ကြားလူတွေအမြင်၊ အုပ်ချုပ်သူတွေအမြင်၊ နိုင်ငံရေးပါတီတွေအမြင် အစရှိသဖြင့် အမြင်တွေ အမျိုးမျိုး ကွဲကွဲပြားပြား ဖြစ်နေကြတယ်လေ။ ဒါပေမယ့် ငြိမ်းချမ်းရေးလိုချင်တဲ့ ဆန္ဒ အကုန်အတူတူပါပဲ။ အဲ့တော့ကာ သမ္မတကြီးကို ငြိမ်းချမ်းရေးကို တည်ဆောက်ဖို့အတွက် တကယ်စေတနာသန့်သန့်နဲ့ လုပ်နေတယ်ဆိုတာလည်း လက်ခံကြတယ်။ အဲ့တော့ သမ္မတကို ငြိမ်းချမ်းရေးဆုအဖြစ် ထည့်ပြီးတော့ စဉ်းစားတယ်ဆိုတော့ဖြင့်ရင် မြန်မာနိုင်ငံ ငြိမ်းချမ်းရေးနဲ့ ဒီမိုကရေစီရဖို့ကို ကြီးမားတဲ့တွန်းအားကြီးဖြစ်ပါလိမ့်မယ်လို့ ယူဆပါကြောင်း ကျနော် ယုံကြည်ပါကြောင်း ပြောချင်ပါတယ်ခင်ဗျာ။”


ဟု ပြောသည်။

သမ္မတကြီး ဦးသိန်းစိန် အနေဖြင့် မြန်မာပြည်သူ တစ်ဦးတစ်ယောက်မှ မလုပ်နိုင်သော တိုင်းရင်းသား လက်နက်ကိုင် ၁၀ ဖွဲ့ နှင့် ငြိမ်းချမ်းရေး တည်ဆောက်မှုကို လုပ်ဆောင်နိုင်ခဲ့ရုံမျှ မက အစိုးရလုပ်သမျှ ဆန့်ကျင်သည့် အတိုက်အခံများနှင့်ပါ ငြိမ်းချမ်းအောင် လုပ်ဆောင်နိုင်ခဲ့သည်။ သို့သော် ဦးသိန်းစိန်၏ လုပ်ဆောင်မှုသည့် ပြည်တွင်းအဆင့်သာ ရှိပြီး ကမ္ဘာ နိုင်ငံ များ၏ ပဠိပက္ခများတွင် ဝင်ရောက် ဖြေရှင်းဆောင်ရွက်ခြင်း လုံးဝ မရှိခဲ့ပေ။ 

သို့ဖြစ်၍ ဦးသိန်းစိန် အနေဖြင့် ငြိမ်းချမ်းရေးနိုဘယ်ဆု မရနိုင်ပါ။ သို့သော်  ဒေါ်အောင်ဆန်းစုကြည် နှင့် နှိုင်းယှဉ်လျှင်တော့ ငြိမ်းချမ်းရေး နိုဘယ်ဆုကို ၁၀ ခါ ပြန် ရနိုင်ပါသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်