Tuesday, January 22, 2013

ကာမိုင်းရဲစခန်း၊ အပြစ်မဲ့ပြည်သူများနဲ့ အရပ်ဘက်ပစ်မှတ်တွေကို တိုက်ခိုက်သတ်ဖြတ်မှုများ ဆက်တိုက်ဆောင်ရွက်နေတဲ့ KIA အကြမ်းဖက်လက်နက်ကိုင်အဖွဲ့

Posted by drmyochit Tuesday, January 22, 2013, under | No comments



မြန်မာနိုင်ငံသတင်းထုတ်ပြန်ရေးအဖွဲ့ရဲ့ ဇန်န၀ါရီလ ၁၈ ရက်နေ့ရက်စွဲနဲ့ ထုတ်ပြန်ချက်ကို ဖတ်ရပါတယ်။ ထုတ်ပြန် ချက်ထဲက မြေပုံမှာ လဂျားယန်တပ်စခန်းလေးတစ်ခုထဲသာ အပြာရောင်တွေ့ရပြီး အနီရောင်ခြယ် ထားတဲ့ KIA စခန်းနေရာတွေကတော့ မှိုလိုပေါက်နေပါလားဗျာ။ ဘဲအုပ်က တစ်ရာနှစ်ရာ မဗေဒါက တစ်ပင်တည်း ဆိုသလိုပါပဲ။

အင်အားအနည်းငယ်သာရှိတဲ့ နယ်မြေလုံခြုံရေး စစ်တပ်စခန်းလေးတစ်ခုကို အင်အားထောင်ချီ ၀ိုင်းရံကာ အစာပြတ်ပြီးသေအောင် လုပ်တဲ့ KIA ရဲ့ နောက်ဆုံးပေါ် စစ်နည်းဗျူဟာကတော့ အံ့မခန်းပါပဲ။ ကျွန်တော် ဗန်းမော် သားပါ။ အခြေအနေတွေကို အမှန်အတိုင်းသိနေတဲ့ ဒေသခံတစ်ဦးဆိုလဲ မမှားပါဘူး။ ဒါကြောင့် ကျွန်တော်မြင် တဲ့အတိုင်းပဲပြောပါမယ်။

သတင်းထုတ်ပြန်ရေးအဖွဲ့ကဖော်ပြထားတဲ့ ကိန်းဂဏန်းတွေအရ တပ်အနေနဲ့ မိမိကိုယ်ကို ခုခံခြင်း သာ လုပ်နေချိန်မှာ KIA တွေက အခွင့်အရေးယူပြီး တိုက်ခိုက်မှုတွေလုပ်နေခဲ့တယ်ဆိုတာထင်ရှားပါတယ်။

နိုင်ငံတော် သမ္မတရဲ့ ညွှန်ကြားချက်ကို တပ်ရဲ့ထုံးစံအတိုင်း တိတိကျကျလိုက်နာခဲ့တာပါ။ အသက်တွေ အများကြီးပေး ဆပ်ပြီး စိတ်ရှည်စွာနဲ့ သည်းခံလိုက်နာခဲ့ရတာဖြစ်ပါတယ်။ နောက်ဆုံးတော့ ကိုယ့် တပ်စ ခန်းတွေ ကို ၀ိုင်းပတ်တိုက်ခိုက်ခံရသည်အထိကို စိတ်ရှည်သည်းခံခဲ့ရပါတယ်ဗျာ။ တပ်ကမိမိတို့ ရိက္ခာပို့ ရန်ရှိပါ တယ်။ မနှောင့်ယှက်ပါနဲ့လို့ KIA တွေဆီကို စာနဲ့ကြိုတင်အသိပေးခဲ့မှုတွေဟာ KIA တွေအ တွက်တော့ တပ်ရဲ့လှုပ်ရှားမှု သတင်းကိုရတယ်လို့ပဲ ယူဆမယ်ထင်တယ်ဗျ။ အကွက်ကောင်းေ စာင့်နေသူ KIA တွေက အင်အားအလုံးအရင်းနဲ့ စောင့်ကြိုတိုက်ခိုက်ကြပါတော့တယ်။ ဒီဇင်ဘာ ၂၃ ရက်နေ့မှာ လဂျား ယန်ကို ရိက္ခာပို့ဖို့ရှိတဲ့အတွက် နောက်ဆုတ်ပေးဖို့ KIA ဆီကို ကြိုတင် အကြောင်းကြား ခဲ့ပါတယ်။ ဒီတစ်ကြိမ် မှာလည်း ထုံးစံအတိုင်း KIA တို့က အခွင့်အရေးယူတိုက်ခိုက်ခဲ့ကြပြန်ပါတယ်။ တကယ်တော့ တပ်က လဂျားယန်ဒေသကိုတိုက်တာဟာ နေရာယူ ထားတဲ့ KIA လက်နက်ကိုင် အဖွဲ့တွေ ကို မဖြစ်မနေ လိုအပ်ချက်အရ အကန့်အသတ်နဲ့ တိုက်ခိုက်ခဲ့ရတဲ့သဘောပါပဲ။ ဘယ်ရွာသားတစ်ဦး တစ်ယောက်မှ ထိခိုက်သေဆုံး ရအောင် မဖြစ်စေခဲ့ပါဘူး။ 

