Tuesday, January 22, 2013

စစ်တပ်ကို ထိုးစစ်ရပ်ခိုင်းလိုက်ချိန် KIA မှ ကာမိုင်းရဲစခန်းကို ၀င်စီး၊ ရဲများကိုသတ်ဖြတ်ပြီး လွယ်ဂျယ်လမ်းက ကား(၃)စီးကို မိုင်းခွဲ

နိုင်ငံတော် အစိုးရ အနေနဲ့ ကချင်ပြည်နယ်၊ လဂျားယန်ဒေသအနီးမှာရှိတဲ့ KIA တပ်စခန်းတွေကို ဗမာ စစ်တပ်က တိုက်ခိုက်နေတာတွေ ၂၀၁၃ ခုနှစ်၊ ဇန်န၀ါရီလ(၁၉)ရက်နေ့(၆)နာရီကနေစပြီး ရပ်တန့် ဖို့အကြောင့် လဂျားယန်ဒေသက ပိတ်မိနေတဲ့ စစ်တပ်စခန်း တစ်ခုကို ချိတ်ဆက်နိုင်ဘို့ မလွဲမရှောင် သာတိုက်ရကြောင်း၊ KIA နဲ့မပတ်သက်တဲ့ အရပ်သားပစ်မှတ်တွေကို မထိခိုက်အောင် ဂရုတစိုက် ပစ်ခတ်ခဲ့ကြောင်း၊ ဆက်လက်ပြီး ပစ်ခတ်တိုက်ခိုက်ခြင်းမပြုရန် ညွှန်ကြားထားပြီးဖြစ်၍ KIA အနေနဲ့လည်း တပ်မတော် စစ်ကြောင်းများကို လိုက်လံပစ်ခတ်ခြင်း၊ လမ်းနဲ့မြို့ရွာတွေမှာ မိုင်းထောင် ဖောက်ခွဲခြင်းတွေ မပြုလုပ် ဖို့ လိုအပ်ကြောင်း ဇန်န၀ါရီ (၁၈)ရက်နေ့ ည(၈)နာရီမှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။



ဒီလိုအမိန့်ထုတ်ပြန်လိုက်လို့လားမသိပါ။ KIA ရဲ့ ပွန်ပြန်ဘွန်တောင်ကုန်းကို တိုက်နေတဲ့ စစ်တပ်ရဲ့ ပစ်ခတ်သံ တွေငြိမ်သွားကြောင်း ကြားသိရပါတယ်။ ဒါပေမယ့် ငြိမ်းချမ်းရေးကို မလိုလားဘဲ စစ်ရေး အရသာဖြေရှင်း လိုတဲ့ KIA ကတော့ ဇန်န၀ါရီလ(၁၉)ရက်နေ့ မနက်(၅)နာရီလောက်မှာ ကာမိုင်းမြို့နယ် ရဲစခန်း ကို ၀င်တိုက်ပြီးတော့ ရဲစခန်းထဲက အဆောက်အဦတွေကို မီးရှို့ဖျက်ဆီးခဲ့ပါတယ်။ တစ်ချိန် တည်းမှာဘဲ ဇန်န၀ါရီလ(၁၉)ရက်နေ့ နေ့လည်ပိုင်းမှာ ဗန်းမော်ကနေ လွယ်ဂျယ်ကိုသွားတဲ့ အရပ် သားခရီးသည် တင်ယာဉ်(၃)စီးကို မိုင်တိုင်(၂၇) အနီးမှာ အရပ်သားပြည်သူလူထုတွေပါဝင်မှန်းသိပါလျက်နဲ့ မိုင်း(၃)လုးနဲ့ ဖောက်ခွဲတိုက်ခိုက်လိုက်လို့ အပြစ်မဲ့ ပြည်သူ ကျား(၁၈)ဦး၊ မ(၄)ဦး ခန္ဓာကိုယ်အနှံ့အပြားမှာ ဒဏ်ရာတွေရပြီး ဗန်းမော်မြို့ ပြည်သူ့ဆေးရုံမှာ တက်ရောက်ဆေးဝါးကုသနေကြောင်း သိရှိရပါတယ်။

ယခုလို စစ်တပ်က ပြင်းပြင်းထန်ထန် တိုက်နေချိန်မှာ နိုင်ငံတော်အစိုးရက တစ်နိုင်ငံလုံး ငြိမ်းငြိမ်းချမ်း ချမ်းဖြစ် စေချင်လို့ ထိုးစစ်ရပ်ခိုင်းတာ KIA က ကျေးဇူးတင်နေရမဲ့အစား တမင်သက်သက်ကို ဆန့်ကျင် ဘက်လုပ်ရပ်တွေ နဲ့ အရင်ကထက်ကိုပိုပြီး ပြည်သူလူထုကိုပါ အကြမ်းဖက်တိုက်ခိုက်လာတဲ့အတွက် KIA ဟာ ငြိမ်းချမ်းရေး လမ်းကြောင်းပေါ်တက်လာနိုင်မှာ မဟုတ်တော့ကြောင်း ကချင်ပြည်နယ်အကြောင်း လေ့လာ သူတစ်ဦးက ပြောပြပါတယ်။

ယခင် နိုဝင်ဘာ(၃၀)ရက်နေ့ တရုတ်နိုင်ငံ၊ ရွှေလီမြို့မှာပြုလုပ်တဲ့ စစ်တပ်အကြီးအကဲများပါဝင်ပြီး ရလဒ်ကောင်း တွေရနိုင်မယ့်ဆွေးနွေးပွဲမှာ KIA က ကလျော်ကမယ်ပြုခဲ့လို့ ငြိမ်းချမ်းရေးလမ်းစပျောက်ပြီး ပြည်သူတွေ မကျေ မနက်ဖြစ်ခဲ့ပြီး ယခုလည်း နိုင်ငံတော်က ငြိမ်းငြိမ်းချမ်းချမ်းဖြစ်စေချင်လို့ စစ်တပ်ကို တားပေး တာကို ဘာငြိမ်းချမ်းရေးမှ မလိုဘူး၊ တိုက်မယ်ဆိုတဲ့သဘောမျိုး ချိုးလာတာကြောင့် KIA အပေါ် ပြည်သူလူ ထုမှ ရွံ့မုန်း လျက်ရှိပြီး အမြစ်ပြတ်အောင်သာ တိုက်ကြပါတော့လို့ မြစ်ကြီးနားမြို့ခံတစ်ဦးက ပြောပြပါတယ်။


0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်