Wednesday, October 24, 2012

ရာင်းစားခံရတဲ့ အသက် ၁၂ နှစ် ကလေးမ တာချီလိတ် ၉ ထပ်ဟော်တယ်၌သေဆုံး

Posted by drmyochit Wednesday, October 24, 2012, under | No comments


ထိုင်းနယ်စပ် တာချီလိတ် - မယ်ဆိုင်သို့ ရောင်းစားခံရသည့် ကျိုင်းတုံမြို့နယ်မှ အသက် မပြည့် သေး သည့်၁၂ နှစ် အရွယ် ကလေး တယောက် တာချီလိတ် မယ်ခေါင်မြစ်ဟိုတယ် (၉ ထပ် ဟိုတယ်) ၌ ညသန်း ခေါင်ခန့် သေဆုံးသွားကြောင်း နီးစပ်သည့် အသိုင်း အဝိုင်း ကပြောပါသည်။ “ ဗုဒ္ဓဟူးနေ့ညက ထင် တယ်။ သေသွားတာ ။ ကျနော်သိ ထားသလောက်ဆို ဝယ်ယူတဲ့ သူဌေးက ဝ ငြိမ်း အဖွဲ့ က လို့ ဘဲ သိတယ်။ ၁၂ နှစ်အရွယ် ကလေး မလေး။ နာမည်မသိ၊ မိဘလဲမသိဘူး၊ ကျိုင်းတုံက ကလေး မလေးလို့ ဘဲ သိတယ်။

သေသေချင်း သန်းခေါင်ကျော်လောက် ဟိုတယ်ကနေ သယ်ထွက်သွားတယ်” - ဟု မယ်ခေါင်မြစ် ဟိုတယ် ၌ အလုပ်လုပ်သူ ဝန်ထမ်းတဦးက ပြောပါသည်။ကျိုင်းတုံ၊ မိုင်းဖြတ်၊ မိုင်းပြင်း မြို့ နယ် အတွင်းအပြင် အခြား သျှမ်းပြည် အနှံ့မြို့နယ် များမှ ဖြားယောင်းခံရ သော အရွယ် မရောက် သေးသည့် မိန်းခလေးများ ယခု သုံးလေးလအတွင်း နယ်စပ်တာချီလိတ်မြို့သို့ အများ အပြားရောက်ရှိလာကြောင်း၊ ကျိုင်းတုံ မြို့နယ်အတွင်းမှ အများဆုံးဖြစ်ကြောင်း၊ အပျိုရည်စစ်စစ် ဝယ်ယူခြင်း ကိုပိုက်ဆံရှိ လူကုံထံ များအသိုင်း အဝိုင်းက ခေတ်စားနေကြောင်း၊ ၁၇ ရက်နေ့  ညသေဆုံးမှုနှင့် ပတ်သက် သည့် ကားဆရာ၊ လူပွဲစား၊ သူဌေး များအား ဖမ်းဆီး နိုင်ရေးအတွက် အာဏာပိုင်များက အမှုလိုက်နေ ကြောင်း တာချီလိတ် ကျိုင်းတုံ ကားဆရာတဦးကပြောပါ သည်။ “ထိုင်းစကား အရဆို ပွတ်ဘောရီးဆွတ် ခေါ်တယ်။ ဗမာစကားဆို အပျို စင်ကို ဈေးဦးဖေါက်တယ်လို့ဘဲ ပြောရ မှာလား။ အသက်အရွယ်အလိုက် တယောက်ကို ထိုင်းဘတ်ငွေ သောင်းဂဏန်းကနေ သိန်းဂဏန်းအထိ ဝယ်ယူနေကြတယ်။ 
လွန်ခဲ့တဲ့ လေးလ လောက်ကစပြီး ကျိုင်းတုံ ကနေ တာချီလိတ်ကို ဖြားယောင်း ခံလာရတာ အများကြီးဘဲ။ ဒေသ စကား အရဆို စီးပွားထွက်ရှာတယ်လို့ဘဲ ပြောတယ်” - ဟု တာချီလိတ်မြို့ခံ ဒေါ်ခမ်းမိုက ပြောပါသည်။

မြန်မာနိုင်ငံတိုးတက်ပြောင်းလဲလာသည်ဟု ဆိုကာ အရွယ်မရောက်သေးသည့် မိန်းခလေးများ နယ်စပ်သို့ သွားလာခွင့် တားမြစ်မှု လွန်ခဲ့သည့် မေလမှစ၍ ရုပ်သိမ်းပြီး နောက်ပိုင်း အမျိုးသမီးငယ် လူကုန် ကူးမှု များပြား လာသည်ကို တွေ့ရကြောင်း၊ ယခင်နှစ်များထက် ပိုများ နေသည်ကိုတွေ့ကြောင်း၊ အသိဉာဏ် မကြွယ်ဝသည့် မိဘများကလည်း တိုက်အိမ်၊ ကား၊ ပိုင်ဆိုင်ရေးအတွက် မိမိသမီးပျိုများအား အလေး မထားဘဲ  ငွေထွက်ရှာ ရန် ဖိအားပေးတိုက်တွန်း မှုကြောင့်လည် ပါဝင်ကြောင်း တာချီလိတ်မြို့ အမျိုးသမီး အဖွဲ့ဝင်ဟောင်းတဦးက ပြောပါသည်။

သျှမ်းသံတော်ဆင့်

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်