Wednesday, October 24, 2012

စစ်တွေတွင် ရခိုင်ကျောင်းသား သမဂ္ဂမှ ဆန္ဒဖော်ထုတ်

Posted by drmyochit Wednesday, October 24, 2012, under | No comments


အောက်တိုဘာလ ၂၄ရက် ယနေ့ နံနက်ပိုင်းတွင် ရခိုင်ကျောင်းသား သမဂ္ဂမှ ဆန္ဒဖော်ထုတ်ပွဲတစ်ရပ်ကိုပြုလုပ်မည် သတင်းရရှိသည်။ ရခိုင်ကျောင်းသားမဂ္ဂမှ အောက်တိုဘာလ ၁၄ရက်နေ့တွင် ပြုလုပ်ခဲ့သော လူထုတွေ့ဆုံပွဲတွင် အစိုးရထံသို့ တင်ပြတောင်းဆိုခဲ့သော အချက် ၅ချက်အား အကောင် အထည် မဖော်ပေး သည့်အတွက် ဆန္ဒဖော် ထုတ်ရခြင်းဖြစ်ကြောင်း သိရှိရသည်။

ယခုဆန္ဒဖော်ထုတ်ပွဲကို လောကနန္ဒာစေတီတော်တွင် လူစုပြီး တက္ကသိုလ်ပေါင်းစုံမှ ကျောင်းသား၊ ကျောင်းသူ များပူးပေါင်းဝင်ကာ ဆရာတော် ဦးဥတ္တမပန်းခြံသို့ ချီတက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။"အခုကျနော်တို့ လူစုနေပါတယ်၊ ကျောင်းသား၊ ကျောင်းသူ ၅၀၀ကနေ ၁၀၀၀ကြား မှာရောက်ဖို့ ရှိပါတယ်။ ကျနော်တို့ တောင်းဆို ထားတဲ့ အချက်ငါးချက်ကို သမ္မတ ဦးသိန်စိန် အစိုးရအနေနဲ့ အကောင် အထည် မဖော် သေးသရွေ့ ကျနော်တို့ အဆင့်ဆင့် ဆန္ဒပြတောင်းဆိုသွားပါမယ်"ဟု စစ်တွေ တက္ကသိုလ်ကျောင်းသားတစ်ဦးမှ ပြောသည်။

ရခိုင်ကျောင်းသားသမဂ္ဂမှ တောင်းဆိုထားသော အချက် ၅ ချက်မှာ-


၁) ရခိုင်ပြည်နယ်၊ တက္ကသိုလ် အသီးသီး တွင်လို အပ်လျှက် ရှိသော သင်ထောက် ကူပစ္စည်းများ အမြန် ဆုံးဖြည့် ဆည်းပေးရန်။
၂) ယခုဖွင့်လှစ်ရန် စီစဉ်လျှက်ရှိသော တောင်ကုတ်မြို့နယ်၊ ဒေသကောလိပ်အား စီးပွားရေး တက္ကသိုလ် အဖြစ် ပြောင်းလဲဖွင့်လှစ်ပေးရန်။
၃) တက္ကသိုလ်ကျောင်းသား/သူများ စိတ်အေးချမ်းစွာ ပညာသင်ယူဆည်းပူးနိုင်ရန်အတွက် ကျောင်းသွား ရာလမ်း တစ်လျှောက်နှင့် ပတ်ဝန်း ကျင်အနီးတစ်ဝိုက်ရှိ ဘင်္ဂလီကျေးရွာများအား အမြန်ဆုံးဖယ်ရှားပေးရန် (ဘုမေကျေးရွာ၊ ဘုမေလက်သမားကျေးရွာ ခတင်ပိုက်ကျေးရွာ)
၎) တက္ကသိုလ်ကျောင်းအနီးတွင် လုံခြုံစိတ်ချရသော ကျောင်းသား ကျောင်းသူများ နေထိုင်နိုင် မည့်အ ဆောင်များ အမြန်ဆုံးဆောက်လုပ်ပေးရန်နှင့် ပြည်နယ်အစိုးရအနေဖြင့် ဈေးနှုန်းသက်သာသောကျောင်းဖယ်ရီ ကားများကို ဆောက်ရွက်ပေးရန်။
၅) တရားမ၀င် ၀င်ရောက်နယ်မြေလုလာသော အကြမ်းဖက်ဘင်္ဂလီ ကုလားများနှင့် အတူ တကွ ပညာသင် ကြားခြင်းမှ ရပ်တန့်ပေးရန် တို့ဖြစ်သည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်