Wednesday, October 24, 2012

KIA မှ ဖမ်းသွားသည့် သင်းအုပ်ဆရာအား ငွေ (၁၀) သိန်းဖြင့် ပြန်ရွေးရ

Posted by drmyochit Wednesday, October 24, 2012, under | No comments


KIA မှ ဖမ်းဆီးသွားသော ခွန်ဘန်ယန်ရွာမှ နှစ်ခြင်းအသင်းတော် သင်းအုပ်ဆရာ ဦးထိန်နန်အား ရွာပြန် လွှတ် ပေးရန် ရွာသားများက ကြိုးပမ်းခဲ့ရာ ငွေ (၁၀) သိန်းပေးမှ အာမခံဖြင့် ပြန်လွှတ်ပေးခဲ့ကြောင်း သိရပါ တယ်။ အဆို ပါ သင်းအုပ်ဆရာအား KIA တပ်မဟာ (၂) လက်အောက်ခံ တပ်ရင်း (၁၄) မှ ဗိုလ်ကြီးလဒွဲ ဦးစီး အင်အား (၁၀) ဦးခန့်ဖြင့် အောက်တိုဘာလ (၁၂) ရက် ညနက်ပိုင်းတွင် အစိုးရတပ်အား သတင်း ပေးသူ အဖြစ် စွပ်စွဲ၍ ဖမ်းဆီး သွားခြင်း ဖြစ်ကြောင်း သိရသည်။ ထိုသို့ ဖမ်းဆီးသွားပြီး (၂၁) ရက်အကြာ အောက်တို ဘာလ (၁၄) ရက် နေ့မှ စတင်၍ ရွာလူကြီး ဦးအင်ဂန်ဂျွန်နှင့် (၆) ဦးမှ တပ်ရင်း (၁၄) တည်ရှိ ရာ ထရီဘွမ်သို့ သွားရောက်၍ သင်းအုပ် ဆရာ အား ပြန်ထုတ်ပေးရန် တောင်းဆိုခဲ့ကြောင်း သိရပါတယ်။


ထိုသို့ တောင်းဆိုရာတွင် တပ်ရင်း (၁၄) တပ်ရင်းမှူးဖြစ်သူ ဗိုလ်မှူးကြီး ဇော်တောင်အား ငွေကျပ် (၁၀) သိန်းအား အာမခံကြေးအဖြစ် တောင်းခံခဲ့ရာ ဗိုလ်ကြီး လဒွဲမှတဆင့် ပေးခဲ့ရပြီး ရွာလူကြီးများမှ အစိုးရတပ်အား သတင်းမပေးရန် အသက်ဖြင့်အာမခံ၍ ပြန်ခေါ်လာရခြင်းဖြစ်ပြီး အောက်တိုဘာလ (၁၃) ရက် ညနေပိုင်းတွင် ရွာသို့ ပြန်ရောက်ခဲ့ကြောင်းသိရသည်။ အဆိုပါ တပ်ရင်းမှူးသို့ ပေးရသောငွေအား ရွာသူရွာသားများ မှစုပေါင်းကျခံ၍ ပြန်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

“ ဦးထိန်နန်ကို ဖမ်းသွားကတည်းက (၃) ရက်လောက် ထမင်းမကျွေးဘူး လို့ပြောတယ်။ ဖမ်းထား တာက (၁၀) ရက်လောက်ကြာသွားတော့ လူလည်းတော်တော် ပိန်သွားတယ်။ နဂိုကတည်းကလည်း ကျန်းမာ ရေးသိပ်မ ကောင်းဘူး ဆိုတော့ မျက်နှာတွေခြေထောက်တွေ လက်တွေ ယောင်နေတယ်။ သူ့ကို သံမန် သလင်း အအေး ကြီးပေါ်မှာပဲ အခင်းမပါဘဲထားတော့ ယောင်လာတာ ဖြစ်နိုင်တယ်။ ထိုးတာ ရိုက်တာ နှိပ်စက် တာတော့ မရှိပါ ဘူး ” ဟု ဒေသခံ ခွန်ဆန်ယန်ရွာ သားတစ်ဦးမှ ဆိုသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်