Wednesday, October 24, 2012

ဝမ်ဘွမ်တွင် ဖြစ်ပွားသော တိုက်ပွဲတွင် KIA အထိနာ

Posted by drmyochit Wednesday, October 24, 2012, under | No comments


အောက်တိုဘာလ (၂၂) ရက် ည (၇) နာရီခန့်တွင် KIA တပ်မဟာ (၂) လက်အောက်ခံ တပ်ရင်း (၆)မှ အင်အား (၃၀) ခန့်နှင့် ဗမာစစ်တပ်တို့ ဖားကန့်မြို့နယ် စီအန်ရွာအနီး ၀မ်ဘွမ်တွင် တိုက်ပွဲဖြစ်ပွားခဲ့ ကြောင်း သိရပါတယ်။
(ဓါတ်ပုံ)ဧရာဝတီ
တိုက်ပွဲ ဖြစ်ပွားပုံမှာ KIA စစ် သည်များမှ ဗမာ အစိုးရ စစ်ကြောင်းများ ချီတက် လာသည့် လမ်းကြောင်း တွင် ခြုံခိုတိုက် ခိုက်ရန် စောင့်ဆိုင်းနေစဉ် အစိုးရ စစ်ကြောင်း များမှ KIA တို့မျှော် မှန်းထားသော လမ်းကြောင်း အတိုင်း မလာ ရောက်ဘဲ တောင်ကျော် ပေါ်မှ လာရောက်ခြင်း ကြောင့် စောင့်ဆိုင်းနေ သော KIA တပ်များ နှင့်တွေ့ဆုံ တိုက်ပွဲ ဖြစ်ပွား ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

“ညနေ (၄) နာရီလောက်က KIA တွေ ကျွန်တော့တောင်ယာတဲနားက ဖြတ်သွားတာ သူတို့က ရွာထဲက နေလာတာ ဟိုဘက်ရွာ မရောက်ခင် အလယ် လောက်မှာရှိတဲ့ တောင်စောင်း နားက လူသွား လမ်းလေး အကွေ့လေး နားမှာ နေရာ ယူပြီးစောင့် နေတာ။ ည(၇)နာရီ လောက်ကျတော့ ဗမာတပ်တွေ လာတဲ့ အချိန်ကျတော့ တိုက်ပွဲဖြစ်တော့ တာပေါ့။ တိုက်ပွဲဖြစ်တဲ့အချိန်ကျတော့ ကျွန်တော်က ရွာထဲပြန် ရောက် နေပြီ KIA တွေကလမ်းမှာ စောင့်နေတာကိုး စစ်တပ်က လမ်းအတိုင်းမှ မသွားတာ သူတို့ခံလိုက်ရတာပေါ့။ ပြီးတော့ ကချင် စစ်သားတွေက ရွာထဲမှာ လာပုန်းနေတယ် နှစ်ယောက်ကျ ခဲ့တယ်ပြောတယ်။ သုံး ယောက်က ဒဏ်ရာ တွေနဲ့ ရွာထဲမှာ ခဏပဲ နေပါတယ် သူတို့လည်း ဒဏ်ရာရတဲ့ သူတွေကို ထမ်းဖို့ ရွာထဲက လူ ခြောက်ယောက်ကို ခေါ်ပြီး ထွက်သွားတယ် ” အဆိုပါ တိုက်ပွဲတွင် KIA တို့အငိုက်မိသွားကာ ပြန်လည် ခုခံနိုင်ခြင်း မရှိဘဲ ဆုတ်ခွာ ထွက်ပြေး ခဲ့ရပြီး KIA ဘက်မှ (၂) ဦးကျဆုံးကာ သေနတ်များလည်း ဆုံးရှုံး ခဲ့ကြောင်း သိရသည်။ ယခုရက်ပိုင်းတွင် KIA တပ်များမှ အစိုးရစစ်ကြောင်းများအား ရင်ဆိုင် တိုက် ခိုက်ခြင်းမပြု တော့ဘဲ ပြောက်ကျားနည်းဖြင့် စောင့်ကြိုတိုက်ခိုက်ခြင်းများ ဆောင်ရွက် လျက်ရှိ ကြောင်း တွေ့ရသည်။

အောက်တိုဘာလ (၂၁) ရက်နေ့ကလည်း ကချင်ပြည်နယ် မြစ်ကြီးနား-ဆတုံး-ကန်ပိုင်တီလမ်းရှိ လုဂျီ (Lu Ji) နှင့် လဖိုင် (La Hpai) ကြားရှိ မန်ရှန် (Mang Shang) ရွာအနီးတွင် မြန်မာအစိုးရတပ်အား ကချင် လွတ်မြောက်ရေး တပ်ဖွဲ့ (KIA) တပ်မဟာ (၅) အောက် တပ်ရင်း (၃)နှင့် ခြုံခိုတိုက်ခိုက်ခဲ့ရာ အစိုးရတပ်မှ ၆ ဦးသေဆုံးပြီး ၂ ဦးဒဏ်ရာရရှိကြောင်း အွန်လိုင်းသတင်းများတွင် တွေ့ရသည်။ သို့သော် အဆိုပါ သတင်း အားအ တည်ပြုနိုင်ခြင်းမရှိခဲ့ပေ။

ထိုကဲ့သို့ တိုက်ပွဲများဆက်လက်ဖြစ်ပွားနေသော်လည်း KIA နှင့်အစိုးရတို့ ငြိမ်းချမ်းရေးဆွေးနွေးနိုင်ရန် အောက်တို ဘာလ (၂၂) ရက်နေ့က ငြိမ်းချမ်းရေးအကျိုးတော်ဆောင်အဖွဲ့နှင့် တွေ့ဆုံခဲ့ကြပြီး ငြိမ်းချမ်းရေး ဆွေးနွေးရန် သဘောတူညီခဲ့ကာ နေရာကို ရွှေလီမြို့အား သတ်မှတ်နိုင်ခဲ့သည်။သို့သော် တွေ့ဆုံမည့် အချိန် နှင့် နေရာကိုတော့ သတ်မှတ်နိုင်ခြင်းမရှိသေးပေ။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်