Tuesday, January 22, 2013

တစ်နှစ်ခွဲကျော် စစ်ပွဲ မည်သည့် အထောက်အပံ့ဖြင့် ဆင်နွှဲသလဲ

Posted by drmyochit Tuesday, January 22, 2013, under , | No comments


ကချင်ဒေသတွင်း စစ်ပွဲများနှင့် ပတ်သက်၍ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင်နှင့် တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော် ဒုတိယ စစ်ဦးစီးချုပ် တို့ ၂၀-၁-၂၀၁၃ တွင် နေပြည်တော်ရှိ ဇေယျာသီရိဗိမာန်၌ တွေ့ဆုံ ခဲ့ရာ တရုတ်ဒုတိယ စစ်ဦးစီးချုပ်မှ မြန်မာနိုင်ငံအတွင်း ရှိ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အစည်းများ၏ အကြမ်းဖက် တိုက်ခိုက်မှုများ လုပ်ဆောင်မှုကို အားပေး ထောက်ခံမည် မဟုတ်ပါကြောင်း ဆွေးနွေး ပြောကြားခဲ့သည်ဟု မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထား ချက်အရ သိရသည်။


ထိုသို့ ဖော်ပြချက်နှင့် တစ်ပြိုင်တည်း ကမ္ဘာပေါ်တွင် မီဒီယာ ဖိနှိပ်မှု အပြင်းထန်ဆုံး နိုင်ငံဖြစ်သည့် တရုတ် နိုင်ငံ ရုပ်သံများ ကချင်ဒေသတိုက်ပွဲများအား ထုတ်လွှင့်လျှက်ရှိသလို၊ နယ်နိမိတ် အတွင်းသို့ ကျရောက် ခဲ့ သည့် လက်နက်ကြီး ကျည်များ အတွက် လည်း သတိပေးမှုများ ပြုလုပ်လျှက် ရှိသည်။ ထို့ပြင် တရုတ်နိုင် ငံခြားရေး ၀န်ကြီးဌာန မှလည်း ကန့်ကွက်သည့် ကြေငြာချက် ထုတ်ပြန်ခဲ့သည်။
ညတွင်းချင်း သတင်းများကို လိုရာရောက်နိုင်သည့် နည်းပညာ ပံ့ပိုးမှု
တစ်ချိန်တည်းမှာပင် ကေအိုင်အေ ခေါင်းဆောင်ကြီးများ ခိုလှုံနေပြီး ကေအိုင်အေသို့ လက်နက်များ ရောင်း ချနေသည့် တရုတ်နိုင်ငံမှ စစ်သည် များသည် အထူး စစ်ဆင်ရေး ဆင်နွှဲနိုင်သည့် အနေ အထား ရှိသည့် ချပ်ဝတ် တန်ဆာ၊ လက်နက်များဖြင့် နယ်စပ်တွင် နေရာယူထားကြပေသည်။


ဆန္ဒပြခြင်းကို ပြင်းထန်စွာ နှိမ်နှင်းတတ်သည့် တရုတ်ပြည်တွင် လိုင်ဇာနယ်စပ်၌ ဆန္ဒပြခွင့် ပေးခဲ့ သည်။ ထို နည်း တူစွာ အတိအကျ မဆိုနိုင်သည့် သတင်းများ အရ စစ်ကို ရှောင်လွှဲ၍ တရုတ်ပြည် အတွင်း ပြေးဝင်ခိုလှုံသည့် လူငယ်လူရွယ်များ ကိုလည်း ဖမ်းဆီးကာ ပြန်လည်ပို့ဆောင်ပေးမှုများလည်း ရှိနေသည်။ ထို အနေအထားဖြင့်ဆိုပါက ကချင်ပြည်နယ်အတွင်း လိုင်ဇာ ဒေသခံ လူငယ်လူရွယ်များ အတွက် ကေအိုင် အေ နှင့် အတူ လက်နက်ကိုင်ယုံမှ လွဲ၍ ရွေးချယ်စရာ မရှိတော့ပေ။
တရုတ် သတင်းဌာနများမှ ထုတ်လွှင့်မှုများ

