Wednesday, October 24, 2012

ဘင်္ဂလီ-ရခိုင်အဓိကရုဏ်း မြေပုံမြို့သို့ဆက်လက်ကူးစက်

Posted by drmyochit Wednesday, October 24, 2012, under | No comments



အောက်တိုဘာ(၂၃)ရက်နေ့က ညနေ (၈)နာရီခွဲအချိန်တွင် မြေပုံမြို့ မြို့မဈေး အနောက်ဘက်ရှိရွာတွင် ဘင်္ဂလီများ မှစတင်ကာ မီးရှို့ တိုက်ခိုက် နေကြောင်း သတင်းရရှိသည်။ မြေပုံမြို့ခံ အမျိုးသားတစ်ဦးက " ဘင်္ဂလီတွေဟာ ရခိုင်အိမ်တွေနဲ့နီးစပ်တဲ့ သူတို့အိမ်ကို မီးရှို့ပြီးတော့ ထွက်ပြေးတယ်။ အခုတော့ ဘင်္ဂလီအိမ်ကို မီးလောင်တာနဲ့ ရခိုင်အိမ်တွေကို ကူးပါတယ်။ မီးကူးတဲ့အတွက် ရခိုင်တွေက မီးလောင်နေတဲ့ အိမ်ကို မီးငြိမ်းသတ် ဖို့လုပ်တဲ့ အချိန်မှာ ဘင်္ဂလီတွေက ဂျင်ကလိနဲ့ပစ်ပါတယ်။ ဒါကြောင့် မီးငြိမ်းသတ်ဖို့မရအတွက် အိမ်တွေကို မီးဆက် လက်လောင် ကျွမ်းနေပါတယ်။" ဟု ပြောသည်။

မြေပုံမြို့ခံ အမျိုးသမီးတစ်ဦးက " အခု မီးလောင်နေပါတယ်။ ဈေးအနောက်ဘက်က ရွာမှာပါ။ အဲဒီရွာ နားက ဘုန်းကြီးက သံချောင်းခေါက်သံတော့ ကြားတယ်။ အကူညီတောင်းနေတာပါ။ ကျမတို့လည်း အပြင် မထွက် ရဲဘူး။ ယောက်ျားတွေ ကတော့ မီးလောင် နေတဲ့ နေရာကို လိုက်သွား ကြပါတယ်။" ဟု ယခုကဲ့သို့ ပြောကြား သွား သည်။
မြေပုံမြို့ မီးလောင်ကျွမ်းမှုမှာ ယမန်နေ့ည(၁၀)နာရီ ခွဲအချိန်ထိ ဆက်လက် လောင်ကျွမ်း နေကြောင်း သိရသည်။ ထို့အပြင် ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်ရှိ သပြုချိန်၊ လင်သီ၊ ရွှေလှေရွာတို့တွင် ဘင်္ဂလီများ အင်အားစု စည်းပြီး ရွှေလှေရွာ ဘုန်းကြီး ကျောင်းသို့ မီးရှို့ရန် ကြိုးစားစဉ် စစ်တပ်နဲ့ ရဲတွေက အချိန်မှီ ထိန်းချုပ် နိုင်ခဲ့ သည့်အတွက် မအောင်မြင် ခဲ့ကြောင်းလည်း တယ်လီဖုန်းသတင်းအရ သိရှိရသည်။ တယ်လီဖုန်း လိုင်းအခက် အခဲရှိသည့်အတွက် သတင်းအပြည့်အစုံကို ဆက်လက်ဖော်ပြပါမည်။

Arakan Times သတင်းဌာန

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်