တရုတ်နိုင်ငံရှိ ဘဏ်တစ်ခုသည်အိမ်ထောင်သည် အမျိုးသားများ၏ ၀င်ငွေကို ၎င်းတို့၏ အိမ်ရှင်မ ဘဏ်အ ကောင့် ထဲသို့ အလိုအလျောက် လွှဲပြောင်းပေးနိုင်သော ၀န်ဆောင်မှုစနစ်ကို စတင်လိုက် သောကြောင့် တရုတ် အိမ်ထောင်သည် အမျိုးသားအများစုက လွန်စွာစိတ်ပျက်နေကြောင်း သိရသည်။
၎င်းတို့က အဆိုပါ စနစ်အား တရုတ်နိုင်ငံသမိုင်းတွင် အမျိုးသားများကို နှိပ်ကွပ်သော အဆိုးရွားဆုံး ဘဏ်ဝန်ဆောင်မှုစနစ် ဖြစ်သည်ဟု ဆိုလိုက်သည်။ တရုတ်နိုင်ငံ၏ အရေးပါဆုံး ဘဏ်တစ်ခုဖြစ်သော တရုတ်ကုန်သည်ကြီးများ ဘဏ်(CMB)၏ အင်တာနက် စာမျက်နှာပေါ်၌ အဆိုပါဝန်ဆောင်မှုနှင့် ပတ်သက်ပြီး ''ငွေကြေးအရင်းအနှီး တိုးပွားရေးဝန်ဆောင်မှု''ဟု ကြေညာထားပြီး အိမ်ထောင်သည်များ ငွေစုမိစေရန် အချိန်နှင့်စွမ်းအင်ကို အထိရောက်ဆုံး သုံးစွဲနိုင်သည့် နည်းလမ်းတစ်ခုဖြစ်ကြောင်း ဖော်ပြထားသည်။ အဆိုပါဝန်ဆောင်မှုသည် အမျိုးသား၏ ဘဏ်အကောင့်ငွေသည် ယွမ်တစ်ထောင်ထက် ကျော်ပါက ပိုငွေကိုအိမ်ရှင်မ၏ ဘဏ်အကောင့်ထဲသို့ အလိုအလျောက် လွှဲပြောင်းပေးသွားမည် ဟုသိရသည်။
SMG
0 comments:
Post a Comment