Wednesday, October 24, 2012

ကျောက်ဖြူမြို့ရှိ အနောက်ပိုင်းဗလီတွင် မီးလောင်မှုဖြစ် မီးရှို့သူ ဘင်္ဂလီအား ညတွင်းချင်း ဖမ်းဆီးရရှိနိုင်ခဲ့

Posted by drmyochit Wednesday, October 24, 2012, under | No comments


ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့ အနောက်ပိုင်း ဗလီတွင် အောက်တိုဘာလ ၂၂ ရက်နေ့ ည ၈ နာရီခန့်တွင် မီးလောင်မှုတစ်ခု ဖြစ်ပွားခဲ့ ကြောင်းသိရသည်။ ဖြစ်စဉ်မှာ အဆိုပါနေ့ ၈ နာရီခန့်တွင် ဆားပြင် ကွင်းရပ် ကွက်နှင့် ကုလားပိုက်ဆိပ် ရပ်ကွက်တို့ နှင့် ထိစပ်နေသည့် ရခိုင်တိုင်းရင်းသား နေအိမ်များမှ အမျိုး သမီးများနှင့် ကလေးငယ်များ အပါဝင် အိမ်ထောင်စု ၅၀ ခန့်က မိမိနေအိမ်များ စွန့်ခွာလာကြောင်း သတင်း တစ်ခု ထွက်ပေါ်လာခဲ့ရာ လုံခြုံရေးတပ်ဖွဲ့မှ သွားရောက်စစ်ဆေးနေချိန်အတွင်း အနောက်ပိုင်း ရပ်ကွက် နဂါးကျောင်း ပရိယတ္တိ စာသင်တိုက် ဘုန်းတော်ကြီး ကျောင်းရှေ့ ဦးဥတ္တမလမ်းနှင့် မီးစက်လမ်း ထောင့်ရှိ ဗလီတွင် မီးလောင်ကျွမ်းမှု ဖြစ်ပွား ခဲ့ကြောင်းသိရှိရသည်။

ဗလီနှင့် ထိစပ်နေသည့် အိမ်နီးချင်းများမှ မီးသတ်ဌာနသို့ ဖုန်းဆက်သွယ် သတင်းပေးပို့ခြင်းကြောင်း မီးသတ်တပ်ဖွဲ့ဝင်များမှ အချိန်မှီရောက်ရှိ လာ သည့်အတွက် ၉-နာရီ ၅၀-မိနစ်အချိန်တွင် မီး ငြိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။


အဆိုပါ မီးသည် ရှို့မီဖြစ်ကြောင်းနှင့် သက်ဆိုင်ရာရဲစခန်းမှ မီးရှို့သူ ဘင်္ဂလီ အား ည တွင်းချင်း ဖမ်းဆီး နိုင်ခဲ့ ကြောင်း ကျောက်ဖြူမြို့မှ ရဲတပ်ဖွဲ့ဝင်တစ် ဦး ကပြောကြားခဲ့ပါသည်။။။။။။။။။။
  
 

