Wednesday, October 24, 2012

အမေရိကန် သံအမတ်နဲ့ ဇနီး ဗုဒ္ဓဘာသာ ကူးပြောင်းမည်ဟု ရန်ကုန် အမေရိကန် သံရုံး ဖေ့စ်ဘုတ် စာမျက်နှာမှာ ဖေါ်ပြ

Posted by drmyochit Wednesday, October 24, 2012, under | No comments


မြန်မာနိုင်ငံ ဆိုင်ရာ အမေရိကန် သံအမတ်ကြီး မစ္စတာ ဒဲရစ်မစ်ချဲလ်နဲ့ဇနီးတို့ဟာ လာမယ့် သတင်းပတ် သတင်းကျွတ် အခါသမယမှာ ဗုဒ္ဓဘာသာဝင် အဖြစ်သို့ ကူးပြောင်းမှာ ဖြစ်တယ်လို့ ရန်ကုန် အမေရိကန် သံရုံး ဖေ့စ်ဘုတ် စာမျက်နှာမှာ မကြာသေးခင် နာရီပိုင်းကပဲဖော်ပြသွားပါတယ်။ 

"ကျနော်မျိုးရိုးစဉ်ဆက်က ဂျူးမိသားစုက ဆင်းသက်လာပေမယ့်လို့ ကျနော့်ရဲ့ ဘာသာရေး ယုံကြည်မှု အပေါ် ကျနော် ဂုဏ်ယူပါတယ်" လို့ သူက သံရုံး ၀န်ထမ်းတွေကို ပြောလိုက်ပါတယ်။

သူ့ဇနီးဖြစ်သူကလည်း ဗုဒ္ဓဘာသာကို နက်နက်ရှိုင်းရှိုင်း စိတ်ဝင်စားကြောင်း၊ သူကိုယ်တိုင်လည်း ဗုဒ္ဓ ဘာသာဝင် ကိစ္စကို အချိန်တော်တော်ကြာ လေ့လာထားကြောင်း၊ ဥာဏ်ခန္ဓာ ဆိုင်ရာ ဗုဒ္ဒရဲ့ သင်ကြားမှု တွေကို သူ့အနေနဲ့ အလွန်ကြည်ညိုကြောင်းတွေလည်း ပြောဆိုထားပါတယ်။ 



အမေရိကန် သံရုံး ဖေ့စ်ဘုတ်စာမျက်နှာ ပါ ဖော်ပြမှု 
U.S. Embassy Rangoon Liked · about an hour ago Ambassador Mitchell Discusses His Religious Beliefs: Despite reports that Ambassador Derek Mitchell and his wife will convert to Buddhism during Thadingyut next week, the Ambassador said that he does not have any plans to do so. 


“I am proud of my religious heritage, having come from a Jewish family going back many generations,” he told Embassy employees. 
“At the same time, my wife has tremendous interest in Buddhism, and I myself have spent much time studying Buddhist tenets. I have nothing but the greatest respect and admiration for the wisdom embodied in its teachings -- as I do for all the traditions and religions in this wonderfully diverse country.” 

 
 
 
 

အမေရိကန် သံအမတ် မစ္စတာ ဒဲရစ်မစ်ချဲလ်နှင့် ဇနီး ဇူလိုင်လ လယ်က ရွှေတိဂုံ လာရောက်ဖူးမြှော်စဉ်၊ ဓာတ်ပုံ- ရန်ကုန် အမေရိကန်သံရုံး ဖေ့စ်ဘုတ်စာမျက်နှာ
ဧရာဝတီ 

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်