ယခင် ငြိမ်းချမ်းစဉ်တုန်းက ဗန်းမော်ကနေ မြစ်ကြီးနား၊ ဗန်းမော်ကနေ နမ့်ခမ်း၊ ဗန်းမော်ကနေ လိုင်ဇာ နေ့ည မရွေး သွားလာနိုင်ခဲ့တဲ့ အခြေအနေဟာ အခုတော့ လုံးဝကွာခြားသွားပါပြီ။ အခုဆို ဗန်းမော်မြို့ ကထွက်တာနဲ့ ဘယ်နားမှာများ KIA မိုင်းထောင်ထားမလဲ၊ ဘယ်နားမှာပဲ KIA က ချောင်း ပစ်လေ မလဲဆိုတဲ့ စိုးရိမ်စိတ်တွေနဲ့ သွားလာနေရပါတယ်။ 

လဂျားယန်စခန်းနဲ့ပတ်သက်လို့လဲ ကျွန်တော်နဲနဲပြောချင်ပါတယ်။ ဗန်းမော်-မြစ်ကြီးနားလမ်း၊ လိုင်ဇာ လမ်းခွဲနားမှာ လဂျားယန်ရွာရှိပါတယ်။ မိုးလဲချောင်းတံတားကို ဖြတ်ပြီးတာနဲ့ ညာဘက်ကွေ့သွားရင် လိုင်ဇာ ကိုရောက်မှာဖြစ်ပြီး ဘယ်ဘက်ကွေ့ရင်တော့ လဂျားယန်ရွာ၊ အဲဒီကတစ်ဆင့် ဆက်သွား ရင် မြစ်ကြီးနားကို ရောက်မှာပါ။ လဂျားယန်စခန်းကတော့ လဂျားယန်ရွာရဲ့ အရှေ့တောင်ကြောပေါ်မှာ ရှိပါတယ်။ 

လဂျားယန်မှာရှိတဲ့ မြန်မာ့တပ်မတော်စခန်းဟာ KIA အဖွဲ့ ငြိမ်းချမ်းရေးမယူခင် ကျွန်တော်တို့ ငယ်ငယ်ကတည်းက မြန်မာစစ်တပ် နယ်မြေလုံခြုံရေးယူထားတဲ့နေရာပါ။ နောက်ပိုင်း ၁၉၉၄ မှ KIA အဖွဲ့ ငြိမ်းချမ်းရေးရလာပြီး လိုင်ဇာမြို့ကို တည်ပြီးတော့ KIA တွေလဂျားယန်တစ်ဝိုက်မှာ အခြေချလာကြတာပါ။ ၂၀၁၁ ခုနှစ်မှာ အစိုးရတပ်နဲ့ KIA ပစ်ခတ်မှုတွေစတင်ပြီးတာနဲ့ KIA တပ်ဖွဲ့တွေက မြန်မာစစ်တပ်စခန်းကို ၀ိုင်းဝန်းပိတ်ဆို့ပြီး နေရာယူလာကြတာ ဖြစ်ပါတယ်။

