Tuesday, January 22, 2013

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ဖင်လန်နိုင်ငံ နိုင်ငံတကာဖွံ့ဖြိုးတိုးတက်ရေး ဝန်ကြီး Ms. Heidi Hautala ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

Posted by drmyochit Tuesday, January 22, 2013, under | No comments


Photo: နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ဖင်လန်နိုင်ငံ နိုင်ငံတကာဖွံ့ဖြိုးတိုးတက်ရေး ဝန်ကြီး Ms. Heidi Hautala ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

နေပြည်တော် ဇန်နဝါရီ ၂၁

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ဖင်လန်နိုင်ငံ နိုင်ငံတကာဖွံ့ဖြိုး တိုးတက်ရေးဝန်ကြီး Ms. Heidi Hautala ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ယနေ့ညနေ ၃ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတ အိမ်တော် သံတမန်ဆောင် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံရာသို့ နိုင်ငံတော်သမ္မတဦးသိန်းစိန်နှင့်အတူ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊ သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးတင်နိုင်သိန်း၊ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာမြအေး၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ဒေါ်မြတ်မြတ်အုန်းခင်နှင့် အဆင့်မြင့် အရာရှိကြီးများ တက်ရောက် ကြသည်။

ထို့သို့ တွေ့ဆုံရာတွင် မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးနှင့် တိုင်းရင်းသား လူမျိုးစုများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စွမ်းရည်မြင့်တင်ရေး ကိစ္စရပ်များတွင် ပါဝင်ကူညီဆောင်ရွက် ရေး၊ မြန်မာနိုင်ငံစီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် စီးပွားရေးပိတ်ဆို့မှုများ အပြီးတိုင်ဖယ်ရှားနိုင်ရန် ကူညီဆောင်ရွက်ရေး၊ အထူးအခွန်သက်သာခွင့်(GSP) ပြန်လည်ရရှိရေး ကိစ္စရပ်များ ဆောင်ရွက်ရေး၊ နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက် နိုင်မည့် သမိုင်းဝင်အခွင့်အရေး ရနေချိန်ဖြစ်သည့်အလျောက် နှစ်နိုင်ငံသံတမန် ဆက်ဆံမှု တိုးမြှင့်နိုင်ရေးနှင့် နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှု ပိုမိုတိုးတက်ရေးကိစ္စရပ်များကို ရင်းနှီး ပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးကြသည်။

အေးချမ်းမွန်မှ  မြ၀တီ  တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
https://www.facebook.com/excellencemedia
နေပြည်တော် ဇန်နဝါရီ ၂၁
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန် သည် ဖင်လန် နိုင်ငံ နိုင်ငံတကာဖွံ့ဖြိုး တိုးတက်ရေးဝန်ကြီး Ms. Heidi Hautala ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ယနေ့ ညနေ ၃ နာရီ တွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတ အိမ်တော် သံတ မန်ဆောင် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။ 

တွေ့ဆုံရာသို့ နိုင်ငံတော်သမ္မတဦးသိန်းစိန်နှင့်အတူ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊ သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးတင်နိုင်သိန်း၊ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာမြအေး၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ဒေါ်မြတ်မြတ်အုန်းခင်နှင့် အဆင့်မြင့် အရာရှိကြီးများ တက်ရောက် ကြသည်။

ထို့သို့ တွေ့ဆုံရာတွင် မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးနှင့် တိုင်းရင်းသား လူမျိုးစုများ ဖွံ့ဖြိုးတိုး တက်ရေး အတွက် စွမ်းရည်မြင့်တင်ရေး ကိစ္စရပ်များတွင် ပါဝင်ကူညီဆောင်ရွက် ရေး၊ မြန်မာနိုင်ငံစီးပွားရေး ဖွံ့ဖြိုးတိုး တက်မှု အတွက် စီးပွားရေးပိတ်ဆို့မှုများ အပြီးတိုင်ဖယ်ရှားနိုင်ရန် ကူညီဆောင်ရွက်ရေး၊ အထူး အခွန် သက်သာခွင့်(GSP) ပြန်လည်ရရှိရေး ကိစ္စရပ်များ ဆောင်ရွက်ရေး၊ နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက် နိုင်မည့် သမိုင်းဝင်အခွင့်အရေး ရနေချိန်ဖြစ်သည့်အလျောက် နှစ်နိုင်ငံသံတမန် ဆက်ဆံမှု တိုးမြှင့်နိုင်ရေး နှင့် နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှု ပိုမိုတိုးတက်ရေးကိစ္စရပ်များကို ရင်းနှီး ပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေး ကြသည်။

မြ၀တီ

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်