Tuesday, January 22, 2013

KIAအကြမ်းဖက်သောင်းကျန်းသူများက ပြည်သူများကိုသာမက သာသနာတော်ကိုပါ ထိခိုက်အောင်လုပ်လာပြီ

ဖားကန့် မြို့နယ် ဆိုင်းဂျာဘွမ်ကျေးရွာရှိ ရတနာစံ ဘုန်းတော်ကြီး ကျောင်း ကျောင်းထိုင်ဆရာတော် ဦးဝံသာရ၊သက်တော်၄၆နှစ်အား ဇန်န ဝါရီလ ၂၀ရက် မွန်းလွဲပိုင်းတွင် KIAတပ်မဟာ(၁)၊တပ်ရင်း(၃) ကဗိုလ်ကြီး အဆင့်ရှိ ဘရန်နူး ဦးစီး အင်အား၂၈ယောက်က ဆရာတော် အား မြန်မာ့ မျိုးချစ်တပ်မတော် သတင်းပေးဟုဆိုကာ ဖမ်းဆီး ခေါ်ဆောင်သွားခဲ့ကြောင်း အဆိုပါကျောင်းမှ ဦးဇင်းရှင်ခေမာ သက ပြောသည်။

ဦးဇင်းက

"ဦးဇင်းတို့ ကဆွမ်းစားပြီးလို့ ကျိန်းမလို့ ရှိတုန်း အော်သံကြားလို့ ထွက်ကြည့်တာလေ..ကျောင်းထဲကိုသူတို့  အုပ်စုလိုက် ပြေးဝင်လာပြီး ကျောင်းပေါ်မှာ ကျိန်းနေတဲ့ ဆရာတော်ကြီးကို သူပုန် ၃ယောက်က ဒရွတ်တိုက် ဆွဲခေါ် သွားတာ...ဦးဇင်းတို့ က ဒကာကြီးတို့ မှားလိမ့်မယ်....မလုပ်ပါနဲ့ လို့ တောင်းပန်တာကို သူတို့ က သေချင် လို့ လားဆိုပြီး ပြောပြောဆိုဆို သေနတ်နဲ့  ဦးဇင်းတို့ ကို သူပုန်တစ်ယောက်က ချိန်ထားတာ...

ဒါနဲ့ ဦးဇင်းလည်းဘာမှမပြောတော့ဘူး..ဆရာတော်ကြီးကို ဦးဇင်းတို့  ကျောင်းက ကိုရင်တွေနဲ့ ဦးဇင်းတို့ ကန်တော့ လိုက်သေးတယ်...သူပုန်တွေက မြန်မာ့မျိုးချစ်တပ်မတော် ကို သူတို့ သတင်းတွေ ပေးတယ် ဆိုပြီး လာဖမ်းတာ"ဟုပြောသည်။ရတနာစံဘုန်းတော်ကြီးကျောင်းတွင် ဆရာတော်ကြီး အပါအဝင် ဦးဇင်း ၃ပါး၊ ကိုရင် ၇ပါးရှိပြီး ဆိုင်းဂျာဘွမ်ကျေးရွာနှင့်အနီးတဝိုက်ရှိ ကျေးရွာများ အဓိကကိုးကွယ်ကာ ရက်ကြီး ခါကြီးနေ့ များတွင် ၄င်းကျောင်းတွင်ဥပုပ်သီလ စောင့်ကြသည်။

From : စင်္ကာပူဖီးလ်

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်