KIA တွေက ဗန်းမော်-မြစ်ကြီးနား ဆက်သွယ်ရေးကားလမ်းမကြီးကို နည်းမျိုးစုံနဲ့ပိတ်ဆို့ထား တဲ့အတွက် ကုန်ဈေးနှုန်းတွေ တက်လာတဲ့ဒုက္ခတွေကို ဒေသခံ ပြည်သူတွေကပဲ အလူးအလဲ ခံစားနေကြရ ပါတယ်။ ပြည်သူတွေ သွားလာဆက်သွယ်မှု အဆင်ပြေချောမွေ့စေရေးနဲ့ အသက်အိုးအိမ်စည်း စိမ်ကာ ကွယ်ဖို့ အတွက် တပ်က တာဝန်ရှိတဲ့အတိုင်းလုပ်ရမှာပါပဲ။ သို့ပေမယ့် အစိုးရတပ်ဟာ အင်အားကိုအလွန် အကျွံမ သုံးဘဲ ကန့်သတ်နယ်မြေ တစ်ခုအတွင်းသာ ထိန်းထန်းသိမ်းသိမ်း ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။ ကိုယ့်ကို ကိုယ် ကာကွယ်တယ်ဆိုတဲ့ နေရာမှာ ကိုယ့်နေရာတစ်ခုတည်းကနေ ထိုင်စောင့်ပြီး ကာကွယ်ရုံနဲ့ မပြီးပါ ဘူး။ ကိုယ့်ကိုလာတိုက်မယ့်ရန်သူကို မတိုက်နိုင်အောင် ကာကွယ်တာလည်း မိမိကိုယ်ကို ခုခံပိုင်ခွင့် ပဲမဟုတ်ဘူး လားဗျာ။

နိုင်ငံတော် အစိုးရမှ မြစ်ကြီးနား-ဗန်းမော် ပြည်ထောင်စုလမ်းမကြီး လုံခြုံရေးအတွက် လိုအပ်သည့် ကန့်သတ် ရည်မှန်းချက်များကို ရရှိပြီးဖြစ်တဲ့အတွက် ဇန်န၀ါရီလ ၁၉ ရက်နေ့ ၀၆၀၀ နာရီကစတင်ပြီး လဂျား ယန် ဒေသ နယ်မြေရှင်းလင်းမှုစစ်ဆင်ရေးများကို ရပ်ဆိုင်းမှာဖြစ်ကြောင်း၊ ငြိမ်းချမ်းရေးဆွေးနွေးပွဲ များကို ဆက်လက် ဆောင်ရွက်မှာဖြစ်ကြောင်း ကြေညာပြီး ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့က KIA ထံ ဆက်သွယ်ကမ်းလှမ်းခဲ့ ပါတယ်။ 

KIA ရဲ့ ပထမဆုံးတုံ့ပြန်မှုကတော့ ၁၉ ရက်နေ့မနက်မှာ ကာမိုင်းရဲစခန်း ကို အင်အားအများအပြားနဲ့ ၀င်စီးပြီး အဆောက်အဦတွေ မီးရှို့ဖျက်ဆီးခဲ့တာပါပဲ။ KIA အဖွဲ့ရဲ့ တိုက် ခိုက်မှုကြောင့် ရဲတပ်ဖွဲ့ဝင် ၂ ဦး အသက် ဆုံးရှုံးခဲ့ပြီး ဒေသခံပြည်သူအချို့လည်း ဒဏ်ရာရရှိခဲ့ ပါတယ်။ ကာမိုင်းရဲစခန်းကို တိုက်ခိုက်ဖျက်ဆီးခဲ့တာ ဒါပါနဲ့ဆို နှစ်ကြိမ်ရှိပါပြီ။ ရဲတပ်ဖွဲ့ဆိုတာ နိုင်ငံတကာမှာ ရပ်ရွာ တရားဥပဒေစိုးမိုးရေးကို ဆောင်ရွက်ရတဲ့စစ်ဘက်နဲ့ မဆိုင်တဲ့ အရပ်ဘက်အဖွဲ့အစည်း တစ်ရပ်သာဖြစ်ပါ တယ်။ ရဲတပ်ဖွဲ့ကိုတိုက်ခိုက်ခြင်းဟာ အရပ်ဘက်ပစ်မှတ် တစ်ခုကို တိုက်ခိုက်တာလို့ပဲ ယူဆရမှာဖြစ်သလို တရားဥပဒေစိုးမိုးမှုကို ဖျက်ဆီးတာလည်းဖြစ်ပါတယ်။


