Wednesday, October 24, 2012

KIA မှ ဆွပ်ပရာဘွမ် ဆက်သွယ်ရေးရုံးမှာ မိုင်းထောင်နေစဉ် ပေါက်ကွဲ၍ KIA တစ်ဦးသေဆုံး

Posted by drmyochit Wednesday, October 24, 2012, under | No comments



ဇွန်လ(၂၉) ရက်က အစိုးရရုံးတစ်ခုတွင် ထောင်ထားခဲ့သောမိုင်းတစ်လုံး

အောက်တိုဘာလ (၂၂) ရက်နေ့ နံနက် (၃) နာရီခွဲခန့်တွင် ဆွမ်ပရာဘွမ် ဆက်သွယ်ရေးရုံး၌ KIA တပ်သား (၃) ဦးမှ မိုင်းထောင်နေစဉ် မိုင်းတစ်လုံးပေါက်ကွဲခဲ့ကြောင်း သိရပါတယ်။ အဆိုပါ မိုင်းပေါက်ကွဲ ခြင်းကြောင့် KIA တပ်သားတစ်ဦးမှာ ဦးခေါင်းပိုင်းနှင့် ခန္ဓာကိုယ်အပေါ်ပိုင်း ကျေမွစုတ်ပြတ် သွားပြီး ကျန်နှစ်ဦးမှာ ဒဏ်ရာ အနည်းငယ်သာ ရရှိ ထွက်ပြေး သွားကြောင်းနှင့် ပစ္စည်း ဆုံးရှုံးမှု အနေဖြင့် ဆက် သွယ်ရေး ရုံးလှေကား ပြုတ် ထွက်သွားကာ လှေကားနှင့် ဆက်ထားသော ကြမ်းခင်း ပြိုကျ သွားခဲ့ ကြောင်း သိရ ပါတယ်။


“ သူတို့က မိုင်းလာထောင်တာလေ၊ သေသွားတဲ့ တစ်ယောက်က မိုင်းကို ကိုင်ပြီး လုပ်နေတာ ဖြစ်မယ်။ ကျန်တဲ့ နှစ်ယောက်ကတော့ ခပ်ဝေးဝေးကနေ ကင်းစောင့်ပေးနေတာဖြစ်မယ်။ မနက် (၃) နာရီ လောက် ကကွဲတာ။ ကျွန်တော်တို့ ကတော့ ရွာထဲမှာပဲနေတာ ဖြစ်ပုံရတယ်။ မနက် (၃) နာရီခွဲလောက်က ကွဲတာ။ ကျွန်တော်တို့ ကတော့ ရွာထဲမှာပဲနေတာ ဆိုတော့ အသံပဲကြားလိုက်ရတယ်။ မနက်ကျမှ သွားကြည့်တော့ သေသွားတဲ့လူက အပေါ်ပိုင်းမရှိတော့ဘူး ” ဟုဒေသခံတစ်ဦးက ဆိုပါတယ်။

ဆွမ်ပရာဘွမ် ဆက်သွယ်ရေးရုံးတွင် အစိုးရ၀န်ထမ်း (၆) ဦးတာဝန်ထမ်းဆောင်နေပြီး ၎င်းဝန်ထမ်းများမှာ KIA ၏ရန်ကိုကြောက်ရွံ့သဖြင့် နေ့ပိုင်းတွင်သာ ရုံးတက်ပြီး ညပိုင်းတွင် ရွာတွင်းသို့ ပြန်အိပ်ကြောင်း သိရပါ တယ်။ KIA တို့ဟာ ၀န်ထမ်းများ ရုံးတက်လာချိန်ကို ရည်ရွယ်၍ အချိန်ကိုက် မိုင်းထောင်ခြင်း ဖြစ်နိုင် ကြောင်းနှင့် တာဝါ တိုင်ကိုပါ မိုင်းထပ်ထောင်ဖို့ ရည်ရွယ်ချက်ရှိ နိုင်ကြောင်း အဆိုပါဒေသခံများက ဆက်လက် ပြောဆိုခဲ့ပါတယ်။

KIA ဟာ ဆွမ်ပရာဘွမ်မြို့ရှိ အစိုးရရုံးဌာန အဆောက်အဦများနှင့် ၀န်ထမ်းများ အား အမြဲတမ်း လာရောက် တိုက်ခိုက်လျက်ရှိရာအောက်တိုဘာ(၁၅)ရက်နေ့ မနက်(၃)နာရီခန့်မှာလည်း ဆွမ်ပရာဘွမ်မြို့၊ မြို့နယ် အုပ်ချုပ် ရေးရုံး အတွင်း၌ မြို့နယ် ဒုဦးစီးမှူး ဦးစန်းဟိုနဲ့ မြို့နယ် အထက ကျောင်းအုပ်ကြီး ဦးမောင် မောင်သန်း တို့ အိပ်ပျော်နေစဉ် KIA (၃) ဦးမှ  တံခါးမှန်ကို ရိုက်ခွဲကာ အဆောက်အအုံအတွင်းသို့   လက်ပစ်ဗုံး ၂ လုံး ပစ်ထည့် ဖောက်ခွဲကာ သေနတ်ဖြင့် လေးချက်ခန့် ပစ်ခတ်ခဲ့ပါတယ်။

KIA အကြမ်းဖက် သောင်းကျန်းသူအဖွဲ့သည် ရထားလမ်းများ၊ တံတားများ၊ ဒေသဖွံ့ဖြိုးရေး လုပ်ဆောင် နေသော အစိုးရရုံးဌာနများ အားမိုင်းထောင်ဖောက်ခွဲခြင်း စသော အကြမ်းဖက်လုပ်ရပ်များအား ပြည်သူ လူ ထုမှ ရွံ့ကြောက်ဖြစ်နေပြီး အမြဲတမ်းသတိ ၀ီရိယနဲ့ နေထိုင်သွားကြဖို့ လိုအပ် တယ်လို့ ဆွမ်ပရာဘွမ်မြို့မှ ဒေသခံ တစ်ဦးက ပြောကြားခဲ့ပါတယ်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်