Tuesday, January 22, 2013

ရိုဟင်ဂျာ လူကုန်ကူးမှုမှာ ထိုင်းစစ်တပ် အကြီးအကဲတွေ ပါဝင်ပတ်သက်နေ

Posted by drmyochit Tuesday, January 22, 2013, under | No comments


ရိုဟင်ဂျာတွေကို ထိုင်းနိုင်ငံဖက် လူမှောင်ခိုတင်သွင်းနေတဲ့ လုပ်ငန်းတွေမှာ ထိုင်းစစ်တပ် အရာရှိတွေ ပါဝင်ပတ် သက်မှု ရှိနေကြောင်း ထိုင်းကာကွယ်ရေးဦးစီးချုပ် က ပြောတယ်လို့ မနေ့က ဇန်န၀ါရီလ ၂၀ရက်နေ့ ထုတ် ထိုင်းနိုင်ငံထုတ် ဘန်ကောက်ပို့စ်နဲ့ The Nation သတင်းစာတွေက ရေးသား ကြပါတယ်။

ပြည်တွင်း လုံခြုံရေး စစ်ဆင်ရေးအထူးတပ်ဖွဲ့ ISOC က အဆင့်မြင့် အရာရှိတွေပါ ထိုင်းနိုင်ငံထဲ ရိုဟင်ဂျာတွေ ကို မှောင်ခိုကူးရာမှာ ပါဝင် ပတ်နေကြောင်း ထိုင်းကာကွယ်ရေးဦးစီးချုပ် ပရာယု ချန်အို ချားက ပြောကြောင်း မနေ့က ဘန်ကောက်ပို့စ် သတင်း စာက ရေးသား ပါတယ်။

ဘင်္ဂလားဒေ့ရှ်-မြန်မာ နယ်စပ်က ရိုဟင်ဂျာမူဆလင်တွေကို ထိုင်းတောင်ပိုင်း ဆောင်ခလခရိုင် ကနေ မလေးရှားနိုင် ငံကို လူမှောင်ခိုကူးတဲ့လုပ်ငန်းတွေမှာ ထိုင်းစစ်တပ်က ဗိုလ်မှူးကနေ ဗိုလ်မှူးကြီး အဆင့်တွေ အထိ နှစ်ပေါင်းများစွာ ပါဝင်ပတ်သက်နေပြီး တခါတရံ ရိုဟင်ဂျာတွေကို စစ်တပ်က ကုန်တင်ကားတွေ ကိုသုံးပြီး တနေရာကနေတနေရာ ပို့ဆောင်ပေးခဲ့တယ်လို့ ဆိုပါတယ်။

ဒီအမှုကို ထိုင်းစစ်တပ်က စုံစမ်းစစ်ဆေးနေပြီး ဒီအရာရှိတွေကို ဖော်ထုတ်အရေးယူသွားမယ်လို့ ဗိုလ်ချုပ်ကြီးပ ရာယု က ပြောပါတယ်။ တချိန်ထဲမှာလည်း ဆောင်ခလခရိုင် ရာဘာစိုက်ခင်းတွေထဲက ဖမ်းဆီး မိခဲ့တဲ့ လှေစီးရိုဟင်ဂျာ တစ်ထောင်နီးပါးကို လူသားချင်းစာနာမှုနဲ့ ကိုင်တွယ်ဖြေရှင်းမှာ ဖြစ်သ လို တဖက်မှာလည်း ထိုင်ဥပဒေအရ တရားမဝင် နယ်မြေဝင်ရောက်မှုနဲ့ အရေးယူသွားမှာဖြစ်တယ်လို့ ထိုင်း ဒုဝန်ကြီးချုပ် ဆူရာပေါင်းက ပြောကြားထားပါတယ်။

From: RFA

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်