Tuesday, January 22, 2013

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၏ ထူးချွန်မှုကြောင့် ငွေကျပ် ၆၆၆ သိန်း ခိုးပြေးသော အငှားယာဉ်မောင်းအား နှစ်ပတ်အကြာတွင် ဖမ်းမိ

Posted by drmyochit Tuesday, January 22, 2013, under , | No comments

From :7day

ကားစက်ပျက်သွားသည်ဆိုသောကြောင့် ဘဏ်မှ ငွေထုတ်လာသော ခရီးသည်နှစ်ဦးက ဆင်း၍ တွန်းပေးနေ စဉ် ကားပေါ်ပါ ငွေကျပ် ၆၆၆ သိန်းအား မောင်းနှင်ထွက်ပြေးသွားသော တက္ကစီ ယာဉ်မောင်း အား ရက် သတ္တပတ်နှစ်ပတ်အကြာတွင် ကမာရွတ်ရဲစခန်းမှ ဖမ်းဆီးရမိကြောင်း သတင်းရရှိသည်။

ဖမ်းဆီးရမိသော ယာဉ်မောင်းသိုးကိုကိုမောင်သည် (၄၁)တိုးချဲ့ရပ်ကွက် ဒဂုံမြို့သစ်(မြောက်ပိုင်း)တွင် ဇနီးဖြစ်သူ မစန္ဒာဦးနှင့်အတူ နေထိုင်ပြီး ခိုးယူသွားသော ငွေများဖြင့် သိန်းသုံးရာတန် အယ်လ် ဖတ်ယာဉ် တစ်စီးနှင့် ရွှေနန်းတော်၊ အောင်သမာဓိရွှေဆိုင်များမှ ရွှေ၊ ငွေ လက်ဝတ်ရတနာ ကျပ်သိန်း ၇၀ ဖိုး ၀ယ်ယူ ခဲ့ ကာ၊ အဖမ်းမခံရမီ မိသားစုနှင့်ခရီးထွက်ခဲ့သေးသည်။ ထို့ကြောင့် ဇန်န၀ါရီ ၂၀ ရက် နံနက် ၁၁ နာရီကျော် တွင် ဒဂုံမြို့သစ်(မြောက်ပိုင်း)၌ ၎င်းအားဖမ်းဆီးရမိခဲ့ရာ ၎င်းတို့နှင့်အတူ ၅င/xxxx အယ်လ်ဖတ် ယာဉ်တစ်စီး၊ ၄ ကျပ် ၄ ပဲသားရှိ လက်ကောက် ၁၆ ကွင်း၊ ၂ ကျပ်သား ရွှေလက်စွပ် ၂ ကွင်း၊ ၃ ကျပ်သား ဆွဲကြိုး အကြီးတစ်ကုံး၊ ၁ ကျပ် ၈ ပဲသား ဟန်းချိန်းတစ်ခု၊ ၁ ကျပ် ၁၀ ပဲရှိ ရွှေဆွဲကြိုးတစ်ကုံးနှင့် ငွေစ က္ကူရောရော ကျပ် ၆၄ သိန်းတို့အား သိမ်းဆည်းရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က ယနေ့ သတင်းထုတ်ပြန်သည်။

ဇန်န၀ါရီ ၇ ရက်က သလ္လာမွန်ပဲကုမ္ပဏီကိုယ်စားလှယ် ကိုအောင်ဇေယျသည် သူငယ်ချင်းဖြစ်သူ ကိုနှင်းမောင်မောင်နှင့် အတူ ကမာရွတ်မြို့နယ် ပြည်လမ်း ကမ္ဘောဇဘဏ်မှ ငွေကျပ် ၆၆၆ သိန်းအား ထုတ် ယူ၍ ဘဏ်အနီးရှိ ချယ်ရီဝက်ဂွန်တက္ကစီအငှားယာဉ်အား ငှားရမ်းစီးနင်းခဲ့ရာ ကမာရွတ်မြို့နယ် စိုက်ပျိုးရေး မှတ်တိုင် အနီးတွင် ကားစက်ပျက်သွားသည်ဆို၍ ပိုက်ဆံထုပ်ကို ကားပေါ်တွင်ထားကာ ကားဆင်း တွန်းပေးနေ စဉ် အဆိုပါယာဉ်မောင်း သိုးကိုကိုမောင်က မောင်းနှင်ထွက်ပြေးသွားခြင်းဖြစ်သည်။

From: http://www.myanmarexpress.net/2013/01/blog-post_7087.html

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်