KIA ဗဟိုဌာနချုပ် လိုင်ဇာတွင် မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကူးသူ ၀ရမ်းပြေး တရားခံ ၂၄ ဦး ခိုလှုံ လျက်ရှိပြီး ၄င်း တရားခံပြေးများမှာ KIA ၏ မိတ်ဖက် အဓိက စီးပွားရေးသမား များ ဖြစ်ကာ KIA မှာ လိုအပ် သည်များ ကာကွယ်စောင့်ရှောက် ပေးထားကြောင်း အစိုးရ မူးယစ်အထူးအဖွဲ့၏ ပြောကြား ချက်အရ သိရှိရသည်။ လတ်တလော အလိုရှိနေသော တရားခံ များ ထဲမှ ၀ိုင်းမော် မြို့နယ်၊ လဘန်ကျေး ရွာနေ လွမ်းဒေါင်၊ဟိုပင် မြို့နယ်မှ ဘရန်မိုင်နှင့် ဖားကန့်မြို့နယ်မှ တရန်တီ(ခ) အားတီတို့ သည်ဇန်န ဝါရီလ (၁၈)ရက်နေ့ ကလိုင်ဇာဟိုတယ်တွင်ဆေးကြောင်ကြောင်ပြီး အသက် (၁၀)နှစ် အရွယ်
မိန်းကလေးတစ်ဦးအား လူမဆန်စွာ အုပ်စုဖွဲ့  မုဒိန်းကျင့်ကာ လူသတ်မှုကျုးလွန်ခဲ့ကြောင်း KIAမှသတင်း ထုတ်ပြန် ထားသည်။လူမဆန်စွာ အကြိမ်ကြိမ် မုဒိန်းကျင့်ခံရပြီး သေဆုံးခဲ့သူ မအယ်ဆိုင်းလီ၊အသက်(၁၀)နှစ်၊ (ဘ)ဦးဂွမ်မော် ၊ဗန်းမော်မြို့  နေသူဖြစ်ပြီး လိုင်ဇာဟိုတယ်ရှေ့တွင် တောင်းရမ်း စားသောက် နေ သူ ဖြစ်ကြောင်း သိရှိရသည်။၎င်း မိန်းကလေးမှာ မိဘများဆုံးပါးသွားသဖြင့် တောင်းရမ်း စားသောက်နေသူ တစ်ဦး ဖြစ်ပြီး ခိုကိုး ရာမဲ့ နေသူ လည်းဖြစ်သည် ။KIAတာဝန်ရှိသူများက
မုဒိန်းကျင့် လူသတ် ခဲ့သော တရားခံများအား လိုင်ဇာ ဌာနချုပ်တွင် အရေးယူရန် ဖမ်းဆီးထားပေ မယ့် လည်း ၄င်းတရားခံများကို KIAခေါင်းဆောင်ဂမ်းရှောင်က လိုင်ဇာတွင် ခိုလှုံခွင့်ပေးပြီး တစ်ဖက်နိုင်ငံသို့  မူးယစ်ဆေးဝါးဖြန့်  ချိရေးဆောင်ရွက် ခိုင်းထားသူများ ဖြစ်နေသောကြောင့် အရေးမယူရဲကြောင်း သိရှိရသည်။KIA အကြမ်းဖက်ခေါင်းဆောင် ဂမ်းရှောင်ရဲ့ မျက်နှာ သာပေး တပည့်များက ယခုလိုလူသတ် မုဒိန်းကျင့်ခဲ့သော ကချင်အမျိုးသမီးငယ်များမှာ မရေတွက် နိုင် တော့ ကြောင်း သိရှိရသည်။
from စင်္ကာပူ
Time in Rangoon


0 comments:
Post a Comment