အစိုးရက ငြိမ်းချမ်းရေးကမ်းလှမ်းပြီးတဲ့နောက် KIA ရဲ့ဆိုးရွားလှတဲ့လုပ်ရပ်ကတော့ ဗန်းမော်-လွယ်ဂျယ် လမ်းမှာ ခရီးသည်တင်ကား ၂ စီးကို မိုင်းခွဲ တိုက်ခိုက်ခဲ့တာပါပဲ။ အဲဒီလို ကေအိုင်အေအဖွဲ့ရဲ့ ယုတ်မာ ရက်စက်စွာ တိုက်ခိုက်မှုကြောင့် အပြစ်မဲ့ ခရီးသွား (၂၂)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။


နိုင်ငံတော်အစိုးရရဲ့ ငြိမ်းချမ်းရေးကမ်းလှမ်းမှုကို ကုလသမဂ္ဂအတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်း ကိုယ်တိုင်က ဇန်န၀ါရီလ ၂၀ ရက်နေ့မှာ ကြိုဆိုခဲ့ပေမယ့် တစ်ရက်တည်းမှာပဲ ကေအိုင်အိုက ထုတ်ပြန် လိုက်တဲ့ ကြေငြာချက်ကို တွေ့လိုက်ရတော့ ပြည်သူတွေ တော်တော်လေး အံ့သြတုန်လှုပ်မိကြပါတယ်။ အစိုးရက သဘောထားကြီးစွာကမ်းလှမ်းထားတဲ့ တွေ့ဆုံဆွေးနွေးရေးကို KIO က လက်မခံနိုင်ဘဲ ဘာမဆိုင်ညာမဆိုင် UNFC အနေနဲ့သာ ဆွေးနွေးသင့်တယ်လို့ ဆိုနေပါလားဗျာ။ KIA ရဲ့ ကချင်ပြည် နယ်သူ၊ ကချင်ပြည်နယ်သားတွေအပေါ် ထားရှိတဲ့သဘောထားကတော့ဘယ်သူသေသေ၊ ငတေ မာပြီးရောဆိုတာလိုမျိုးပါပဲဗျာ။

KIO ခေါင်းဆောင်ပိုင်း လူနည်းစုရဲ့ အာဏာကိုမက်မောစွာဖက်တွယ်ထားလိုတဲ့စိတ်ဟာ ကချင်ပြည်နယ် ကို စစ်ပွဲအတွင်းသို့ဆွဲခေါ်နေပါတော့တယ်။ KIA အဖွဲ့တစ်ဖွဲ့လုံးရဲ့လုပ်ရပ်တွေဟာ ကျွန်တော်တို့ အကြမ်း ဖက် အဖွဲ့အစည်းပါဗျာလို့ ဖော်ပြနေသလို KIA ခေါင်းဆောင်ပိုင်းရဲ့ အာဏာမက်မော ပြီး ငြိမ်းချမ်းရေး လိုလားမှု မရှိတဲ့ သဘောထားတွေဟာလည်း အကြမ်းဖက်အဖွဲ့အစည်း ရဲ့ ခေါင်းဆောင်ေ တွပီသကြောင်း လှစ်ဟပြနေ သလိုသာ ရှိပါကြောင်း ရေးသားလိုက်ပါတယ်။


ဗန်းမော်သား

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်