ရှမ်းပြည်
အရှေ့ပိုင်း တာချီလိတ် မြို့နယ်အတွင်း ကျပ်ငွေ သန်းပေါင်း သုံးထောင် ကျော် တန်ဖိုးရှိ
ဘိန်းဖြူ ဘလောက်တုံး (၂၄၇) တုံးအား အောက်တိုဘာလ ၂၀ ရက်နေ့ ညနေပိုင်းတွင် အာဏာပိုင်များက ဖမ်းဆီး မိခဲ့ကြောင်း သိရသည်။တာချီလိတ်မြို့မှ
မိုင်းဆတ်မြို့သို့အထွက် လွယ်တော်ခမ်း ကျေးရွာအုပ်စု ဖက်ဟိအထက်ရွာ အနီးတွင် ဖဖ်းမိခဲ့ခြင်း
ဖြစ်ကြောင်း ကိုလည်း သိရသည်။ ဖမ်းဆီးရမိသည့် ဘိန်းဖြူ ဘလောက်တုံး (၂၄၇)တုံးမှာ
အလေး ချိန်ဟာ ၈၂ ဒသမ ၃၃၃ ဂရမ် ရှိပြီး ဘလောက်တုံး တစ်တုံးလျှင် ကာလပေါက်ဈေး ကျပ်ငွေ
သိန်း (၁၅၀) တန်ဖိုးရှိကြောင်းကိုလည်း ဒေသခံ များထံက သိရသည်။
“ကားပေါ်မှာ မိတာက ၂၄၇ တုံး မိတယ်၊ ဘလောက်တုံးတွေကို သွားပို့တဲ့အချိန်မှာ လက်မလွဲခင် မိသွား တာ၊ သူတို့ကလည်း ဘယ်လိုမှ ပြောလို့ မရသေးဘူး ကားပိုင်ရှင်လည်း မသိရသေးဘူး ဆိုတော့ ဒီပစ္စည်း က ဘယ်သူ ယူလာတယ် ဘယ်သူ့ပစ္စည်း ဆိုတာ အခု ဘလောက်တုံးပဲ၊ တွေ့သေးတာဆိုတော့ သူတို့ က ထုတ်မ ပြောသေးဘူး။”ဟု အာဏာပိုင်နှင့် နီးစပ်သူတစ်ဦးက ပြောသည်။ အထက်ပါ ကိစ္စနှင့် ပတ် သက်၍ တာချီလိတ် မြို့နယ် ရဲစခန်းသို့ ဆက်သွယ်မေးမြန်းရာတွင် မူးယစ်ဆေးဝါး ဖဖ်းဆီး ရမိ ခြင်းမှာ ဟုတ်မှန်ကြောင်း အတည်ပြုပြောကြားခဲ့သည်။
မူးယစ်ဆေးသယ်ဆောင်လာသောယာဉ်မှာ
နံပါတ် ၄ဂ/၅၃၁၃ Tiger ဖြစ်ပြီး မူးယစ်ဆေး သယ်ဆောင် လာသူနှင့် ဦးဆောင်သူ ပိုင်းကိုတော့
သိရှိနိုင်ရန် စုံစမ်းဆဲ ဖြစ်ကြောင်း ကိုလည်း သိရသည်။
မြစ်မခမီဒီယာ
Time in Rangoon


0 comments:
Post a Comment