Tuesday, January 22, 2013

KIA တပ်ဖွဲ့ဝင်တစ်ဦး အစိုးရတပ်စခန်းသို့ အလင်းဝင်ရောက်

Posted by drmyochit Tuesday, January 22, 2013, under , | No comments

တာလောကြီး ဇန်န၀ါရီလ ၂၂ ရက်

ကေအိုင်အေ တပ်မဟာ(၂) ရင်း(၅)မှ တပ်သား ခိုသောင်းသည် တာလောကြီး တပ်စခန်းသို့ ယမန်နေ့ ညနေ ၃ နာရီခွဲခန့်က အလင်းဝင်ရော က်ခဲ့ကြောင်း သိရှိရသည်။ အလင်းဝင်ရောက်လာသူသည် တာလောကြီးမှ ရှမ်းလူမျိုးတစ်ဦးဖြစ်ကာ အသက်(၃၀)ခန့် ရှိကြောင်း သိရှိ ရသည်။ 



၎င်း၏ ပြောပြချက်အရ လွန်ခဲ့သောနှစ် ၁၀ လပိုင်း၍ တာလောကြီးနယ်အတွင်း ကေအိုင်အေမှ တပ်သား သစ် အဖြစ် စုဆောင်းသွားခြင်းခံရပြီး မုန်ဆန်ယန်တွင် သင်တန်းတက်ကာ တပ်မဟာ(၂) ရင်း(၅) တွင် တာဝန် ထမ်း ဆောင်ခဲ့ရကြောင်း ကေအိုင်ကေတပ်ဖွဲ့တွင်း နေထိုင်စဉ်အတွင်း ရှမ်းလူမျိုးများကို ခွဲခြားဆက် ဆံခြင်း၊ ရိက္ခာအပြည့်အ၀ မရရှိခြင်း၊ စစ်တိုက်ဖို့သာ အမိန့်ပေးနေခြင်းတို့ကြောင့် အလင်းဝင် ရောက်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းမှပြောကြားခဲ့ ပါသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်