
KIA ၏ အကြမ်းဖက် တိုက်ခိုက်ခံ ရမှုကြောင့် အရှည် ၁၀၀ ပေ ရှိ ၂ ထပ် ၀န်ထမ်း အိပ်ဆောင် မီးလောင် ပျက်စီးခဲ့သည်။ ၂၀၁၃ ခုနှစ် ဇန်န၀ါရီလ ၁၈ ရက်နေ့ ရက်စွဲဖြင့် ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် သတင်း ထုတ်ပြန်ရေး အဖွဲ့မှ သတင်း ထုတ်ပြန်ချက် (၃/၂၀၁၃) ထုတ်ပြန်ပြီး KIA အဖွဲ့ အနေဖြင့် စစ်ရေးနှင့် မသက်ဆိုင်သည့် ပစ်မှတ်များအား တတိယ အကြိမ်မြောက် တိုက်ခိုက်ခြင်း ဖြစ်သည်။ KIA အဖွဲ့၏ အကြမ်းဖက် တိုက်ခိုက်မှုကြောင့် ဒေသတည်ငြိမ်ရေး နှင့် တရားဥပဒေ စိုးမိုးရေးကို များစွာ ထိခိုက်မှု ဖြစ်ပေါ်စေမှု အပေါ် ဒေသခံ ပြည်သူများမှ များစွာ စိတ်ပျက်လျက် ရှိကြောင်း နှင့် KIA လက်နက်ကိုင် အကြမ်းဖက် သောင်းကျန်းသူ အဖွဲ့အား အပြင်းအထန် ပြစ်တင် ရှုတ်ချလျက် ရှိကြောင်း သိရှိရသည်။
0 comments:
Post a Comment