Wednesday, October 24, 2012

ယခုကျောက်ဖြူ ဘင်္ဂါလီဆူပူမှု ရခိုင်နှစ်ဒါဇင်ကျော် ဒဏ်ရာရ၊ ပိုက်ဆိပ်ရပ် မီးလောင်ဆဲ

Posted by drmyochit Wednesday, October 24, 2012, under | No comments



ကျောက်ဖြူမြို့ ပိုက်ဆိပ်ရပ်မှ ဘင်္ဂါလီလူမျိုးများ နှင့် ကျောက်ဖြူမြို့နေ ရခိုင်လူမျိုးများ ယနေ့ ညနေ ခုနစ် နာရီကျော်ကျော် ခန့်တွင် စတင် ပဋိပက္ခ ဖြစ်ပွားပြီးနောက် ပိုက်ဆိပ် အရပ်တွင် မီး စတင်လောင်ကျွမ်းခဲ့ရာ၊ ယခု ည ဆယ်နာရီခွဲအထိ လောင်ကျွမ်းလျက် ရှိနေဆဲ ဖြစ်သည်ဟု ကျောက်ဖြူမြို့ခံတစ်ယောက်က Coral Arakan အားပြောကြားသည်။

ဘင်္ဂါလီများဘက်က ဂျင်ဂလိများဖြင့်ပစ်ခတ်ခြင်း မီးကွင်းများပစ်ခြင်းပြုခဲ့ရာ၊ ယခု ဆယ်နာရီခွဲခန့်တွင် ဂျင်ဂလိ ဒဏ်ရာဖြင့် ကျောက်ဖြူဆေးရုံသို့ လာရောက်ကုသရသူ အယောက် သုံးဆယ်ခန့်ရှိပြီ ဟု ကျောက်ဖြူမြို့ခံ ကိုအောင်စိုး သိန်းက Coral Arakan အားပြောကြားသည်။


“ကျွန်တော်တောင် ဂျင်ဂလိထိပြီး ဒဏ်ရာရသွားတဲ့လူတစ်ယောက်ကို ဆေးရုံပို့ခဲ့သေး တယ်။ ကျွန်တော် သွားပို့တဲ့ အချိန်မှာ ဂျင်ဂလိထိလို့ရောက်လာတဲ့ လူနာက သုံးယောက်ပဲ ရှိသေးတယ်။ အခုက အယောက် သုံးဆယ်လောက်တောင် ဖြစ်နေပြီလို့ ပြောသံကြားတယ်” ဟု ကိုအောင်စိုးသိန်းက ဆိုသည်။ ဂျင်ဂလိ ထိခံရသော လူနာများ ထဲတွင် စစ်တပ်မှ ဗိုလ်ကြီး တစ်ယောက်နှင့် မီးသတ်ရန် ကြိုးစားနေသည့် မီးသတ်ရဲဘော်တစ်ဦး တို့ပါဝင် သည်ဟု ၄င်းက ပြောကြားသည်။


ဖေ့စ်ဘွတ် အသုံးပြုသူတစ်ဦးက ကျောက်ဖြူဒေသခံတစ်ဦးအား ဖုန်းဖြင့်ဆက်သွယ် မေးမြန်းရာတွင်၊ ယခု လက်ရှိ မီးလောင် ကျွမ်းနေသော အပိုင်းများမှာ အရှေ့ပိုင်း၊ ပိုက်ဆိပ်ရပ်ကွက် နှင့် ဆားပြင်ကွင်းရပ်ကွက် တို့ ဖြစ်သည် ဟု ဆိုသည်။


ထို့အပြင် ကုလား (ဘင်္ဂါလီ)များ ၈နာရီဝန်းကျင်လောက်တွင် မီးကွင်းများစပစ်ခဲ့သည် ဟု ဆိုသည်။ ၄င်း ဘင်္ဂါလီ များသုံးသော မီးကွင်းတွင် သံလိုက်ပါသည် ဟု ဆိုသည်။ မီးလောင်ကျွမ်းခံခဲ့ရသော အိမ်များ အနက် တိုင်းရင်း သားပိုင် အိမ် ခြောက်ဆောင် ပါဝင်သွားသည် ဟု သိရသည်။
ဘင်္ဂါလီများ ဘက်မှ ထိခိုက်ဒဏ်ရာရသူ အရေအတွက်ကိုမူ မသိရပေ။ စစ်တပ် နှင့် ရဲ က အခင်းဖြစ်နေ ရာကို ၀န်းရံပိတ် ဆို့ထားသောကြောင့် ယခုအချိန်တွင် နောက်ထပ် လူများ ၀င်လာနိုင်ခြင်းမရှိတော့ပေ။
ယခု ပိုက်ဆိပ်ရွာကို အခြေခံကာ တိုက်ခိုက်နေကြသော ဘင်္ဂါလီအင်အားမှာ ငါးထောင် မျှ ရှိနိုင်သည်ဟု တချို့က ခန့်မှန်းကြသည်။


(သောင်းကြွယ် ရေးသားသည်)
Coral Arakan  News 

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်