ကချင်ပြည်နယ်မှာဖြစ်နေတဲ့ တိုက်ပွဲတွေနဲ့ပတ်သက်ပြီး ၂၀၁၂ ခုနှစ်၊ ဇန်န၀ါရီလ(၁၉)ရက်နေ့ နံနက်(၆)နာရီက စပြီး တပ်မတော်မှ ထိုးစစ်ဆင်မှုများကို ရပ်တန့်ပေမယ့်လည်း KIA စစ်ဦးစီးချုပ် ဂမ်ရှောင် ကတော့ အကောင်း မမြင်ဘဲ အစိုးရနဲ့ တပ်မတော်ကို အပုပ်ချပြီး KIA တပ်တွေကို ဂရုတစိုက် အခြေအနေကြည့်၍ တိုက်ခိုက်ရန်၊ ငြိမ်းချမ်းရေးသည် KIA နဲ့မဆိုင်ဘဲ KIO ခေါင်းဆောင်များ နဲ့သာ သက်ဆိုင်ကြောင်း၊ KIA အနေနဲ့ အရင်ညွှန်ကြား ထားတဲ့အတိုင်းသာ ဆက်လက် တိုက်ခိုက်ရန် ညွှန်ကြား ထားကြောင်း သိရှိရတယ်။
ကချင်တိုင်းရင်းသားတွေနဲ့ ပြည်သူလူထုတွေကို ထောက်ထားငဲ့ညှာမှုမရှိဘဲ ကိုယ်ထင်ရာ ကိုယ်စိုင်းနေတဲ့ ဂမ်ရှောင်ဟာ သူ့ရဲ့ လက်အောက်ခံ KIA စစ်သားတွေကို နွားနဲ့ပင်ခိုင်းနှိုင်းပြီး နွားအုပ်တွေလို ပြန်ပြေး မလာနဲ့၊ အခြားတိုင်းရင်းသား(၁၀)ဖွဲ့ ငြိမ်းချမ်းရေးယူလည်း KIA က အပစ်အခတ်ရပ်မှာ မဟုတ်ဘူးလို့ ပြောနေ တာလည်း ကြားနေရပါတယ်။
ဂမ်ရှောင်ဟာ ဇန်န၀ါရီ(၁၁) ရက်နေ့ ရွှေဟင်္သာသတင်းဌာနနဲ့ တွေ့ဆုံမေးမြန်းချက်လုပ်တဲ့အချိန်မှာ KIA ယူနီဖောင်း အပေါ် အကျီ င်္သာဝတ်ထားပြီး အောက်ပိုင်းမှာ စစ်ဘောင်းဘီတောင် မ၀တ်နိုင်၊ ညာဘက်လက် တစ်ချောင်း လုံး လုံးဝမလှုပ်ရှားနိုင်အောင် ဒဏ်ရာရထားပေမယ့် ဗြောင်လိမ်ဗြောင်စား ဘုရား စကားပြောပြီး မိုက်တွင်းနက်နေတုန်းပဲရှိနေသေးတာ တွေ့ရတယ်။ ဒီအတိုင်းဆိုရင် ဘုရားသခင်နဲ့အတူ ကချင် တိုင်း ရင်းသား တွေက သူ့ကိုဒဏ်ခတ်ပြီး မကြာခင်မှာ မရှုမလှဇာတ်သိမ်းသွားမှာ သေချာသလောက်ဖြစ်နေ ပါပြီ။
Kachin Daily News
Time in Rangoon


0 comments:
Post a Comment