Thursday, October 11, 2012

လုံးခင်းတွင်KIA နှင့်အစိုးရတပ်ဖြစ်တဲ့တိုက်ပွဲ အမှန်က ဒီလို

Posted by drmyochit Thursday, October 11, 2012, under | No comments




အောက်တိုဘာလ (၉) ရက်နေ့ မနက် (၉) နာရီခန့်တွင် ဖားကန့်ဒေသ၊ လုံးခင်း၊ လီဖျင်ရွာ အနီး ကျောက် ဖျာကွေ့တွင် KIA တပ်မဟာ(၂) မှ အင်အား (၂၀) ယောက်ခန့်သည် ရွာဘေးမှဖြတ်လာသော အစိုးရ စစ်တပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်းနှင့် တိုက်ပွဲမှာ နံနက် (၁၀) နာရီခန့်အထိ တစ်နာရီလောက် ပြင်းထန် စွာဖြစ်ပွားခဲ့ပြီး KIA ဘက်မှ ဆုတ်ခွာသွားခဲ့ကြောင်း သိရသည်။


အဆိုပါ တိုက်ပွဲတွင် KIA ဘက်မှ တစ်ဦးကျဆုံးပြီး သေနက်တစ်လက် ဆုံးရှုံးခဲ့ရကြောင်း သိရသည်။ ထို့ပြင် KIA ပစ်လိုက်တဲ့ လက်နက်ကြီးတစ်လုံးသည် ရွာထဲသို့ ကျရောက်ပေါက်ကွဲသွားပြီး ရွာသား ( ၃ ) ဦး ဒဏ်ရာရရှိခဲ့သည်။ အဆိုပါရွာသား(၃)ဦးမှာမောင်နော်ဆိုင်း၊မောင်း လှိုင်မင်းအောင် နှင့် မောင်အောင်ဇော် လတ် ဖြစ်ပြီး ဖားကန့် ဆေးရုံသို့ ပို့ဆောင်ထားရကြောင်း သိရသည်။

“ စစ်တပ်က ရွာနားကဖြတ်သွားတာ KIA တွေက ကြိုစောင့်နေပြီးတော့ တိုက်တာ။ ခဏကြာတော့ စစ်တပ် က အတင်းဝင်ပြီး ပြန်တိုက်လိုက်တော့ KIA တွေဆုတ်ရင်းတိုက်ရင်း ရွာနဲ့တော်တော်နီးသွားတယ်။ တိုက်ပွဲ မှာ စစ်သားနှစ်ယောက်တော့ ဒဏ်ရာရသွားတာ တွေ့တာပဲ။ တိုက်ပွဲပြီးသွားတော့ ဗမာတပ်တွေ က သေနတ်တစ်လက်ကို ဓါတ်ပုံတွေရိုက် နေတာလည်း တွေ့တယ်။ ဒဏ်ရာရတဲ့ စစ်သားတွေကတော့ မိုင်းနင်း မိတာလို့ ပြောတယ် ။ ပြီးတော့ သူတို့ထမ်းခေါ် သွားကြတယ် ” ဟု လီဗျင်ရွာသားတစ်ဦးက KDN သို့ပြော ပါတယ်။

အဆိုပါ အစိုးရတပ်အား တိုက်ခိုက်ခဲ့သူများမှာ ကေအိုင်အေ တပ်ရင်း (၆) လက်အောက်မှ ဗိုလ်ကြီး လီဆူး တူးအောင် ဦးဆောင်သော (၀ရ) မျိုးချစ်ရဲဘော် များမှ ပြန်လည် ဆီးကြိုက်တိုက်ခိုက် ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်