Thursday, October 11, 2012

ပါကစ္စတန်တွင် လူ့အခွင့်အရေးလှုပ်ရှားသူ မိန်းကလေး ပစ်ခတ်ခံရ

Posted by drmyochit Thursday, October 11, 2012, under | No comments


ပါကစ္စတန် နိုင်ငံတွင် လူ့အခွင့်အရေး လှုပ်ရှားသူ ဆယ်ကျော်သက် မိန်းကလေး တစ်ဦးအား တာလီဘန် တပ်ဖွဲ့ဝင် တစ်ဦးက သေနတ်ဖြင့် ပစ်ခတ်ခဲ့ကြောင်း သိရသည်။ အသက်(၁၄)နှစ်ရှိ မာလာလာ ယူဆက်ဖ် ဇိုင်းသည် နိုင်ငံအတွင်း မိန်းကလေးများ ကျောင်းတက်ခွင့်အတွက် လှုပ်ရှားစည်းရုံးမှုကြောင့် လူသိများပြီး လူအများ ရိုသေလေးစား ခံရသူ ဖြစ်သည်။ ကျောင်းသူလေး တစ်ဦးသာ ဖြစ်နေသေးသော မာလာလာ သည် အင်္ဂါနေ့က သေနတ်ဖြင့် ပစ်ခတ် ခံရသဖြင့် ဒဏ်ရာ ရရှိသွားခဲ့သည်။ သူမသည် တာလီဘန်တို့ကို ဆန့်ကျင် လှုပ်ရှားသူ တစ်ဦးအဖြစ်လည်း ထင်ရှားပြီး ကျောင်းကားပေါ်တွင် ရှိနေစဉ် သေနတ်သမား တစ်ဦးက သူမကို ပစ်မှတ်ထား လုပ်ကြံခဲ့ခြင်း ဖြစ်သည်။


ယမန်နှစ်က နိုင်ငံတကာ ကလေးများ ငြိမ်းချမ်းရေးဆုအတွက် အမည်စာရင်း တင်သွင်းဖူးခြင်းပင် ခံရသော မာလာလာကို သေနတ်ဖြင့် ပစ်ခဲ့သည်မှာ မိမိတို့ လက်ချက်ဟု တာလီဘန်တို့က ကြေညာသည်။ ထို့အပြင် တာလီဘန်တို့က မာလာလာ လုပ်ကိုင်နေသော အရာတိုင်းသည် စက်ဆုပ်ရွံရှာဖွယ် အတိဖြစ်ကြောင်း လည်း ဝေဖန်ခဲ့သည်။ "ညစ်ညမ်းတဲ့ လုပ်ဆောင်မှုတွေအတွက် ခုကိစ္စက ကဏ္ဍသစ်တစ်ခုပဲ။ အဲဒီကဏ္ဍကို ကျွန်တော်တို့ ဆုံးတဲ့ထိ အကောင်အထည် ဖော်မယ်"ဟု တာလီဘန် ပြောရေးဆိုခွင့်ရ အရာရှိ အာဆန်နူ လာ အာဆန်းက တယ်လီဖုန်း အင်တာဗျူး တစ်ခုတွင် ပြောဆိုသွားသည်။ မာလာလာ လိုက်ပါလာသော ကျောင်းကားသည် မင်ဂိုရာမြို့ရှိ ကျောင်းဝင်းမှ အထွက်တွင် မုတ်ဆိတ်နှင့် လူတစ်ဦးက အနီးသို့ ချဉ်းကပ် လာကာ မည်သည့် ကျောင်းသူသည် မာလာလာ ဖြစ်ကြောင်း မေးမြန်းခဲ့သည်။ ထို့နောက် မိန်းကလေး တစ်ဦးက မာလာလာကို လက်ညှိုးထိုးပြခဲ့ရာ မာလာလာက သူမမဟုတ်ကြောင်း ငြင်းဆန်ခဲ့သည်။ ထိုသူ သည် သေနတ်ကို ဆွဲထုတ်ကာ မိန်းကလေး နှစ်ဦးလုံးကို ပစ်ခတ်သွားကြောင်း သိရသည်။ မာလာလာ သည် လည်ပင်းနှင့် ခေါင်းတို့တွင် ဒဏ်ရာများ ရခဲ့သော်လည်း အသက်အန္တရာယ် စိုးရိမ်စရာ မရှိဟု ဆရာ ဝန်များက ဆိုသည်။ ကျန်မိန်းကလေးမှာလည်း တည်ငြိမ်သော အခြေအနေတွင် ရှိနေပြီ ဖြစ်သည်။ တာလီ ဘန်တို့သည် ယခင်က မာလာလာနှင့် သူမ၏ မိသားစုကို ခြိမ်းခြောက်မှုများ ပြုလုပ်ခဲ့ဖူးသည်။

မာလာလာသည် အသက်(၁၁)နှစ် အရွယ်ကတည်းက BBC၏ Urdu Serviceတွင် နာမည်တု တစ်ခုဖြင့် တာလီဘန်တို့ အုပ်စိုးမှုအောက်တွင် နေထိုင်ရသည့် ဘဝအကြောင်း Blogတစ်ခု ရေးသားခဲ့သည်။ တာလီ ဘန်တို့သည် ဆွက်တောင်ကြားကို (၂၀၀၉)ခုနှစ်က စွန့်ခွာသွားရပြီးနောက် မာလာလာသည် လူမြင်ကွင်း တွင် ပေါ်ပေါ်ထင်ထင် ထွက်ပေါ်လာကာ အဆိုပါ စစ်သွေးကြွများ၏ ယုတ်ညံ့သော စရိုက်နှင့် တင်း ကျပ်သော ချုပ်ထိန်းမှုများကို ဝေဖန်ခဲ့သလို မိန်းကလေးများ ပညာသင်ကြားခွင့် ရနိုင်ရေးအတွက် တောင်း ဆိုမှု ပြုလုပ်လာခဲ့သည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်