Wednesday, October 24, 2012

မင်းပြားမြို့တွင် ဖြစ်ပွားခဲ့သော အကြမ်းဖက်ခြင်းကို ကန့်ကွက်ကြောင်း ကြေငြာချက်ထုတ်ပြန်

Posted by drmyochit Wednesday, October 24, 2012, under | No comments



ကရင် ပြည်နယ် ဂိုဏ်း ပေါင်းစုံ အစည်းအဝေးကြီး၏ ဆုံးဖြတ်ချက်လေးချက်ကို မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသား လှုပ်ရှားမှု ကော်မတီမှ အပြည့် အဝ ထောက်ခံပြီး တစ်နိုင်ငံလုံး အတိုင်း အတာနှင့် ထောက်ခံ ကြေငြာ ချက်များ ထုတ်ပြန်ကြေညာသွားမည်ဖြစ်ကြောင်းကို မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသား လှုပ်ရားမှု ကော်မ တီမှ တာဝန် ရှိသူ များက ပြောကြားခဲ့သည်။


 “ကရင်ပြည်နယ် ဂိုဏ်းပေါင်းစုံ အဖွဲ့ကြီးက ဆုံးဖြတ် လိုက်တဲ့ ဆုံးဖြတ်ချက် လေးချက်ကို မြန်မာနိုင်ငံ လုံး ဆိုင်ရာ အမျိုးသားရေး လှုပ်ရှားမှု ကော်မတီ ကနေ အပြည့် အဝ ထောက်ခံပြီး တစ်နိုင်ငံလုံး အတိုင်း အတာ နဲ့ ထောက်ခံ ပွဲများပြု လုပ်သွားမယ်။ ထောက်ခံပွဲများပြုလုပ်တဲ့ နေရာမှာလည်းပဲ တရားဝင် စာတွေ ထွက်လာ မယ် သူ့မြို့ နယ်အ လိုက်ပေါ့” ဟုအဆိုပါကော်မတီမှ ဦးရဲမင်းဦးက ပြောကြားခဲ့သည်။

အောက်တိုဘာ (၂၃) ရက်နေ့ နေ့လည် (၁) နာရီခွဲဝန်းကျင်ခန့်က ရန်ကုန်မြို့ ဆူးလေဘုရားပေါ်တွင် မြန်မာနိုင်ငံ လုံးဆိုင်ရာ အမျိုးသား လှုပ်ရားမှုကော်မတီ ဝင်များဖြစ်ကြသော မကွေး ကျောင်းဆရာတော် ဥူးပါမော က္ခ နှင့်အခြား အဖွဲ့ဝင်များစုပေါင်းပြုလုပ်ခဲ့သော  မင်းပြားမြို့တွင် ဖြစ်ပွားခဲ့သော အကြမ်း ဖက်ခြင်းကို ကန့် ကွက်ကြောင်း ကြေငြာချက် ထုတ်ပြန် ခြင်းနှင့် ဆုတောင်း ပွဲတွင် ၎င်း က ပြောကြား ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ အချက် လေးချက်တွင် ပထမ အချက် အနေဖြင့် ဗုဒ္ဓဘာ သာဝင်များ၏ နေအိမ် ဆိုင်ရာ မြေများကို မွတ်ဆလင် လူမျိုးများသို့ ရောင်းချခြင်း မပြုရန်၊ ဒုတိယ အချက် အနေဖြင့် ဗုဒ္ဓ ဘာသာဝင် အမျိုးသမီးများ မွတ်ဆလင် လူမျိုးများနှင့် လက်ထပ် ပေါင်းသင်းခြင်း မပြုရန်၊ တတိယ အချက် အနေဖြင့် ဗုဒ္ဓ ဘာသာ ဝင်များ အနေဖြင့် မွတ်ဆလင် လူမျိုးများ ရောင်းချသော ဈေးဆိုင် များတွင် ရောင်း/ဝယ်ခြင်း မပြုရန်နှင့် စတုတ္ထ အချက် အနေဖြင့် ဗုဒ္ဓဘာ သာဝင်များ၏ နေအိမ် ခြံမြေများကို တဆင့်ခံ/ အမည်ခံ ပေး၍ ဝယ် ပေးခြင်း မပြုရန် တို့ ပါဝင်ကြောင်း သိရသည်။
ဆုတောင်း ပွဲတွင် အောက်တိုဘာ (၂၂) ရက်နေ့က မင်းပြား မြို့တွင် ဘင်္ဂါလီ လူမျိုး များက ရိုင်သာ ဘုန်းကြီး ကျောင်းကို မီးရှို့ဖျက်ဆီး စဉ် ငါးဦး သေဆုံးပြီး သုံးဦး ဒဏ်ရာ ရရှိ ခဲ့သည့် အပြင် ပြဿ နာမှာ မြောက်ဦးမြို့ အထိ သို့ပင် ကူးစက်လာခဲ့ပြီး မြောက်ဦးမြို့တွင်ရှိနေသည့် သမိုင်း ဝင် ရှေးဟောင်း စေတီပု ထိုးများ အတွက် အင်မတန်မှ စိုးရိမ်ဖွယ်ရာ အခြေအနေကို ရောက်ရှိ နေသည့် အတွက် နိုင်ငံတော် အစိုး ရနှင့် ပြည်သူ လူထု တစ်ရပ်လုံးမှ ပူးပေါင်း ကာကွယ် ဆောင်ရွက်ရန် လိုအပ် နေပြီဖြစ်ကြောင်း မကွေး ကျောင်း ဆရာတော်က ပြောကြားခဲ့သည်။

