Tuesday, January 22, 2013

“နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း” ကို ဥပဒေအဖြစ် ပြဋ္ဌာန်းရေး ဆောင်ရွက်မှုအား အများပြည်သူ သိရှိနိုင်ရန် သတင်းထုတ်ပြန်

၎။ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ညီညွတ်ခြင်း၊ မညီညွတ်ခြင်းသည် ဖြစ်ပေါ်လာမည့် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ဆိုင်ရာ ခုံရုံး၏ အဆုံးအဖြတ်အပေါ်၌သာ မူတည်ပါမည်။ မိမိအနေဖြင့် လွှတ်တော် ကိုယ်စား လှယ် အများစု၏ သဘောဆန္ဒအရ အတည်ပြုထားသော “နိုင်ငံတော် ဖွဲ့စည်းပုံ အခြေ ခံဥပဒေဆိုင်ရာ ခုံရုံးဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း” အပေါ် အများဆန္ဒအား အလေးဂရုပြုသော အားဖြင့် အတည်ပြု လက်မှတ်ရေးထိုး၍ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပုဒ်မ ၁၀၆၊ ပုဒ်မခွဲ(ခ) ပါ ပြဋ္ဌာန်းချက် အရ ပြန် လည် ပေးပို့အပ်ပါသည်။

၅။ ဖွဲ့စည်းပုံ အခြေခံဥပဒေ “ဥပဒေပြုရေးအခန်း”တွင် ဥပဒေများ၏ အကျိုးသက်ရောက်မှုနှင့် စပ်လျဉ်း၍ ပုဒ်မ ၁၉၈၊ ပုဒ်မခွဲ(က)ပါ ပြဋ္ဌာန်းချက်သည် အထူးအလေး ဂရုပြုသင့်ကြောင်း အောက်တွင် ဖော်ပြပါသည်-

“၁၉၈။ လွှတ်တော် အဆင့်ဆင့်နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ စီရင်စု ဦးစီးအဖွဲ့ များက ပြဋ္ဌာန်းသည့် ဥပဒေ များ၏ အကျိုး သက်ရောက်မှုမှာ အောက်ပါအတိုင်း ဖြစ်သည်-

(က) ပြည်ထောင်စုလွှတ်တော်၊ တိုင်းဒေသကြီး လွှတ်တော်၊ ပြည်နယ် လွှတ်တော်၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ တိုင်းဦးစီးအဖွဲ့ သို့မဟုတ် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသဦးစီးအဖွဲ့က ပြဋ္ဌာန်းလိုက် သည့် ဥပဒေပါ ပြဋ္ဌာန်းချက် တစ်ရပ်ရပ်သည် လည်းကောင်း၊ တည်ဆဲ ဥပဒေတစ်ရပ်ရပ်သည် လည်းကောင်း ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက် တစ်ရပ်ရပ်နှင့် ဆန့်ကျင်နေလျှင် ဖွဲ့စည်းပုံအခြေခံ ဥပဒေပါအတိုင်း လိုက်နာ ကျင့်သုံးရမည်၊ ”
၆။ သို့ပါ၍ နိုင်ငံတော်သမ္မတ အတည်ပြု လက်မှတ်ရေးထိုးပြီး သော “နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးဥပဒေကို ပြင်ဆင်သည့် ဥပဒေ” အား ဆက်လက် ဆောင်ရွက်နိုင်ပါရန် သဝဏ်လွှာ ပေးပို့အပ်ပါသည်။”

သတင်းထုတ် ပြန်ချက်အား အောက်ပါ လင့်ခ်တွင် ဖတ်ရှုနိုင်ပါသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်