ကချင်ပြည်နယ်တွင် တရုတ်နှင့် ကေအိုင်အေတို့ စီးပွားရေးလုပ်စားခဲ့ကြသည်မှာ ၁၇ နှစ်ကျော် ကြာခဲ့ပြီ ဖြစ် သည်။ ကချင်ပြည်နယ်မှ ကျောက်စိမ်း၊သယံဇာတနှင့် သစ်ကို ထုတ်ယူရောင်းချပြီး ရှမ်းပြည်နယ်တွင် ဘိန်း စိုက်ကာ တရားဝင်နှင့် တရားမ၀င် လုပ်ငန်းများစွာ ဆက်စပ်မှုရှိသည်။ လိုင်ဇာမှ ထုတ်ပေးထားသည့် တရုတ် နိုင်ငံသားနှင့် လိုင်ဇာဒေသခံ တို့၏ စိစစ်ရေးကတ်များသည် မြစ်ကြီးနားသို့ မသွားနိုင်သော်လည်း ယူနန်အထိ ၂၀၁၁ အစတွင် ခရီးဆက်နိုင်သည်။ ကေအိုင်အို ၊ကေအိုင်အေ ခေါင်းဆောင် ပိုင်းများ အတွက် တော့ အထူးပြော ရန် မလို။

တရုတ်နိုင်ငံ အနေဖြင့် ကိုယ်ပိုင်လက်နက်များ ထုတ်လုပ်သော်လည်း အမေရိကန် ကဲ့သို့ နိုင်ငံတကာ စစ်ပွဲများ တွင် ပါဝင်ခြင်းမရှိ။ ထိုအတွက် တရုတ်လက်နက်များ စမ်းသပ်ရာနေရာသည် စစ်ပွဲများ ဖြစ် ပွားနေ သည့် တိုင်းပြည်များ အတွက် သာဖြစ်သည်။ အင်အားကြီး နိုင်ငံများ၏ ရပ်တည်ချက်အရ မိမိနိုင်ငံ သာ မ က နယ်နိမိတ် အစပ်တွင်ပင် စစ်ပွဲများ ဖြစ်ပွားခြင်းကို လုံးဝ လက်မခံ။ အကယ်၍ ရခိုင်ဘက်တွင် သာ ထိုသို့ တိုက်ပွဲများ ဖြစ်ပွား နေပါက တရုတ်မှ အတိ အကျ ထောက်ခံမည်သာ ဖြစ်သည်။

မြန်မာနိုင်ငံ၏ ပြည်တွင်းရေးတွင်တော့ ၀င်မစွက်ဖက်ရေး မူဝါဒအရ တရုတ်အနေဖြင့် သဘော ထား ကြီးကြောင်း တရားဝင် မှတ်ချက်ပြုခဲ့သလို ငြိမ်းချမ်းမှုကို အမြန်ဆုံးလုပ်ဆောင်ကြရန်အတွက် တွန်း အားပေး မှုများကိုလည်း တစ်ပြိုက်နက် လုပ်ဆောင်လျှက် ရှိသည်။ ထိုလုပ်ဆောင်ချက် များနှင့်အတူ စစ် သည် ၄ သိန်းနှင့် လက်နက်၊ ခဲယမ်းပေါင်းများစွာ ပိုင်ဆိုင်သည့် တပ်မတော်နှင့် အပြိုင် ခေတ်မီ လက်နက် ခဲယမ်း များဖြင့် ကေအိုင်အေ တို့၏ ခုခံတိုက်ခိုက် မှုများမှာ ဘုရားသခင်မှ ဖန်ဆင်းပေးခြင်း မဟုတ်သည် မှာလည်း အသေအချာပင်ဖြစ်သည်။ ထိုသို့ ဆိုပါ ၁ နှစ်ခွဲကျော် စစ်ပွဲအား မည်သည့် အထောက်အပံ့ဖြင့် ကေ အိုင်အေ ဆင်နွှဲနိုင်သနည်း ဟူသည့် မေးခွန်း အား မေးရမည်သာ ဖြစ်ပေတော့သည်။

ယခင်သတင်းဟောင်း တစ်ခုပါ.

