KIO လမိုင်ယန် တိုက်နယ်မှူးနှင့် အဖွဲ့သည် စီသော်ရွာတွင် သစ်လုပ်ကိုင်သူများထံမှ (၁၉) ရက်နေ့ တုန်းကငွေကောက် ခံခဲ့ကြောင်း သိရှိရသည်။ တိုက်နယ်မှူးနှင့် အဖွဲ့သည် သေနတ်ကိုယ်စီနှင့် စီသော်ရွာသို့ ရောက်ရှိလာပြီး အနီးပတ်ဝန်းကျင်တွင် သစ်လုပ်နေသူ တစ်ဦးကို (၅) သောင်းနှုန်းကောက် ခံခဲ့ကြောင်း သိရှိရသည်။
လမိုင်ယန်တိုက်နယ်မှူး အချိန်းအပြောင်းလုပ်မည်ဟု KIA တပ်ဖွဲ့ဝင်များအကြား သတင်းထွက်ပေါ် နေသော်လည်း တိုက်နယ်မှူးအဟောင်းသာ ငွေကောက်ခံခဲ့ကြောင်း သိရှိရသည်။ KIA တပ်ဖွဲ့ဝင်၏ ပြောဆို ချက်အရ ၎င်းတို့အဖွဲ့၏ ရံပုံငွေရှာဖွေနေရခြင်းမှာ အထောက်အပံ့မရှိ၍ အခုကဲ့သို့ ရှာဖွေနေရခြင်းဖြစ်ကြောင်း ဒီကချင်ပြည်မှာနေထိုင်လုပ်ကိုင်စားသောက်မည်ဆိုက ၎င်းတို့ကို အခွန်ငွေနှင့် ထောက်ပံ့မှုများကို လုပ်ဆောင် ပေးရမှာဖြစ်ကြောင်း ပြောကြားခဲ့သည်။
Time in Rangoon


0 comments:
Post a Comment