Tuesday, January 22, 2013

ဒေါတမကြီးကျေးရွာအုပ်စုဒါဆောဖျကျေးရွာမီးလောင်မှု

Posted by drmyochit Tuesday, January 22, 2013, under | No comments


Photo: ကယားပြည်နယ် ဒီမော့ဆိုမြို့နယ် ဒေါတမကြီးကျေးရွာအုပ်စု
ဒေါဆောဖျကျေးရွာတွင် ပြီးခဲ့သည့် ၁၆ ရက်နေ့နံနက် ၁၀ နာရီ ခွဲခန့်က
မီးလောင်မှု တစ်ခုဖြစ်ပွားခဲ့သည်။
အဆိုပါမီးလောင်မှု မှာ ဒေါ်မီးမယ်အိမ်မှ
စတင်လောင်ကျွမ်းခြင်းဖြစ်ပြီး စိတ်ကျန်းမာရေးချို့တဲ့သူတစ်ဦးမှ
ရှို့သဖြင့် လူနှစ်ဦး သေဆုံး၍ အိမ်ခြေ ၇၁ လုံး ၊လူဦးရေ ၃၇၄
ဦးအိုးမဲ့အိမ်မဲ့ ဖြစ်ပွားခဲ့ပြီး ကာလတန်ဘိုး ကျပ်သိန်း ၂၀၀ ခန့်
ဆုံးရှုးခဲ့သည်ဟုသိရသည်။
` မီးရှို့တဲ့သူဟာ ငယ်စဉ်ကတည်းကစိတ်ဝေဒနာသည်ပါ။ ရွာက
လူတွေအားလုံးတောင်ယာ သွားချိန်ဖြစ်လို့
သူ့ကိုစောင့်ကြည့်မယ့်သူလည်းမရှိခဲ့ဘူးလေ။ သေသွားတဲ့ နှစ်ဦးကလည်း
သူ့လိုဘဲစိတ်ဝေဒနာသည်ပါ။ တံခါးပိတ်ထားခဲ့လို့ အထဲမှာပိတ်မိပြီးသေရတာ။ `
ဟုဒေါဆောဖျ အုပ်ချုပ်ရေးမှုးက The Street View သို့ပြောသည်။
မီးလောင်ရာသို့ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊
ငြိမ်းချမ်းရေးအဖွဲ့များဖြစ်သော KNPP ၊ KNDP ၊ လူထုအခြေပြုအဖွဲ့များ
၊ဘာသာရေးအဖွဲ့များ ၊ပြည်နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ၀င်များ
တို့မှသွားရောက်ကြည့် ရှု ၍ မီးဘေးသင့်သူများအတွက်
စားသောက်ကုန်ပစ္စည်းများ ၊အ၀တ်အထည်များ၊ အိုးခွက်ပန်ကန်များ
သွားရောက်လှူဒါန်းကြသည်။
ဒေါဆောဖျသို့ သွားရောက်၍ ကယ်ဆယ်ရေးပစ္စည်းများ
ပေးပို့ခဲ့သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မှစောဒယ်နရယ်က `
မီးလောင်တဲ့နေရာဟာ လွိုင်ကော်နဲ့ မိုင်အားဖြင့် ၃၀ ကျော်လောက်ဆိုပေမယ့်
တောင်တက်လမ်းကြမ်းဖြစ်လို့ နေ့တစ်ဝက်လောက်သွားရပါတယ်။
အင်မတန်ခေါင်တဲ့အရပ်လည်းဖြစ်ပါတယ်။ တောင်ယာလုပ်ငန်း
လုပ်ကိုင်ချိန်ဖြစ်လို့ မီးလောင်တော့တောင်ယာထဲရောက်နေကြတယ်။
ဘာပစ္စည်းမှမရလိုက်ကြဘူး။ ဒါကြောင့် ကျနော်တို့ မြို့ထဲက
စေတနာရှင်တွေဆီကနေ လိုက်အလှူခံ ပြီး သိန်း ၅၀ ဖိုးကို ရရခြင်း
ကားနဲ့သွားပို့ကြတယ်။` ဟုဆိုသည်။
မီးဘေးသင့်ရွာသူရွာသား များမှာ နီးစပ်ရာ
အိမ်များတွင်ခေတ္တ နေထိုင်နေကြပြီး ကျန်းမာရေးအတွက် ဒေါတမကြီးကျေးရွာ
ကျန်းမာရေးဝန်ထမ်းများမှ လာရောက်ကုသပေးလျက်ရှိသည်။
ဒေါဆောဖျရွာ သည်အိမ်ခြေ ၁၃၃ လုံး ရှိပြီး လူဦးရေ ၆၀၀
ကျော်နေထိုင် ၍ လမ်းပန်းဆက်သွယ်ရေးအဖြစ် ရွာသားများမှာ ခြေလျင်ကိုသာအဓိက
ထား သွားလာနေ ရပြီး တံခွန်တိုင်ဘာသာ (နတ်) ကိုးကွယ်သော
ကယားလူမျိုးများနေထိုင်သော တောင်ပေါ်ရွာဖြစ်သည်။

