Tuesday, January 22, 2013

ကာမိုင်းမှ ကေအိုင်အေတို့ ဖမ်းဆီးသွားသော လျှပ်စစ်ဝန်ထမ်း (၂) ဦးလွတ်မြောက်


ကာမိုင်း ဇန်န၀ါရီလ ၂၂ ရက်

(၁၉) ရက်နေ့ နံနက်တွင် ကာမိုင်းရဲစခန်းအား ကေအိုင်အေအဖွဲ့မှ ၀င်ရောက်စီးနင်းတိုက်ခိုက်ခဲ့ပြီး ရဲစခန်း အား မီးရှို့ဖျက်ဆီးကာ လျှပ်စစ်ဝန်ထမ်း (၂) ဦးကို ဖမ်းဆီးသွားခဲ့ကြောင်းသိရှိရပါသည်။ လျှပ်စစ် ၀န်ထမ်း (၂) ဦးအား KIA အဖွဲ့ နေထိုင်ရာ နေရာသို့ လက်ပြန်ကြိုးတုတ်ကာ မျက်နှာအား အ၀တ်စည်းပြီး ခေါ်ဆောင် သွားခဲ့ပြီး ၎င်းတို့စခန်းတွင် စစ်ဆေးမေးမြန်းမှုများကို ပြုလုပ်ပြီး ရဲတပ်ဖွဲ့ဝင် မဟုတ်သည့် အတွက် မံဒင် ရွာသို့ ပြန်လည်ခေါ်ဆောင်ခဲ့ပြီး လွှတ်ပေးခဲ့ကြောင်း သိရှိရသည်။ ၀န်ထမ်း (၂) ဦးသည် ကာမိုင်းမြို့ လျှပ်စစ်ဝင်း အတွင်း ၎င်းတို့၏ နေအိမ်သို့ ယမန်နေ့ညနေ (၄) နာရီတွင် ရောက်ရှိ နေထိုင် နေကြောင်း သိရှိရသည်။


0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်