Tuesday, January 22, 2013

ငြိမ်းချမ်းရေးနဲ့ မြေမြှုပ်မိုင်း ရှင်းလင်းရေး ဒေါ်အောင်ဆန်း စုကြည် ပြောကြား

Posted by drmyochit Tuesday, January 22, 2013, under | No comments

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ကရင်အမျိုးသား အစည်းအရုံး KNU အဖွဲ့က တာဝန်ရှိသူတွေ နဲ့ တွေ့ဆုံ ခဲ့ရာမှာ ဒေသအတွင်းမှာ ကျန်နေသေး တဲ့ မြေမြှုပ်မိုင်းတွေ ရှာဖွေ ရှင်းလင်းပေးဖို့ကို အဓိကထား တိုက်တွန်းဆွေးနွေးခဲ့တယ်လို့ ဇန်န ၀ါရီလ ၂၁ရက်နေ့ ဒီကနေ့ ပြည်သူ့လွှတ်တော် ခေတ္တ နားနေ စဉ်မှာ သတင်းထောက်တွေရဲ့ မေးမြန်းမှုကို ဖြေကြားခဲ့ပါတယ်။

မနေ့က ဇန်န၀ါရီလ ၂၀ရက်နေ့မှာ ဒေါ်အောင်ဆန်းစုကြည်ဟာ ပဲခူးတိုင်းဒေ သကြီး၊ ကျောက်ကြီးမြို့နယ် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်တွေနဲ့ ပတ်သက်ပြီး ကရင် အမျိုးသား အစည်းအရုံး KNU အဖွဲ့က တာဝန်ရှိသူတွေနဲ့ မနေ့က သွားရောက်တွေ့ဆုံဆွေးနွေးခဲ့တာပါ။

ဒါ့အပြင် ကချင်ပြည်နယ်ငြိမ်းချမ်းရေး အပါအ၀င် ပြည်တွင်းငြိမ်းချမ်းရေး ဖေါ်ဆောင်မှုလုပ်ငန်းတွေမှာ အစိုးရက ပါဝင်စေချင်တယ်ဆိုရင် မိမိအနေနဲ့ ပါဝင်ဆောင်ရွက်ပေးဖို့လည်း အဆင်သင့်ရှိတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ထပ်မံပြောကြားခဲ့ပါတယ်။

From: RFA

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်