Wednesday, October 24, 2012

ဒုက္ခသည်များ ကူညီထောက်ပံ့ရေးကော်မတီ (ထိုင်းနိုင်ငံ)မှ တတိယအကြိမ်မြောက် ရခိုင်ပြည်ဒုက္ခ သည် များ အတွက် သိန်း(၂၀) လှူ

Posted by drmyochit Wednesday, October 24, 2012, under | No comments



ရခိုင် ပြည်တွင်း တွင်ဇွန် လက ဖြစ်ပေါ် ခဲ့သောဆူပူအကြမ်းဖက်မှုကြောင့် ရခိုင်ပြည်တွင်း ရှိဒေသ ခံပြည် သူများ မှာလက်ရှိ အခြေ အနေ ထိဒုက္ခ ရောက် လျှက်ရှိ ရာအဆိုပါ အခက် အခဲများ အား ကူညီဖြေရှင်း ပေးနိုင်ရန် ရခိုင်ပြည် ဘေးရန်သင့် ဒုက္ခသည်များ ကူညီ ထောက်ပံ့ရေး ကော်မတီ (ထိုင်းနိုင်ငံ)မှ တတိယ အကြိမ် အနေဖြင့် မြန်မာ ကျပ်ငွေ သိန်(၂၀)(ထိုင်းဘတ်ငွေအဖြစ် (၇၄၂၀၀) အား လှူဒါန်ခဲ့သည်။

အဆိုပါ သိန်း(၂၀) မှ မေယု ဒေသ အထူး ကော်မတီ အား(၁၀) သိန်း၊ ရခိုင် ရဟန်းတော် များ သမဂ္ဂအား (၅)သိန်း၊ ရက္ခအလင်းတန်းအဖွဲ့အား (၅) သိန်းအားရခိုင်ပြည်တွင် ဒုက္ခသည်များ အားကူညီ ကယ်ဆယ် နိုင်ရန် ပံ့ပိုး လှူဒါန်းပေးခဲ့ခြင်းဖြစ်သည်။
ရခိုင်ပြည်ဘေးရန်သင့် ဒုက္ခသည်များကူညီထောက်ပံ့ရေးကော်မတီ (ထိုင်းနိုင်ငံ) ပေါ်ပေါက်လာရခြင်းနှင့် ပတ်သက်၍ ကော်မတီ၏ လုပ်ငန်းများကို အဓိကတာဝန် ယူလုပ်ကိုင်နေသော ဦးရေ၀တမှ (M.A Buddhist Studies, second year - မဟာ ချုလာတက္ကသိုလ်) အခုလိုပြောပြသည်။
“ကော်မတီပေါ်ပေါက်လာဖို့အတွက် ဦးဇင်းတို့ အများကြီး ကြိုးစားခဲ့ရတယ်၊ ကိုယ်တော်တို့ မှာလည်း ပညာရေး တဘက်၊ သံဃာတွေဖြစ်တော့ လူ့တွေကြားထဲ မှာဝင်လုပ်ရတာ အဆင်ပြေ ပါ့မလား ဆိုပြီး စိုးရိမ် စိတ်ရှိခဲ့ကြတယ်၊ အမျိုးသားရေးအတွက် အရေးကြီးနေတဲ့ အချိန်ကာလမှာဒါတွေ စဉ်းစား နေလို့မ ရဘူး၊ အဆင်ပြေတဲ့ အခြေ အနေ တစ်ခုကို ဖန်တီးနိုင်အောင် ကြိုးစား ရမယ်လို့ ဆုံးဖြတ် ခဲ့ကြ တယ်၊ ဦးဇင်းနှင့် ဦးဇင်းရဲ့ သူငယ်ချင်း ဦးခေမာနန္ဒ တို့အဓိက ဦးဆောင်ပြီး ထိုင်းနိုင်ငံ တနံတလျှား မှာရှိကြတဲ့ ရခိုင်အဖွဲ့ အစည်းအတွေနဲ့တိုင်ပင် စည်းရုံးပြီးဇွန်လ ၁၂ ရက်နေ့ ဘန်ကောက်မှာကော်မတီကို ဖြစ်အောင် ဖွဲ့စည်းခဲ့တာဖြစ်တယ်၊”ဟုသူကပြောသည်။

ကော်မတီအား ပွင့်လင်း မြင်သာ မှုစနစ်ဖြင့် ဖွဲ့စည်း ထားခြင်း ဖြစ်ရာ အခက် အခဲမရှိ လုပ်ဆောင် နိုင်ခဲ့ခြင်း ဖြစ်ပြီး လက်ရှိ ကော်မတီအား အခြေခံကာ ထိုင်းနိုင်ငံရောက် ရခိုင်တစ်မျိုး သားလုံး ကိုယ်စားပြု သည့် ရခိုင်အမျိုးသားအဖွဲ့စည်းကြီးတစ်ခုဖွဲ့စည်းနိုင်ရန် ကြိုးစားနေကြကြောင်း ဦးရေ၀တက ဆက်ပြောသည်။

ကော်မတီသည် ပထမအကြိမ်အဖြစ် ဇူလိုင်လ ၁ရက်နေ့က ၅၂၉၁၀၀၀သိန်း ( ၅၂ သိန်း ၉ သောင်း) ၊ ၂၂ ရက်နေ့က ၁၀၈၈၀၀၀၀သိန်း ( ၁၀၈ သိန်း ၈ သောင်း) အား ရခိုင် တိုင်းရင်း သားများ တိုးတက်ရေး ပါတီမှ တဆင့် ရခိုင်ပြည်တွင် ဒုက္ခသည် များအား ကူညီပံ့ပိုး၊ လှူဒါန်း ခဲ့သည်ဟု သတင်း ရရှိသည်။
ven.revata

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်