“မြောက်ဦး ဒေသထိအောင် ကူးစက်လာပြီ ရှေးဟောင်း အမွေအနှစ် အဖိုး မဖြတ် နိုင်တဲ့ ပစ္စည်း တွေကို မပျက် စီး အောင် ထိမ်းသိမ်းဖို့ လိုအပ်နေပြီ ဒုတိယကမ္ဘာစစ်တုန်း ပုဂံမှာရှိတဲ့ ရှေးဟောင်း အမွေ အနှစ် တွေကို ဘာမှမ လုပ်ကြဘူး။

 အခု အနေ အထားက အင်မတန်မှ စိုးရိမ်ဖို့ ကောင်းပါတယ်”ဟု မကွေးကျောင်း ဆရာတော် ဥူးပါမော က္ခက ဘင်္ဂါလီ လူမျိုးများက ဘုန်းကြီး ကျောင်းများကို မီးရှို့ခဲ့သည့်အပေါ်မိန့်ကြားခဲ့သည်။

မူလက စီတန်း လှည့်လည် မည်ဟု သတင်းများ ထွက်ပေါ် ခဲ့သော်လည်း အဆိုပါ နေ့တွင် မူဆလင် လူမျိုးများ ကလည်း ဆန္ဒထုတ် ဖော်မည်ဟု သတင်းများ ထွက်ပေါ် ခဲ့သည့်အတွက် အစိုးရ တာဝန်ရှိ သူများ အကြပ် အတည်း မဖြစ်စေရန်၊  ယာဉ်ကြောများ ပိတ်ဆို့မှုများ မဖြစ်ပွား စေရန်နှင့် တစ်ဖက်နှင့် တစ်ဖက် ထိပ်တိုက် တွေ့ ပါက မလိုလား အပ်သည့် ပြဿနာများ မဖြစ်ပွား စေရန် အတွက် ဆူးလေ ဘုရား ပေါ်၌ပင် ဆုတောင်း ပွဲပြုလုပ် ကာ ကြေညာချက် ထုတ်ပြန်ခဲ့ခြင်း ဖြစ်ကြောင်း မြန်မာ နိုင်ငံလုံး ဆိုင်ရာ အမျိုးသား လှုပ်ရားမှု ကော်မတီ အဖွဲ့ဝင် ကိုရဲမင်းဦး မှ မီဒီယာများကို ပြောပြခဲ့သည်။
 

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်