 Rakhine Straight Views



မြောက်ဦးမြို့နယ်အတွင်း ပဋိပက္ခ ယခုချိန်ထိ တည်ငြိမ်မှုမရှိသေး သေဆုံးမှုများရှိနေ

ယနေ့သိရသော နောက်ဆုံးသတင်းများအရ မြောက်ဦးမြို့နယ်တွင် ဘင်္ဂလီတို့လက်ချက်ကြောင့် မီးလောင် မှုအနည်းဆုံး (၂)နေရာခန့် ဖြစ်ပွားလျှက်ရှိနေကြောင်း သတင်းရရှိသည်။ မီးလောင်မှု ဖြစ်ပွားနေသော နေရာများမှာ ယိုင်သည်ရွာနှင့် သံလွင်ရွာတို့ဖြစ်ပြီး ခလရ(၅၄၀)မှ စစ်ဖက်ဆိုင်ရာလုံခြုံရေး အင်အား(၁၅) ယောက်စီခန့် ရောက်ရှိနေကြောင်း သိရှိရသည်။
အခင်းဖြစ်ပွားရာနေရာတွင် စစ်တပ်မှ ပစ်ခတ်နှိမ်နှင်းမှုတစ်ချို့ရှိခဲ့ရာ (၂)ဦးဒဏ်ရာရရှိပြီး၊ (၂)ဦး သေဆုံး သွားပြီဖြစ် ကြောင်း သိရှိရသည်။ သေဆုံးသူများမှာ ကိုဖြူမောင်ထွီး အသက်-၃၈၊ ဘ-ဦးတောလူချေ ဆင်ယိုင် ကျေးရွာနှင့် မောင်ခိုင်ဦး အသက်-၃၄၊ ဘ-ဦးမောင်သိန်း ဆင်ဖြူတော်ကျေးရွာတို့ဖြစ်ပြီး ဒဏ်ရာ ရသူ (၂)ဦးကို မင်းပြားဆေးရုံသို့ ပို့ဆောင်ထားရကြောင်း သိရှိရသည်။ 
"မြောက်ဦးတစ်မြို့လုံး အပြောင်းအပြန် ပြးလွှားနေကြတယ်၊ ရခိုင်အိမ်နားက ဘင်္ဂလီတွေက ကိုယ်အိမ်ကို မီးရှို့ပြီး ထွက်ပြေးကြတယ်၊ လုံခြုံရေးက အလွန်နည်းနေတယ်၊" လို့ ရခိုင် တိုင်းရင်း သားများ တိုးတက်ရေး ပါတီ (မြောက်ဦး) မှ ဦးအေးသန်းမောင်က အာရ်ကန်တိုင်းမ်းသို့ ပြောကြားသည်။
မနေ့ကဖြစ်ခဲ့တဲ့ ပရိန်ရွာအကြမ်းဖက်မှုတွင် အနည်းဆုံး ရခိုင်(၅)ဦး သေဆုံးခဲ့ကြောင်း၊ မြောက်ဦးသို့ ရောက်ရှိနေ သည့် ရခိုင်ပြည်နယ် စက်မှု/လျှပ်စစ်ဝန်ကြီး ဦးသာလူချေက အတည်ပြု ပြောကြား သွားခဲ့သည်။ ပရိန်ကျေးရွာတွင် ရခိုင်အိမ်ခြေ(၃၀)ခန့်သာရှိပြီး ဘင်္ဂလီအိမ်ခြေ (၅၀၀)ကျော်ရှိသည်။ သေဆုံး သူထဲမှ အောင်မိုး အသက်(၃၀) (ဘီလူးကန်ရှေ့၊ မြောက်ဦးမြို့) ဆိုသူအလောင်းကိုသာ ပြန်လည် ရရှိထားပြီး ကျန်အလောင်းများမှာ ဘင်္ဂလီများ လက်ထဲတွင် ရှိနေသေးသည်။ ဒဏ်ရာ ရရှိသူ (၇)ဦး ထဲမှ (၄)ဦးမှာ စစ်တွေပြည်သူ့ဆေးရုံကြီးတွင် အတွင်းလူနာအဖြစ် ကုသမှုခံယူနေရသည်။

RNDP(မြောက်ဦး)မှ ဦးအေးသန်းမောင်က "ဘင်္ဂလီရွာနားက ရခိုင်ရွာတွေ တော်တော်ခံရဆိုးတယ်၊ ပြသာနာမဖြစ်ခင်တည်းက ဘင်္ဂလီတွေဟာ ညဖက်ဆိုအုပ်စုဖွဲ့ပြီး နွားတွေခိုးတယ်၊ စပါးတွေခိုးတယ်။ ဟင်း ခင်း(ယာခင်း) များကို ဖျက်ဆီး ကြတယ်၊ အိမ်ခြေနည်းတဲ့ ရခိုင်ရွာတွေကို ညဖက်သွားရောက်ပြီးတော့ ရန်စ ကြတယ်။ ဖားအော် တာဘဲ သိကြတယ်၊ မြွေကိုက်တာမသိကြဘူး" ဟု ပြဿနာအရင်းခံကို အာရ်ကန် တိုင်းမ်စ်သို့ ပြောကြားသွားခဲ့သည်။
လက်ရှိနေရပ် အိုးအိမ်စွန့်ပစ်ပြီး ထွက်ပြေးလာသော ရခိုင်များမှာ မိမိဆွေမျိုး၊ အသိမိတ်ဆွေနေအိမ်များ တွင် ခိုလုံနေကြရပြီး မြောက်ဦးမြို့ပေါ်တစ်ခုတည်းတွင် ဒုက္ခသည်တစ်ထောင်ကျော်သွားပြီဖြစ်ကြောင်း သတင်း ရရှိသည်။



Arakan Times သတင်းဌာန

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်