Wednesday, October 24, 2012

ပုသိမ်မှ ဒီချုပ်အဖွဲ့ဝင်(၅၀၀)ကျော် နှုတ်ထွက်မည်

Posted by drmyochit Wednesday, October 24, 2012, under | No comments



ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့နယ်မှ ဒီချုပ်ပါတီအဖွဲ့ဝင်(၅၀၀)၀န်းကျင်မှာ ပါတီအတွင်း တရား မျှတမှု မရှိသည်ဟု ယူဆ၍ လာမည့် အောက်တို ဘာ(၂၇)ရက်နေ့၌ ပါတီမှ နှုတ်ထွက် ကာလူမှုရေး လုပ်ငန်းများ ကိုသာ လုပ်ကိုင် သွားရန် စီစဉ် ထားကြောင်း အဆိုပါ ပါတီ ၀င်များ ထံက သိရှိရသည်။


“တရားမျှတမှုမရှိတာတွေ အမြဲကြုံနေရတယ်။ ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် လူ ရွေးချယ်တဲ့ အခါမှာ လည်း ဟိုးအရင် ကတည်းက အသက်ပေးပြီးလုပ်နေတဲ့ ပါတီဝင်တွေမပါဘဲ ဗဟို ဦးစီးနဲ့ နီးစပ်ရာ လူတွေ ကိုပဲ အောင်နိုင် ရေးအဖွဲ့ဝင်အဖြစ်ခန့် တာတွေရှိတယ်။
 အမှန်ဆိုရင် တရားမျှမျှတတ ရွေးချယ်ရမယ်” ဟု ပုသိမ်မြို့နယ် ဒီချုပ်ပါတီ အောင်နိုင်ရေးအဖွဲ့ဝင် ဦးမြင့်စိုး ကပြောသည်။အဆိုပါ ပြဿနာများနှင့်ပတ်သက်၍ အောက်တိုဘာ(၂၀)ရက်နေ့တွင် ဒီချုပ်ပါတီ နာ.ယ.က ဦးတင်ဦးသည် ပုသိမ်မြို့သို့ သွားရောက် ဖြေရှင်းညှိနှိုင်းပေးခဲ့သော်လည်း အဆင်ပြေမှုမရှိဘဲ ပါတီဆိုင်းဘုတ်ဖြုတ်ကာ ရုံးခန်းကို ပိတ်ခိုင်းစေခဲ့သည်ဟု ၄င်းက ဆက်ပြောသည်။
“ ပြဿနာက ညှိ့နှိုင်းလို့အဆင်မပြေခဲ့ဘူး ဘဘဦးတင်ဦးက ဆိုင်းဘုတ်ဖြုတ်ပြီး အလံကို တိုင်းညီ လာခံ ကော်မ ရှင် ဥက္ကဌကို ပြန်အပ်ခိုင်းပြီး ရုံးခန်းပိတ်ခိုင်းတယ်။ အဲ့တော့ အဖွဲ့ဝင်တွေအကုန်လုံးကလဲ အဲ့ပါ တီက နှုတ်ထွက်ဖို့ ဆန္ဒရှိကြတယ်။ ကျွန်တော်လည်း နှုတ်ထွက်မှာပါ” ဟု မြို့နယ်အောင်နိုင်ရေးအဖွဲ့ဝင် ဦးညွှန့်လှိုင် ကပြောသည်။

 အန်အယ်လ်ဒီပါတီရုံးခန်းကို တိုင်းနှင့်ပြည်နယ်များတွင် ဖွင့်လှစ်ထားသော်လည်း ပါတီအတွင်း မပြေ လည်ခြင်းများ၊ ပါတီဝင် များမှ နှုတ်ထွက်ခြင်းများသည် မကြာခဏဖြစ်ပေါ်လျက်ရှိပြီး ရန်ကုန်တိုင်း တွင် တော့ပြဿနာ နည်းပါးလျက် ရှိသည်ဟု ဒီချုပ် ပါတီနာ.ယ.က ဦးတင်ဦးက ဗဟို-တိုင်း-ခရိုင်-မြို့နယ် ညီလာခံ ကျင်းပရေး ကော်မရှင်များတွေ့ဆုံပွဲ၌ ပြောကြားခဲ့သည်။

 “အခု တိုင်းနဲ့ပြည်နယ်တွေ တော်တော်များများ ပါတီအတွင်း မပြေလည်တာတွေ ပြသာနာတွေ အများကြီး တွေ့ရတယ်။ ဒါပေမဲ့ ရန်ကုန်တိုင်းအတွင်းမှာတော့ ဖြေရှင်းရခက်တဲ့ ပြသာနာ အဖြစ်နည်း တယ်။ “ ဟု ဦးတင်ဦးက ပြောသည်။

ဧရာဝတီ တိုင်းဒေ သကြီးတွင်  မြို့နယ်(၂၆)ခုရှိပြီး ပုသိမ်မြို့နယ်တွင် ရုံးခန်းကို ထပ်မံဖွင့်လှစ်ပြီးမှသာ မြို့နယ် ညီလာ ခံကို ဆက်လက် ကျင်းပနိုင် မည်ဖြစ်သည်ဟု ဒီချုပ်ပါတီအဖွဲ့ဝင်များထံမှ သိရှိရသည်။ အန်အယ်လ်ဒီ ပါတီ၏ ဗဟို-တိုင်း-ခရိုင်-မြို့နယ်ညီလာခံကို လာမည့်ဒီဇင်ဘာလအတွင်းတွင် အပြီးကျင်း ပနိုင်ရန် ဗဟိုဌာနရုံးမှ ကြိုးစားစီစဉ်လျက်ရှိကြောင်း ညီလာခံကျင်းပရေးကော်မရှင်တွေ့ဆုံပွဲ၌ နာ.ယ.က ဦးတင်ဦး၏ ပြောကြားချက်အရ သိရှိရသည်။

မြစ်မခမီဒီယာ 

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်