Wednesday, October 24, 2012

မြောက်ဦးနှင့် မင်းပြား ရခိုင်-ဘင်္ဂလီအရေးအခင်းကြောင့် ရခိုင်များ သေဆုံး(ယနေ့ နောက်ဆုံး သတင်းပေး ချက်)

Posted by drmyochit Wednesday, October 24, 2012, under | No comments


မင်းပြားနှင့် မြောက်ဦး ကျေးရွာများတွင် ရခိုင်-ဘင်္ဂလီ အဓိကရုဏ်းများ ဖြစ်ပွါးလျက်ရှိရာ ရခိုင် အမျိုးသား များမှာသေနတ်ဖြင့် တိုက်ခိုက်မှုများကို ကြုံတွေ့နေရကြောင်း သိရှိရသည်။ သေနတ်ပစ်ခံရသူများထဲတွင် ဖြူမောင်ထွီး (၂၉) နှစ်၊ အဘ ဦးတောလူချေနှင့် မင်းပြားမြို့နယ်၊ ဆင်ဖြူတောင် ကျေးရွာနေ မောင်ခိုင်ဦး အသက် (၃၂) နှစ်၊ အဘ ဦးမောင်သိန်း တို့ဖြစ်သည်။

ဖြူမောင်ထွီးမှာ လုံခြုံရေးစစ်တပ်မှ ပစ်ခတ်ခံရခြင်း ဖြစ်သည်ဟု ပြောဆိုနေကြပြီး မောင်ခိုင်ဦးမှာ ဦးခေါင်းတွင် ကျည်ဆံ ထိမှန်ခဲ့သောကြောင့် ပွဲချင်းပြီး သေဆုံးသွားခဲ့ရကြောင်း သိရှိရသည်။ မင်းပြား မြို့နယ် နှင့် မြောက်ဦးမြို့နယ် အရေးအခင်းတွင် ဘင်္ဂလီကုလားများ ရန်ကို ခုခံယင်း ဒဏ်ရာ အပြင်း အထန် ရရှိ ခဲ့သော အရေးပေါ်လူနာ (၃) ယောက်ကို မြောက်ဦး ပြည့်သူ့ဆေးရုံးမှ စစ်တွေမြို့ ပြည်သူ့ ဆေးရုံးသို့ သယ်ယူလာပါသည်။


ထိုလူနာများ၏ ဒဏ်ရာ အခြေအနေကို အရေးပေါ် ဆေးကုသနိုင်ရန်အတွက် ၀ံလက်ဖောင်ဒေးရှင်းမှ အရေးပေါ် အလှူငွေ (၁) သိန်း (၃)သောင်းကျပ်ကို စစ်တွေမြို့ရှိ ပြည်သူ့ဆေးရုံးသို့ သွားရောက် လှူဒါန်း ခဲ့ပါသည်။ ထိုလူနာ (၃)ယောက်မှာ (၁)ဦးစိန်သာအောင် ၊ အသက် (၆၀)နှစ်၊ အောက်ပိုင်းတွင် လှံ ဒဏ်ရာဖြင့် အပြင်းအထန်း ဒဏ်ရာရရှိထားပြီး အခြေအနေမှာ စိုးရိမ်းရပါသည်။ (၂) မောင်မောင်နိုင် (ဘ) ဦးမောင် စောနု၊ မောင်သာကုန်ကျေးရွာ၊ အသက် (၃၀) နှစ် (၃) မောင်ထွီးစိန်၊ အသက် (၃၀)နှစ်၊ ကျောင်းတောင် ကျေးရွာမှ ဖြစ်ကြပါသည်။

အရေးပေါ် အခြေအနေကြောင်း စစ်တွေမြို့ ပြည်သူ့ ဆေးရုံးတွင် တင် ထားရပါသည်။

Coral Arakan News

ယခုအခါ ရခိုင်တို့မှာ ကုလားလည်းကြောက်ရ၊ စစ်သားလည်းကြောက်ရမှုကြောင့် အားကိုးရာမဲ့ ဘ၀ ရောက်နေ
....................

Rakhine Straight Views

၂း၂၃ နာရီ မင်းပြားမြို့ ဆေးရုံးကြီးမှ ဖုန်းသတင်း

----------------------------------------
မြောက်ဦးမြို့နယ်၊ ယိုင်သည်ရွာမှ ဘင်္ဂလီအကြမ်းဖက်မှုတွင် ခုခံယင်းကျဆုံးသွားသည့် ရခိုင်အမျိုးသား ဖြူမောင်ထွေး အသက်(၂၉)နှစ်အလောင်းမှာယခုအခါ မင်းပြားဆေးရုံသို့ ရောက်ရှိနေပြီဖြစ်ကြောင်း ဆေးရုံဝန်ထမ်း တစ်ဦးက တိကျသောသတင်းပေးပို့လာပါသည်။ အလောင်းကိုစစ်ဆေးရာ  ညာဘက် ခါးဆစ်နှင့် တင်ပဆုံအစပ်ကြားသေနတ်ဒဏ်ရာပြင်းထန်စွာတွေ့ ရှိရကြောင်း ၎င်းက ဆက်လက် ပြောပြ သည်။ ၎င်းဖြူမောင်ထွေးအားသေနတ်ဖြင့်ပစ်ခတ်သူမှာ လုံခြုံရေးစစ်တပ်မှ ပစ်ခတ်ခြင်းဖြစ်ကြောင်း ဆေးရုံ သို့ ရောက်ရှိနေသူ ကုန်သည်တစ်ဦးကပြောပြပါသည်။

ယခုအခါ ရခိုင်တို့မှာ ကုလားလည်းကြောက်ရ၊ စစ်သားလည်းကြောက်ရမှုကြောင့် အားကိုးရာမဲ့ ဘ၀ ရောက်နေ ကြရသည် သိရသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်