CHINESE SECURITY: NO PERMISSION GIVEN TO BURMA ARMY TO ATTACK KIA FROM CHINESE SIDE
TUESDAY, 28 JUNE 2011 17:49 HSENG KHIO FAH


SOME CHINESE SECURITY OFFICERS, WHO WERE REPORTEDLY PRESENT AT A MEETING BETWEEN BURMA ARMY AND CHINESE OFFICERS LAST WEEKEND OVER KACHIN INDEPENDENCE ARMY (KIA) ISSUE, DENIED GIVING PERMISSION TO THE BURMESE ARMY TO LAUNCH MILITARY OPERATIONS AGAINST KIA FROM CHINESE SOIL, ACCORDING TO SOURCES FROM SINO-BURMA BORDER.
THE DENIAL FOLLOWED A REPORT BY THE KACHIN NEWS GROUP RELEASED ON 25 JUNE- “CHINESE-BURMESE MILITARY OFFICERS MEET IN MANGSHI ON KIA”- THAT THE BURMESE ARMY OFFICERS HAD ASKED CHINA TO PERMIT ITS TROOPS AND THOSE OF ITS ALLIES TO CROSS THE BORDER TO ATTACK AND CAPTURE LAIZA, THE HEADQUARTERS OF KIA. THE TWO SIDES WERE REPORTED TO HAVE SECRETLY MET ON THE NIGHT OF 23 JUNE IN MANGSHI IN CHINA’S SOUTHWEST YUNNAN PROVINCE, BORDERING BURMA.
A CHINESE OFFICIAL CONFIRMED THAT THE MEETING WAS HELD AT THE BURMA ARMY’S REQUEST.
“BUT WE DID NOT CONSENT TO THEIR REQUEST AS WE THOUGHT IT WASN’T A PROPER WAY TO SOLVE THE PROBLEM,” HE SAID. 
LAPHAI NAWDIN, EDITOR OF THE KNG, STOOD BY HIS AGENCY’S REPORT, AND RECALLED A SIMILAR INCIDENT TAKEN PLACE IN 1987, WHEN THE BURMESE ARMY REPORTEDLY ENTERED CHINESE TERRITORY TO STAGE A SURPRISE RAID ON KIA’S FORMER HEADQUARTERS PA JAU- NA HPAW FROM THE REAR.
“THERE HAS BEEN A PRECEDENT. OTHERWISE, THE BURMA ARMY COULD NOT HAVE OCCUPIED PAJAU- NA HPAW,” NAWDIN SAID. 
A SIMILAR INCIDENT HAD TAKEN PLACE ON THE THAI-BURMA BORDER ON 8 FEBRUARY 2001, WHEN 200 JUNTA SOLDIERS SEIZED PANGNOON, A THAI BASE, AND DETAINED 19 PARAMILITARY TROOPS TO ATTACK THE SHAN STATE ARMY (SSA) ‘SOUTH’’S BASE LOI KAWWAN, OPPOSITE CHIANGRAI, FROM THE REAR. THE SEIZURE OF THE BASE IGNITED A MILITARY CONFRONTATION BETWEEN THE TWO COUNTRIES.
HOWEVER, THE KIA SAID IT HAS NOT SEEN ANY SIGNIFICANT MOVEMENT AROUND ITS AREAS YET.
“DOZENS OF PEOPLE IN CIVILIAN CLOTHES BELIEVED TO BE BURMA ARMY AGENTS ARE SEEN CROSSING THE BORDER EACH DAY,” NAWDIN ADDED.
CLASHES BETWEEN THE BURMA ARMY AND KIA HAVE REPORTEDLY HALTED BUT TENSION BETWEEN THE TWO SIDES HAS NOT EASED, ACCORDING TO SOURCES FROM THE BORDER. THE TWO HAVE BEEN FIGHTING SINCE 9 JUNE AT SANG GANG IN MOMAUK (MONG MAWK) TOWNSHIP IN BHAMO DISTRICT IN KACHIN STATE, FORCING OVER 20,000 KACHIN CIVILIANS TO TAKE REFUGE ALONG THE CHINESE BORDER.
LATEST UPDATE (17:00)
MR LA NAN, JOINT SECRETARY AND SPOKESPERSON FOR THE KIO, SAID IN RESPONSE TO SHAN QUERY:
THE CHINESE GOVERNMENT HAS ALWAYS URGED BURMESE AUTHORITIES TO WORK FOR BORDER STABILITY. I DON’T THINK IT WILL SAY ANYTHING THAT IS DESTRUCTIVE. WE HAVE ALSO HEARD THESE REPORTS. BUT IN REALITY, IT WILL NOT BE AS EASY. CHINA IS A SUPERPOWER AND BEING SO WILL NOT READILY GIVE IN. IF THE BURMESE SOLDIERS WANT TO ENTER CHINESE TERRITORY ALL THEY HAVE TO DO IS OBTAIN A BORDER PASS. HOWEVER, WE DON’T THINK THE CHINESE GOVERNMENT WILL ALLOW THAT TO HAPPEN EITHER.

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်