Wednesday, October 24, 2012

ပန်းမြောင်းရွာသား ရခိုင်နှစ်ဦးအား စစ်တပ်က ပစ်ခတ်သတ်ဖြတ်

Posted by drmyochit Wednesday, October 24, 2012, under | 1 comment


ဘင်္ဂါလီများ ဆူပူမှုဖြစ်ပွား နေသည့် ရခိုင်ပြည်နယ် မင်းပြားမြို့နယ် ပန်းမြောင်း ရွာသားနှစ်ဦးကို စစ်တပ်က ပစ်သတ် သောကြောင့် သေဆုံးသွားသည် ဟုစစ်တွေ ရခိုင်ပြည်နယ် ပြည်သူ့လွှတ်တော် အမတ် ဦးအောင်မြကျော်က ဆိုသည်။

မနေ့က ညနေ ၃ နာရီ ခန့်တွင် ပန်းမြောင်း ရွာသားများ မိမိရွာသို့ ပြန်အလာတွင် ခလရ (၃၇၃) မှ စစ်သည် များက ကျေးရွာသားများအား မေးမြန်းမူ တစ်စုံတရာ မလုပ်ဘဲ သေနတ်ဖြင့် အချက်ပေါင်း များစွာပစ် လိုက်သောကြောင့် လူအုပ်တွင် နောက်ဆုံးဖြစ်နေသော လူငယ်နှစ်ဦးအား အခင်းဖြစ်နေရာတွင်ပင် သေဆုံးကျန် ရစ်ခဲ့ပါသည် ဟု ဦးအောင်မြကျော်က ၄င်း၏ Facebook စာမျက်နှာတွင် ရေးသား ထား သည်။

ရွာလူကြီးများက အလောင်းကို တောင်းသောကြောင့် မနေ့က ည ရှစ်နာရီလောက်တွင် ခလရ (၃၇၃) မှ ထုတ်ပေးရာ အလောင်းမှာ ပန်းမြောင်းကျေးရွာသို့ ရောက်ရှိနေပြီ ဟု ဆိုသည်။ တစ်လောင်းတွင် သေနတ် ဒဏ်ရာ ၃ ချက် နှင့် နောက်တစ်လောင်းတွင် သေနတ် ဒဏ်ရာ ၅ ချက်ဖြင့် အသီးသီး သေဆုံးနေ သည်ဟု သိရှိရ ပါသည်။


သေဆုံးသူများမှာ အောက်ပါအတိုင်းဖြစ်ပါသည်။

၁။ မောင်အောင်မြင့် အသက် (၂၈)နှစ် ပန်းမြောင်းကျေးရွာ

၂။ မောင်စိုးစိုး အသက် (၂၇) နှစ် ပန်းမြောင်းကျေးရွာ



 Coral Arakan News

1 comments:

အဲဒါမြန်မာ့တပ်မတော်ကွ၊ မှတ်ထားသေနပ်ဆိုတာဘယ်တော့မှမိုးပေါ်ထောင်မဖောက်ဖူးတဲ့
မြန်မာ့တပ်မတော်ခေါင်းဆောင်ကောင်းတစ်ဦးပြောသွားတဲ့စကားတစ်ခွန်းရှိတယ်
အဲဒါမြဲမြဲမှတ်ထား အစ်စလာမ်မစ်နိုင်ငံတော်ဖြစ်မြောက်ရေးအတွက်ကူညီဆောင်ရွက်ပေးလျက်
ရှိသောမြန်မာ့တပ်မတော်တပ်ရင်းခလရ(373)အားကျွန်ုပ်တို့မှမှတ်တမ်းတင်ဂုဏ်ပြုအပ်ပါ သည်။

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်