ရှမ်းပြည်နယ် တောင်ပိုင်း ညောင်ရွှေမြို့နယ် အင်းလေး အရှေ့ဘက်ကမ်းမှာ လယ်ယာ မြေတွေ မတရား
သိမ်းယူပြီး ဆောက်လုပ် နေတဲ့ ဟိုတယ်ဇုံ စီမံကိန်းကို ပြောင်းရွှေ့ ဆောက်လုပ် ဖို့နဲ့
မြေ နေရာတွေကို ပြန်လည် ပေးအပ်ဖို့ အင်းလေး ဒေသခံ တွေက တောင်း ဆို လိုက်ပါတယ်။ ဒီမြေ
နေရာတွေ ကို အုပ်ချုပ်ရေး အာဏာပိုင်တွေ ၊ စီးပွားရေး လုပ်ငန်း ရှင်တွေ နဲ့ ကုမ္မဏီတွေက
အတင်းအဓမ္မ သိမ်းယူခဲ့တာ ဖြစ်သလို သိမ်းယူထားတဲ့ မြေဧက ၆၀၀ ကျော်ထဲမှာ ၃၀၀ ကျော်က သာသနာပိုင်
မြေဖြစ်တယ်လို့ သိရပါတယ်။
အခုနောက်ပိုင်း အဲဒီမြေ နေရာတွေမှာ ဟိုတယ်ဇုံ စီမံကိန်းတွေ
ချမှတ်ပြီး စတင် လုပ်ကိုင် လာပြီ ဖြစ်တဲ့အပြင် စီမံကိန်းနဲ့ အင်းလေးကန်ဟာ အလွန် နီးကပ်နေတဲ့
အပေါ် မှာလည်း သမ္မတကြီး အင်းလေးကန် လာစဉ်က ပြောဆိုခဲ့တာနဲ့ ကွဲလွဲနေတယ်လို့ ဆိုပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး သံဃာတော်တွေနဲ့ အင်းလေးဒေသ ကျေးရွာလူထုတွေ စုပေါင်းပြီး နိုင်ငံတော်
သမ္မတ အပါအဝင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ စုံစမ်း စီစစ်ရေး ကောင်မရှင်နဲ့ နိုင်ငံတော် သံဃ မဟာ နာယက အဖွဲ့ကို စတင်ထား တယ်လို့ သိရ ပါတယ်။
Time in Rangoon


0 comments:
Post a Comment