Tuesday, January 22, 2013

လွယ်ဂျယ် မြို့နယ်၊ ဂျာမိုင်ကျေးရွာ အနီး တပ်မတော် စစ်ကြောင်းအား KIA မှ လာရောက် တိုက်ခိုက်


Photo: လွယ်ဂျယ် မြို့နယ်၊ ဂျာမိုင်ကျေးရွာ အနီး တပ်မတော် စစ်ကြောင်းအား KIA မှ လာရောက် တိုက်ခိုက်

=========================================

၂၀၁၃ ခုနှစ် ဇန်နဝါရီလ ၂၁ ရက်နေ့ ၁၂:၃၀ နာရီမှ ၁၆:၃၀ နာရီ အချိန်ထိ လွယ်ဂျယ် မြို့နယ်၊ ဂျာမိုင်ကျေးရွာ အနီး တပ်မတော် စစ်ကြောင်းအား KIA မှ ခေါင်းဆောင် စိစစ်ဆဲ အင်အား ၂၀၀ ခန့်မှ လာရောက် တိုက်ခိုက်သည့် အတွက် မိမိ တပ်မတော်မှ ပြန်လည် ချေ မှုန်း တိုက်ခိုက်ခဲ့ ပါသည်။

အဆိုပါ တိုက်ခိုက်မှု၌ KIA အနေဖြင့် လက်နက်ကြီး၊ လက်နက် ငယ်များ အသုံးပြု၍ တပ်မတော် စစ်ကြောင်းအား ပိတ်ဆို့ တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပါသည်။

နိုင်ငံတော် အစိုးရ၏ အပစ်အခတ် ရပ်စဲရေးမှ တစ်ဆင့် ခိုင်မာသည့် နိုင်ငံရေး ဆွေးနွေးမှု များကို လုပ်ဆောင် သွားမည်ဟု သတင်း ထုတ်ပြန် အပြီး ၄ ကြိမ်မြောက် တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပါသည်။ အဆိုပါ တိုက်ပွဲ ဖြစ်စဉ်၌ အရာရှိ ၂ ဦး၊ အခြားအဆင့် စစ်သည် ၄ ဦး နိုင်ငံတော် အတွက် အသက်ပေးလှူ ခဲ့ရပြီး စစ်သည်တချို့ ဒဏ်ရာ ရရှိကြောင်း သတင်း ရရှိပါသည်။ KIA အကြမ်းဖက် သောင်းကျန်းသူ ထံမှ အမ် ၂၂ သေနတ် ၁ လက် သိမ်းဆည်း ရရှိပါသည်။ တိုက်ပွဲဖြစ်စဉ် သတင်းများအား အချိန်နှင့် တပြေးညီ ထုတ်ပြန် သွားမည် ဖြစ်ကြောင်း အသိပေး အပ်ပါသည်။

http://www.myawady.com.mm/allnews/headline/item/5061-2013-01-22-16-58-46#.UP6EOp28B8E

မြ၀တီ
၂၀၁၃ ခုနှစ် ဇန်နဝါရီလ ၂၁ ရက်နေ့ ၁၂:၃၀ နာရီမှ ၁၆:၃၀ နာရီ အချိန်ထိ လွယ်ဂျယ် မြို့နယ်၊ ဂျာမိုင်ကျေးရွာ အနီး တပ်မတော် စစ်ကြောင်းအား KIA မှ ခေါင်းဆောင် စိစစ်ဆဲ အင်အား ၂၀၀ ခန့်မှ လာရောက် တိုက်ခိုက်သည့် အတွက် မိမိ တပ်မတော်မှ ပြန်လည် ချေ မှုန်း တိုက်ခိုက်ခဲ့ ပါသည်။

အဆိုပါ တိုက်ခိုက်မှု၌ KIA အနေဖြင့် လက်နက်ကြီး၊ လက်နက် ငယ်များ အသုံးပြု၍ တပ်မတော် စစ်ကြောင်း အား ပိတ်ဆို့ တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပါသည်။

နိုင်ငံတော် အစိုးရ၏ အပစ်အခတ် ရပ်စဲရေးမှ တစ်ဆင့် ခိုင်မာသည့် နိုင်ငံရေး ဆွေးနွေးမှု များကို လုပ်ဆောင် သွားမည်ဟု သတင်း ထုတ်ပြန် အပြီး ၄ ကြိမ်မြောက် တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပါသည်။ အဆိုပါ တိုက်ပွဲ ဖြစ်စဉ်၌ အရာရှိ ၂ ဦး၊ အခြားအဆင့် စစ်သည် ၄ ဦး နိုင်ငံတော် အတွက် အသက်ပေးလှူ ခဲ့ရပြီး စစ်သည်တချို့ ဒဏ်ရာ ရရှိကြောင်း သတင်း ရရှိပါသည်။ KIA အကြမ်းဖက် သောင်းကျန်းသူ ထံမှ အမ် ၂၂ သေနတ် ၁ လက် သိမ်းဆည်း ရရှိပါသည်။ တိုက်ပွဲဖြစ်စဉ် သတင်းများအား အချိန်နှင့် တပြေးညီ ထုတ်ပြန် သွားမည် ဖြစ်ကြောင်း အသိပေး အပ်ပါသည်။

မြ၀တီမှ

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်