Wednesday, October 24, 2012

အီးဒ်နေ့ အထိမ်းအမှတ် ပွဲတော်ကျင်းပမည်မဟုတ်တော့ဟု အစ္စလာမ် ဘာသာရေး အဖွဲ့က ကြေညာချက် ထုတ်ပြန်

Posted by drmyochit Wednesday, October 24, 2012, under | No comments



အောက် တို ဘာလ (၂၇) ရက်နေ့တွင် ကျရောက် သည့် အစ္စလာမ် ဘာသာဝင် တို့၏ အီးဒ်နေ့ အထိမ်း အမှတ် ပွဲတော် အား ကျင်း ပတော့မည် မဟုတ်ကြောင်း ပြည်ထောင်စုသမ္မတ မြန်မာနိုင် ငံတော် မြန်မာ နိုင်ငံ လုံး ဆိုင်ရာ အစ္စ လာမ် ဘာသာရေး အဖွဲ့ကြီးက ကြေညာချက် ထုတ်ပြန်သည်။

အဆိုပါ ကြေညာချက်တွင် အချက်(၅)ချက်ပါဝင်ခဲ့ပြီး ယခုနှစ်တွင် ဖြစ်ပွားခဲ့သော ရခိုင်ပြည်နယ် ဒေသ အချို့၌ အကြမ်းဖက်ခြင်း များ ဖြစ်ပွားနေဆဲဖြစ်ပြီး၊ အချို့တိုင်းဒေသကြီးများတွင် ကုရ်ဘာနီနှင့်ပတ်သတ်၍ ယခင် မရှိခဲ့သော စည်းကမ်း များဖြင့် ချုပ်ချယ်ခြင်းများ ပြုလုပ်ခြင်း၊ ကရင်ပြည်နယ် ဘားအံမြို့၊ မွန်ပြည် နယ်၊ မော်လမြိုင် ၊မန္တလေးမြို့များနှင့် အခြားဒေသများတွင် အစိုးရမဟုတ်သော အသင်းအဖွဲ့အချို့က အစ္စ လာမ်ဘာသာနှင့် ဘာသာဝင်များ အပေါ် ဥပဒေပါ အခွင့်အရေး လူ့အခွင့်အရေးကို ချိုးဖောက်ကာ ဆန့်ကျင် ရေးသား ခြိမ်းခြောက် လှုံ့ဆော်မှုများကို လက်ငင်းကြုံတွေ့ နေရသောကြောင့်ဟု၎င်းတို့၏ ထုတ်ပြန်ချက်တွင်  ဖေါ်ပြထား သည်။
 ``အဖွဲ့တွေက မလုပ်ဖို့ တားတယ် ဆိုရင် ကျွန်တော်တို့ လိုက်နာ ရမှာပါ၊ ရခိုင်မှာ ဖြစ်ခဲ့တဲ့ အစ္စလာမ် တွေရဲ့ အဖြစ် အပျက်တွေ အတွက် စိတ် မကောင်းပါဘူး ၊ ကိုယ့်အ တွက်ထက် အများ အတွက် ကြည့်ရ မယ် ´´ ဟု အဆိုပါ ကိစ္စနှင့် ပတ်သက်၍ ရန်ကုန်မြို့တွင် နေထိုင်သည့် အစ္စလာမ် ဘာသာ ၀င်တစ်ဦးက ပြန်လည် ဖြေကြား ခဲ့သည်။
ယခုလို အဖြစ်အပျက်များကို မြန်မာ နိုင်ငံလုံး ဆိုင်ရာ ဘာသာရေး အဖွဲ့ကြီးမှ နိုင်ငံတော် အစိုးရသို့ အကြိမ် ကြိမ် မေတ္တာ ရပ်ခံ တင်ပြတောင်းဆိုခဲ့သော်လည်း ယခုတိုင် တစ်စုံ တစ်ရာ ပြန်ကြားချက် မရှိ၍ ယခုနှစ် အီးဒ်နေ့ပွဲ တော်ကို လုံခြုံရေး ပြည့်ဝ စွာပေးနိုင်မည် မဟုတ်ဟုယူဆ၍ မကျင်းပခြင်းဖြစ်ကြောင်း ဖေါ်ပြ ထားသည်။

မင်းမင်းလတ်-မန္တလေး
(မြစ်မခမီဒီယာ)

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်