အေးချမ်းမွန်မှ  The Street View တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
https://www.facebook.com/excellencemedia
ကယားပြည်နယ် ဒီမော့ဆိုမြို့နယ် ဒေါတမကြီးကျေးရွာအုပ်စုဒါဆောဖျကျေးရွာတွင် ပြီးခဲ့သည့် ၁၆ ရက်နေ့နံနက် ၁၀ နာရီ ခွဲခန့်ကမီးလောင်မှု တစ်ခုဖြစ်ပွားခဲ့သည်။

အဆိုပါမီးလောင်မှု မှာ ဒေါ်မီးမယ်အိမ်မှစတင်လောင်ကျွမ်းခြင်းဖြစ်ပြီး စိတ်ကျန်းမာရေးချို့တဲ့သူတစ်ဦးမှ
ရှို့သဖြင့် လူနှစ်ဦး သေဆုံး၍ အိမ်ခြေ ၇၁ လုံး ၊လူဦးရေ ၃၇၄ဦးအိုးမဲ့အိမ်မဲ့ ဖြစ်ပွားခဲ့ပြီး ကာလတန်ဘိုး ကျပ်သိန်း ၂၀၀ ခန့်ဆုံးရှုးခဲ့သည်ဟုသိရသည်။


` မီးရှို့တဲ့သူဟာ ငယ်စဉ်ကတည်းကစိတ်ဝေဒနာသည်ပါ။ ရွာကလူတွေအားလုံးတောင်ယာ သွားချိန်ဖြစ် လို့သူ့ ကိုစောင့်ကြည့်မယ့်သူလည်းမရှိခဲ့ဘူးလေ။ သေသွားတဲ့ နှစ်ဦးကလည်း သူ့လို ဘဲစိတ်ဝေဒနာ သည်ပါ။ တံခါးပိတ်ထားခဲ့လို့ အထဲမှာပိတ်မိပြီးသေရတာ။ `

ဟုဒေါဆောဖျ အုပ်ချုပ်ရေးမှုးက The Street View သို့ပြောသည်။မီးလောင်ရာသို့ ပြည်နယ် အစိုးရ အဖွဲ့ဝင်များ၊ငြိမ်းချမ်းရေးအဖွဲ့များဖြစ်သော KNPP၊ KNDP၊ လူထုအခြေပြုအဖွဲ့များ ၊ဘာသာရေး အဖွဲ့များ၊ ပြည်နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ၀င်များတို့မှ သွားရောက်ကြည့် ရှု ၍ မီးဘေးသင့်သူများအတွက်
စားသောက် ကုန်ပစ္စည်းများ ၊အ၀တ်အထည်များ၊ အိုးခွက်ပန်ကန်များ သွားရောက် လှူဒါန်းကြသည်။
ဒေါဆောဖျသို့ သွားရောက်၍ ကယ်ဆယ်ရေးပစ္စည်းများ ပေးပို့ခဲ့သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မှစောဒယ်နရယ်က `မီးလောင်တဲ့နေရာဟာ လွိုင်ကော်နဲ့ မိုင်အားဖြင့် ၃၀ ကျော်လောက်ဆိုပေမယ့်
တောင်တက်လမ်းကြမ်းဖြစ်လို့ နေ့တစ်ဝက်လောက်သွားရပါတယ်။

အင်မတန်ခေါင်တဲ့အရပ်လည်းဖြစ်ပါတယ်။ တောင်ယာလုပ်ငန်း လုပ်ကိုင်ချိန်ဖြစ်လို့ မီးလောင်တော့ တောင်ယာထဲ ရောက်နေကြတယ်။ ဘာပစ္စည်းမှ မရလိုက်ကြဘူး။ ဒါကြောင့် ကျနော်တို့ မြို့ထဲက
စေတနာရှင် တွေဆီကနေ လိုက်အလှူခံ ပြီး သိန်း ၅၀ ဖိုးကို ရရခြင်း ကားနဲ့သွားပို့ကြတယ်။` ဟုဆိုသည်။

မီးဘေးသင့်ရွာသူရွာသား များမှာ နီးစပ်ရာ အိမ်များတွင် ခေတ္တ နေထိုင်နေကြပြီး ကျန်းမာရေးအတွက် ဒေါတမကြီး ကျေးရွာ ကျန်းမာရေး ၀န်ထမ်းများမှ လာရောက်ကုသပေးလျက်ရှိသည်။

ဒေါဆောဖျ ရွာ သည်အိမ်ခြေ ၁၃၃ လုံး ရှိပြီး လူဦးရေ ၆၀၀ ကျော်နေထိုင် ၍ လမ်းပန်းဆက်သွယ်ရေးအဖြစ် ရွာသားများမှာ ခြေလျင်ကိုသာအဓိကထား သွားလာနေ ရပြီး တံခွန်တိုင် ဘာသာ (နတ်) ကိုးကွယ်သောကယား လူမျိုးများ နေထိုင်သော တောင်ပေါ်ရွာဖြစ်သည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်